ချစ်ခြင်းမေတ္တာဆိုရာမှာ ၅၂၈ ရော ၁၅၀၀ ဆိုပြီး ၂ မျိုး ၂ စားရှိပါတယ်။ ဒီလို ချစ်ခြင်းတွေမှာ ၅၂၈ က မပူလောင်ပေမယ့် ၁၅၀၀ ချစ်ခြင်းကတော့ ပူလောင်မှုတွေကို ဖြစ်စေနိုင်ပါတယ်တဲ့။ ၁၅၀၀ ဆိုတဲ့ ချစ်ခြင်းက သူစိမ်း ၂ ဦးကြားမှာ ဖြစ်တဲ့ ချစ်ခြင်းပေါ့။ ဒီချစ်ခြင်းတွေက ချစ်နေစဉ်မှာ ချိုမြိန်ကြပေမယ့် အချို့သော အခြေအနေတွေမှာ ခါးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ တူးတူးခါးခါး ချစ်ခြင်းများ မဖြစ်စေဖို့ သတိထားသင့်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
ချစ်ကြတဲ့ သူနှစ်ဦးကြားက ချစ်ခြင်းတွေက အမြဲချိုမြိန်နေတာမျိုးတော့ မဟုတ်ဘူးပေါ့။ နားလည်မှုကြောင့်သာ ချိုမြိန်နေတာပါ နှစ်ဦးကြားမှာ နားလည်မှု မရှိဘူးဆိုရင်တော့ ချစ်ခြင်းများက ခါးသွားနိုင်ပါတယ်။ ကဲ …. ချစ်ခြင်းတွေ မခါးစေဖို့ လိုက်နာရမယ့် အချက်လေးတွေကို လေ့လာလိုက်ရအောင်နော်။
တူးတူးခါးခါး ချစ်ခြင်းများ မဖြစ်စေဖို့
တူးတူးခါးခါး ချစ်ခြင်းများ မဖြစ်စေဖို့ ဆိုရင်တော့
- လက်တွဲဖော်ကို အချိန်ပေးလိုက်ပါ
ယနေ့ခေတ်မှာ နေထိုင်မှုပုံစံကြောင့် ချစ်သူတွေအကြားမှာ တစ်ဦးနဲ့ တစ်ဦး အချိန်ပေးနိုင်တာ နည်းလာပါတယ်။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် အချိန် မပေးနိုင်တာက ချစ်သူတွေကြားမှာ မကြာခဏ စကားတွေ များစေပြီး ဆက်ဆံရေးတွေ ပျက်ယွင်းလာရတာပါ။
ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များများ ချစ်သူတွေ အနေနဲ့ တစ်ဦးနဲ့ တစ်ဦး အချိန်ပေးပါ။ ခရီးအတူတူ သွားတာမျိုး၊ အကြိုက်ဆုံးနေရာ တစ်ခုခုကို အတူတူ သွားတာမျိုး၊ ညစာ အတူစားတာမျိုး၊ အေးဆေး စကားထိုင်ပြောတာမျိုးတွေ လုပ်ပေးပြီး လက်တွဲဖော်ကို အချိန်ပေးလိုက်ပါ။
- အံ့အားသင့်စရာ လက်ဆောင်ပေးပါ
လက်တွဲဖော်ကို ထင်မှတ်မထားတဲ့ အံ့အားသင့်စရာ လက်ဆောင်လေးကို ပေးတာကလည်း ချစ်သူနှစ်ဦးကြားမှာ ချစ်ခြင်းတွေ တိုးစေနိုင်ပါတယ်။ ဒါကလည်း ချစ်ခြင်းကို တိုးစေနိုင်တဲ့ အရာပါ။ နှစ်သက်တဲ့ လက်ဆောင်လေးတွေကို အံ့အားသင့်အောင် လက်ဆောင်ပေးရင်း ပျော်စရာ အခိုက်အတန့်လေးတွေကို ဖန်တီးလိုက်ပါ။ အံ့အားသင့်ဖွယ် လက်ဆောင်လေးတွေက သူ့အပေါ်ထားတဲ့ ကိုယ့်ခံစားချက်တွေကို အကောင်းဆုံး ဖော်ပြပေးနိုင်မယ့် အရာတစ်ခုပါ။
- အရေးပါတဲ့သူလို့ ခံစားရအောင် ဆက်ဆံပေးပါ
လက်တွဲဖော်တွေ အနေနဲ့ တစ်ဦးနဲ့ တစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ရပ် ဖန်တီးချင်တယ်ဆိုရင် တစ်ဦးကို တစ်ဦး အရေးထားဖို့လည်း လိုပါမယ်။ သူက ကိုယ်အတွက် အရေးပါဆုံးသူဆိုတာကို သိရှိနိုင်စေဖို့ ဂရုစိုက်ပေးတာ၊ ပွေ့ဖက်တာ၊ ပျော်ရွှင်အောင် လုပ်ပေးတဲ့ နည်းလမ်းတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပေးပါ။ စိတ်ဆိုးနေချိန်မှာတောင် ခံစားချက်တွေကို နားထောင်ပေး ရှင်းပြပေးတာမျိုးတွေ လုပ်ပေးပြီး ကိုယ့်အတွက် သူက အရေးပါကြောင်း ဖော်ပြပေးလို့ ရပါတယ်။
- ကိုယ်ပိုင်အချိန်လေး ပေးပါ
ဆက်ဆံရေး တစ်ခုမှာ အရေးအကြီးဆုံးက ယုံကြည်မှုပါ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်ပေးရင်း ကိုယ်ပိုင် အချိန်လေးတွေ ထားရှိပေးတာကလည်း ချစ်ခြင်းမေတ္တာကို ပြသရာရောက်ပါတယ်။ ချစ်သူနှစ်ဦး ဘယ်လောက်ပဲ ချစ်တယ်ဆိုဆို တစ်ယောက်ချင်းစီမှာ မိမိနှစ်သက်ရာကို လုပ်ဆောင်ဖို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဆောင်ရွက်ဖို့နဲ့ ဝါသနာပါရာတွေကို လုပ်ဆောင်ဖို့ ကိုယ်ပိုင်အချိန် လိုအပ်ပါတယ်။
တစ်ဦးရဲ့ လွတ်လပ်ခွင့်ကို တစ်ဦးက မစွက်ဖက်ခြင်းက ချိုမြိန်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်းပါ။
ဒီအချက်လေးတွေကို လိုက်နာရင်း နှစ်ဦးကြားမှာ ချိုမြိန်တဲ့ ချစ်ခြင်းတွေကို ဖန်တီးနိုင်ကြပါစေကြောင်း ………..
[embed-health-tool-bmi]