brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစ်မတစ်ယောက် ရှိနေခြင်းက ကံကောင်းခြင်း လက်ဆောင်ရထားတာပါ

မိန်းကလေးတွေအနေနဲ့ မွေးချင်း အစ်မအကြီး တစ်ယောက်ကို ပိုင်ဆိုင်ထားရတာ အတော်လေး ကောင်းတဲ့ ကိစ္စပါ။ တင်စားပြီး ပြောရမယ်ဆိုရင်တော့ အစ်မတစ်ယောက် ရှိနေခြင်းက ကံကောင်းခြင်း လက်ဆောင်ရထားတာပါ လို့ ဆိုရမှာပါပဲ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဆက်လေ့လာလိုက်ပါဦးနော်။ 

အစ်မတစ်ယောက် ရှိနေခြင်းက ကံကောင်းခြင်း လက်ဆောင်ရထားတာပါ

အစ်မတစ်ယောက် ရှိနေခြင်းက ကံကောင်းခြင်း လက်ဆောင်ရထားတာပါ 

အစ်မကြီး အမိရာဆိုတဲ့အတိုင်း အစ်မတစ်ယောက်ကို ပိုင်ဆိုင်ထားရတာက အမေလိုမျိုး ကိုယ့်ကို ဂရုစိုက်ပေးမယ့် နောက်တစ်ယောက်ကို လက်ဆောင် ရထားတာပါပဲ။ ဒါကြောင့်ပဲ အစ်မတစ်ယောက် ရှိနေခြင်းက ကံကောင်းခြင်း လက်ဆောင်ရထားတာပါ လို့ ဆိုရတာပါ။ အစ်မတွေရှိနေခြင်းက ကိုယ့်ကို ဂရုစိုက်ပေးမယ့်သူ တစ်ယောက် တိုးတာအပြင် အခုလို အကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။

  • ကြင်နာတတ်စေတယ်
  • တစ်ဦးတည်းမွေးထားမယ်ဆိုရင် အခြားသူတွေအပေါ်မှာ ချစ်ခင်တတ်တဲ့ စိတ်နည်းပါးတတ်ကြတယ်လို့ သုတေသန စစ်တမ်းတွေအရ သိရပါတယ်။ တစ်ဦးတည်း မွေးထားတဲ့ ကလေးတွေထက်စာရင် အထက်မှာ မမ ဒါမှမဟုတ် ညီအစ်ကို မောင်နှမ တစ်ယောက်ရှိနေတဲ့ ကလေးလေးတွေက မျှဝေတတ်ကြပြီး ကြင်နာစိတ်လည်း ရှိကြပါတယ်။ ဒါကြောင့် ကိုယ့်မှာ မမ တစ်ယောက်လည်း ရှိမယ် ကိုယ်တိုင်ကလည်း ကြင်နာတတ်တယ်လို့ အများက သတ်မှတ်ခံရမယ်ဆိုရင် ဒါက ကိုယ့်အထက်က အစ်မကြောင့်လို့ ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။

    • ပျော်ရွှင်စေတယ်

     အစ်မအကြီးတွေ ရှိနေခြင်းကနေ ရနိုင်တဲ့ နောက်ထပ် ကောင်းကျိုးတစ်ခုက ပျော်ရွှင်စေတာပါ။ အစ်မတစ်ယောက် ရှိနေခြင်းက သင့်ကို အဆိုးမြင်ဝါဒီတွေကနေ ကင်းဝေးစွာ နေထိုင်နိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ 

    • ရင်ဖွင့်ဖော် ရှိတယ်

    အစ်မအကြီး တစ်ယောက်ကို ပိုင်ဆိုင်ထားရတာက ကိုယ်ခံစားရသမျှကို ရင်ဖွင့်ဖို့ လက်ဆောင်ရထားသလိုပါပဲ။ ခံစားရသမျှ အကောင်းအဆိုး အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်လို့ ရသလို တစိခါတလေဆို အကြံကောင်းဉာဏ်ကောင်းတွေတောင် ရနိုင်ပါသေးတယ်။ 

