backup og meta

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!

ပန်းရောင် ဆိုတာက အနီ၊ အပြာ၊ အဖြူ ဆိုတဲ့ အရောင် ၃ မျိုးကို ရောစပ်ထားတာပါ။ အနီရောင်ဆီက စိတ်အားထက်သန်မှုနဲ့ အပြာနဲ့ အဖြူဆီက ငြိမ်းချမ်းမှုကို ပေါင်းစပ်ထားတဲ့ ပန်းရောင်လေးက နူးညံ့မှု ချစ်ခြင်း၊ စိတ်အားထက်သန်မှုတွေကို ဖော်ပြပေးနေပါတယ်။ ပန်းရောင်လေးကို အပြစ်ကင်းစင်လွန်းတဲ့ ကလေးလေးတွေနဲ့ ချစ်ခြင်းမေတ္တာပြည့်ဝလွန်းတဲ့ မိခင်တွေကို ကိုယ်စားပြုတဲ့ အရောင်အဖြစ် အသုံးပြုကြသလို မိန်းကလေးဆန်တဲ့ အရောင်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ မြင်ရသူတိုင်းကို သဘောကျစေတဲ့ ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!

ချစ်ခြင်း၊ ပျိုးထောင်မှု၊ ဂရုဏာ တရား၊ ရိုမန်တစ်ဆန်မှု၊ အပြစ်ကင်းစင်မှုတွေကို ကိုယ်စားပြုနေတဲ့ ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! ဆိုတော့

  • ဒေါသ ပြေလျော့စေတယ်

ပန်းရောင်လေးက စိတ်ကို နူးညံ့စေသလို ဒေါသပြေလျော့စေဖို့လည်း ထောက်ကူပေးပါတယ်။ စိတ်အရမ်း တိုလာရင် ပန်းရောင်လေးကို ကြည့်လိုက်ပါ။

  • စိတ်တည်ငြိမ် အေးချမ်းစေတယ်

ပန်းရောင်က လူကို စိတ်တည်ငြိမ်အေးချမ်းစေနိုင်ပါတယ်။ အနီရောင်နဲ့ ပေါင်းစပ်ထားတယ်ဆိုပေမယ့် ရန်လိုမှု စိုးစိမပါဘဲ လုံခြုံအေးချမ်းမှုနဲ့ စာနာရမယ်ဆိုတဲ့ ခံစားချက်ကို သတိပြုမိစေဖို့ လုပ်ဆောင်ပေးပါတယ်။ အမျိုးသားတွေအမြင်မှာ အားနွဲ့ပြီး ချစ်စရာကောင်းတယ်လို့ ယူဆရစေပါတယ်။

  • အကောင်းမြင်စိတ် ဖြစ်စေတယ်

ပန်းရောင်က အကောင်းမြင်စိတ်ကို ဖြစ်စေပြီး မျှော်လင့်ချက်တွေကို ရှင်သန်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ အဆိုးမြင်မှုတွေကို ဖယ်ရှားပေးပြီး အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပါတယ်။

  • အင်အား ပြည့်ဝစေတယ်

စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတာကို ပြေလျော့စေပြီး အင်အားပြည့်ဝစေဖို့လည်း ပန်းရောင်က ထောက်ကူပေးနိုင်ပါတယ်။ ချစ်ဖို့ကောင်းစေတဲ့ ခံစားချက် ရရှိသလို ပန်းရောင်မြင်ရင် ရုတ်တရက် ပြုံးမိကြတယ်လေ။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာအရ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။

  • ပျော်ရွှင်စေတယ်

ပန်းရောင်လေးက ပျော်ရွှင်စေတယ်။ ဒီတော့ စိတ်ပျော်ရွှင်ချင်တယ်ဆိုရင် နေရာထိုင်ခင်းလေးတွေကို ပန်းရောင်လေးနဲ့သာ ခြယ်မှုန်းထားလိုက်ပါ။

  • မျှော်လင့်ချက်တွေ ရှင်သန်စေတယ်

ပန်းရောင်လေးက မျှော်လင့်ချက်ကို ရှင်သန်စေဖို့ ထောက်ကူပေးပါတယ်။ မျှော်လင့်ချက်လေးတွေ မဲ့နေပြီလို့ ခံစားနေရပြီ ဆိုရင်တော့ ပန်းရောင်လေးတွေပါတဲ့ အရာလေးတွေဆီကို အကြည့်ပို့လိုက်ဖို့ မမေ့နဲ့နော်။

