backup og meta

သင်အသည်းရောဂါ ခံစားနေရချိန် သင်မိသားစုနှင့် သူငယ်ချင်းတွေဆီက အထောက်အပံ့ရအောင် ဘယ်လိုလုပ်မလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်အသည်းရောဂါ ခံစားနေရချိန် သင်မိသားစုနှင့် သူငယ်ချင်းတွေဆီက အထောက်အပံ့ရအောင် ဘယ်လိုလုပ်မလဲ

    လူတွေဟာနေမကောင်း၊ ဖျားနာတဲ့အချိန်တွေမှာအထီးကျန်အဖော်မဲ့နေတယ်လို့ ခံစားရတတ်ကြပါတယ်။ တကယ်တော့ သူတို့ မိသားစုနဲ့ သူငယ်ချင်းတွေဟာသူတို့ကိုကူညီဖို့ အမြဲလိုလားကြပါတယ်။

    မိသားစုတွေဆီကအကူအညီရဖို့ ဘာကြောင့် အရေးကြီးတာလဲ။

    မိသားစုနှင့် သူငယ်ချင်းဆိုတာ ကျွန်ုပ်တို့ဘဝအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတွေဖြစ်ကြတယ်။ သူတို့ဟာ ကျွန်ုပ်တို့ဖျားနာနေချိန်၊ အခက်အခဲဖြစ်နေချိန်မှာကူညီဖို့အမြဲအဆင်သင့်ရှိနေသူတွေလို့ဆိုရင်လည်းမမှားပါဘူး။ အသည်းရောဂါခံစားနေရစဉ် ကျွန်ုပ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနေ့စဉ်လုပ်ငန်းဆောင်တာတွေမှာကူညီပေးနိုင်ရုံသာမက ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကြီးမားသောအထောက်အပံ့များပေးနိုင်ပါသည်။

    လူတွေနဲ့ ရိုးရိုးရှင်းရှင်းစကားပြောဆိုခြင်းနဲ့ပင် သင့်အခြေအနေကိုနားလည်ဖြေရှုင်းနိုင်ဖို့ မတူညီတဲ့ အတွေးအမြင်အယူအဆသစ်တွေ ရရှိမည်ဖြစ်သည်။ ၎င်းက သင့် စိတ်ဖိစီးမှုနှင့် စိတ်သောကတွေကိုလျော့နည်းစေပြီးအသည်းရောဂါကိုရင်ဆိုင်ဖို့ ပိုမိုကောင်းမွန်ကြံ့ခိုင်တဲ့ စိတ်ဓါတ်ခွန်အားတွေကိုရရှိစေမှာဖြစ်သည်။

    သင်ဘယ်သူ့ဆီကနေအကူအညီရယူမလဲဆိုတာကိုရွေးချယ်ဖို့ကပထမဆုံးအဆင့်ဖြစ်သည်။ မိသားစုနှင့် သူငယ်ချင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကသင်နဲ့ အရင်းနှီးဆုံးလူတွေဖြစ်ပြီးသင်ဖြတ်သန်းနေရသောအခက်အခဲတွေကိုနားလည်မှုအပေးနိုင်ဆုံးသူတွေလည်းဖြစ်သည်။

    မိသားစုနှင့် သူငယ်ချင်းက သင့်ကိုဘယ်လိုကူညီပေးနိုင်သလဲ။

    မိသားစုနှင့် သူငယ်ချင်းများကသင်ဆေးကုသမှုခံယူနေစဉ် တစ်လျှောက်တွင် ကျန်းမာအောင် ကူညီပေးနိုင်သည်။ အသည်းရောဂါကုသမှု အထူးသဖြင့် ခွဲစိတ်မှု ပြီးသွားသောအခါတွင် သင်သည် အနားယူခြင်း နှင့် အသည်းကျန်းမာရေးအတွက် စားသောက်မှုပုံစံအသစ် တို့ကိုလိုအပ်ပါသည်။ တစ်ခါတစ်ရံတွင် သင်သည် အသည်းကုထုံးနည်းလမ်းသစ်၊ ကိရိယာသစ်များနှင့် ကျင့်သားရအောင် လိုက်လျောညီထွေနေနိုင်ဖို့ လိုအပ်သည်။ ထိုအတွက် သင့်မိသားစုနှင့်သူငယ်ချင်းများကသင့်ကိုများစွာကူညီပေးနိုင်ပါတယ်။