    • ထောက်ခံပေးမယ့်သူရှိတယ်

    ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် သူငယ်ချင်းတွေနဲ့ မတူတာက အစ်မဆိုသူက သင်ဘာလုပ်လုပ် သင့်ဘက်မှာ ရှိနေမယ်ဆိုတာပါ။ အစ်မဆိုတာက သင့်ရဲ့ အမာခံ ပရိသတ်တစ်ဦးဆိုလည်း မမှားပါဘူး။ မိဘတွေ ‌ရှေ့ကျရင်လည်း ရှေ့နေလိုက်ပေးတတ်တာ ဒီမမတွေပါပဲ။ 

    • လမ်းညွှန်ပေးမယ်

    အစ်မဆိုတာ ကိုယ့်ထက် အတွေ့အကြုံ ရင့်ကျက်နေသူ ဖြစ်တာကြောင့် အခြေအနေတွေကို အကောင်းအဆိုး လမ်းညွှန်ပေးနိုင်မှာ ဖြစ်သလို၊ အမှားအမှန် ခွဲခြားဖို့ ခက်နေတဲ့အခါမျိုးမှာလည်း အကောင်းဆုံး လမ်းညွှန်ပေးနိုင်မယ့် သူမျိုးပါ။ 

    • ကာကွယ်ပေးမယ်

    အစ်မတွေက ကိုယ်တွေအတွက်တော့ ဖိုက်တာတွေပါပဲ။ ကိုယ့်ကို လာပြီး ရန်စတဲ့သူတွေကို ရန်ခံဖြစ်ပေးဖို့ ဝန်မလေးတတ်သလို ကိုယ့်ကို ထိခိုက်စေတဲ့အရာတွေကနေ ကာကွယ်ပေးဖို့လည်း လက်မတွန့်တတ်ကြသူ တွေပါ။ ဒါကြောင့် အစ်မအကြီး တစ်ယောက် ပိုင်ဆိုင်ထားတာက ကိုယ်ရံတော် တစ်ယောက် လက်ဆောင်ရထားသလို ပါပဲနော်။ 

    # စကားလက်ဆောင်

    အစ်မအကြီး တစ်ယောက် ရှိနေတာက အဖက်ဖက်က ကောင်းကျိုးများပါတယ်။ အစ်မဆိုတာက တစ်သက်တာလုံး ဘယ်တော့မှ လက်တွဲမဖြုတ်မယ့် သူငယ်ချင်းကောင်း တစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ ကိုယ့်ကို အထီးမကျန်စေဖို့ရော အရာရာမှာ ကာကွယ်ပေးဖို့ရော အသင့်ရှိနေပေးတတ်ကြသူတွေပေါ့။ မေမေပြီးရင် ကိုယ့်ရဲ့ စိတ်ထဲ ခံစားရသမျှကို အနားလည်ပေးတတ်ဆုံးကလည်း သူတို့ပါပဲ။ 

    မောင်နှမ၊ ညီအစ်မတွေကြားမှာ အသက်အရွယ် ကွာခြားမှုကြောင့် သဘောထား မတိုက်ဆိုင်မှု ပိစိလေးတွေ ရှိနိုင်ပေမယ့် ဒါတွေက ကောင်းကျိုးများတဲ့ ဆက်ဆံရေးမှာ မပြောပလောက်တဲ့ အရာလေးတွေပါ။ ဘယ်လောက်ပဲ စိတ်ဆိုးဆိုး အချိန်တန်ရင် အချစ်မလျော့ မေတ္တာမပြတ်တဲ့ ဆက်ဆံရေးက ညီအစ်မတွေကြားမှာပဲ ရှိနိုင်တဲ့အရာ ဆိုတာလေးကို မေ့မနေစေဖို့ ဒီဆောင်းပါးလေးနဲ့ သတိပေးလိုက်ရပါတယ်။

    အစ်မအကြီး ရှိသူတိုင်း ချစ်ရတဲ့ မမနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကို အတူဖန်တီး ပိုင်ဆိုင်နိုင်ကြပါစေနော်။

    Htet Htet Zaw Win
    Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/03/2024 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။