  • ချစ်ခြင်းတွေ တိုးပွားစေတယ်

လေဒီလေးတွေမှာဆိုရင် ပန်းရောင်လေးက မိန်းမဆန်မှုကို ဖြစ်စေနိုင်သလို နှစ်လိုဖွယ် အသွင်အပြင်ကို ဖန်တီးပေးနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာစေဖို့လည်း လှုံ့ဆော်ပေးနိုင်ပါသေးတယ်။

  • ငြိမ်းချမ်းစေတယ်

ငြိမ်းချမ်းမှုတွေကို သယ်ဆောင်လာပေးဖို့လည်း ပန်းရောင်လေးက တာဝန်ယူထားပါသေးတယ်။ ရန်လိုမှုတွေကို ချုပ်ငြိမ်းပြီး ငြိမ်းချမ်းတဲ့ အခြေအနေလေးတွေကို ဖြစ်ပေါ်စေဖို့ ပန်းရောင်လေးကို ဆောင်ထားတာ မမှားပါဘူး။

  • ရိုမန်တစ်ဆန်မှုကို ဖြစ်စေတယ်

ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုနေတဲ့ ပန်းရောင်လေးက ရိုမန်တစ်ဆန်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ချစ်သူတွေ ကြားမှာမှ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာဖြစ်ဖြစ် မိသားစုဝင်တွေ ကြားမှာဖြစ်ဖြစ် ရိုမန်တစ်ဆန်တဲ့ အခြေအနေလေးတွေကို ဖန်တီးချင်တဲ့အခါ ပန်းရောင်လေးကို သုံးဖို့ မမေ့ပါနဲ့။

  • နွေးထွေးစေတယ်

ပန်းရောင်က နွေးထွေးတဲ့ ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ စိတ်ထဲ နွေးထွေးတယ်လို့ ခံစားရစေဖို့ ဆိုင်လေးတွေမှာ ပန်းရောင်လေးနဲ့ အလှဆင်တာက အကောင်းဆုံး နည်းလမ်းပါ။ နွေးထွေးပျူငှာတဲ့ ဧည့်ခန်းလေး ဖြစ်စေဖို့လည်း ပန်းရောင်လေးနဲ့ ဖန်တီးယူလို့ ရတယ်ဆိုတာ သတင်းလေး ပေးချင်ပါတယ်။

  • စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်တယ်

စိတ်ထဲမှာ စိတ်ထိခိုက်နေတာတွေ စိတ်ဒဏ်ရာတွေ ရှိနေပြီဆိုရင် စိတ်ဒဏ်ရာကို ကုစားဖို့အတွက် ပန်းရောင်လေးကို အသုံးပြုပေးလို့ ရပါတယ်။ ပန်းရောင်လေးရဲ့နောက်ထပ် စိတ်ကျန်းမာရေး အထောက်အကူပြု အကျိုးအာနိသင်က စိတ်ဒဏ်ရာတွေကို ကုစားပေးခြင်းပါပဲ။

ကဲ …. ချစ်စရာကောင်းတဲ့ ပန်းရောင်လေးက မိတ်ဆွေတို့ရဲ့ စိတ်ကလေး ကျန်းမာစေဖို့ အခုလိုလေးတွေ ထောက်ကူပေးနေပါတယ်။

ပန်းရောင်လေးက စိတ်ကျန်းမာစေသတဲ့

နှစ်လိုဖွယ်ကောင်းတဲ့ ပန်းရောင်လေးက
  • ဒေါသပြေလျော့စေတယ်
  • စိတ်အေးချမ်းစေတယ်
  • ချစ်စရာကောင်းစေတယ်
  • ပျော်ရွှင်စေတယ်
  • အင်အားပြည့်ဝစေတယ်
  • ရိုမန်တစ်ဆန်တယ်လို့ ခံစားရစေတယ်
  • နွေးထွေးစေတယ်
  • မေတ္တာတိုးပွားစေတယ်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

The Color Pink https://www.empower-yourself-with-color-psychology.com/color-pink.html Accessed Date 27 July 2023

Pink Color Psychology: What Does the Color Pink Mean? https://rhinestonesu.com/blog/pink-color-psychology-what-does-the-color-pink-mean/ Accessed Date 27 July 2023

The Color Psychology of Pink https://www.verywellmind.com/the-color-psychology-of-pink-2795819 Accessed Date 27 July 2023

Psychology of the Pink colour https://thecolor.blog/psychology-of-the-pink-colour/ Accessed Date 27 July 2023

Meaning Of Pink: Explained https://www.sensationalcolor.com/meaning-of-pink/ Accessed Date 27 July 2023

ယခုပုံစံ

27/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချစ်ခြင်းမေတ္တာဟာ သင့်ဦးနှောက်ကို ဘယ်လိုလွှမ်းမိုးသလဲ

အစိမ်းရောင်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/07/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။