    သင့်မိသားစုနှင့် သူငယ်ချင်းများသည် ဆေးကုသသောအဖွဲ့၏ အကူအညီနှင့် သင့်ကိုကုသမှုခံယူနေစဉ်အတွင်းရော ပြန်လည်နာလန်ထူတဲ့အချိန်မှာပါ ကူညီစောင့်ရှောက်ပေးနိုင်ပါလိမ့်မယ်။ သူတို့သည် သင်ဘာလိုချင်လဲမသိနိုင်၍ တစ်ခါတစ်ရံအကူညီလွန်စေတနာပိုသွားနိုင်သလိုတစ်ခါတစ်ရံသင့်အားတစ်ယောက်တည်းနေချိန်ပေးတာအကောင်းဆုံးဖြစ်မယ်လို့ယူဆကာဂရုမစိုက်သလိုလည်းဖြစ်ကောင်းဖြစ်သွားနိုင်သည်။ သို့ဖြစ်၍ သူတို့ကိုစကားပြောဖို့၊ အကူအညီတောင်းဖို့ အားမနာနေပါနဲ့။ အဲဒီလိုပွင့်ပွင့်လင်းလင်းပြောတာကလည်းသူတို့အတွက် ပိုကောင်းပါတယ်။

    ဘယ်လိုအကူအညီတောင်းမလဲ

    ဒီမေးခွန်းဟာလွန်စွာရိုးရှင်းလွယ်ကူတယ်လို့ထင်ရပေမဲ့ အချို့လူတွေအတွက်တော့ အလွန်တရာခက်ခဲလှတဲ့ အခြေအနေတစ်ရပ်လည်းဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် သင်ရင်ဖွင့်လိုတဲ့အချိန်မှာဘယ်လိုစကားစပြီးအကူအညီတောင်းရမလဲဆိုတဲ့ နည်းလမ်းအချို့ကိုအောက်တွင်ဖော်ပြလိုက်ပါတယ်။

    • သင်သက်တောင့်သက်သာဖြစ်ပြီးအာရုံစူးစိုက်နိုင်မဲ့ နေရာနှင့် အချိန်ကိုဦးစွာရွေးချယ်ပါ။

    • သင်ဘယ်လိုခံစားနေရတယ်၊ ဘာတွေစိုးရိမ်နေလဲဆိုတာကိုဖွင့်ပြောပါ

    • သူတို့ဆီကအကြံဉာဏ်ကိုတောင်းခံပါ။ သူတို့သင့်ကိုဘယ်လိုနည်းနဲ့ ကူညီနိုင်လဲဆိုတာကိုရှင်းပြပါ။

    တခြားလူကို ပြန်မပြောစေချင်ရင် သူ့ကို နှုတ်လုံဖို့ သေချာအောင်ပြောပါ။ ဒီအကြောင်းအရာတွေကိုသင်တို့နှစ်ယောက်ကလွဲပြီးတတိယလူမသိစေချင်ဘူးဆိုတဲ့ သင့်ဆနှ္ဒကိုသူနားလည်သိရှိပါစေ။

    သင် တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်ကိုချစ်သောမိသားစုနှင့် မိတ်ဆွေ၊သူငယ်ချင်းများသင့်အနားမှာရှိပါတယ်။ အကောင်းမြင်စိတ် နဲ့ ပျော်ရွှင်သောဘဝက သင့်ရောဂါအတွက် အကောင်းဆုံးဆေးတစ်လက်ပါ။ သို့ဖြစ်ပါ၍ သင်ချစ်ရသောသူတွေဆီမှ အကူအညီကိုရယူပါ။ အခြားသူတွေကိုလည်းချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုကို မျှဝေပေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement