backup og meta

စိတ်ဓာတ်ကျနေတာလား...... အတူကျော်လွှားစို့လေ...............

အကြောင်းအရင်း သေသေချာချာ မရှိပါဘဲ ငိုချင်သလိုလို ရင်ထဲက ဟာတာတာကြီး ဖြစ်နေတယ်။ ဘာမှ မလုပ်နိုင်တဲ့ လူတစ်ယောက်လို ခံစားနေရတယ်။ ဘာမှလည်း ဆက်မလုပ်ချင်တော့ဘူး။ ရှင်သန်ရတာ အဓိပ္ပာယ် မဲ့သလို ခံစားနေရပြီလား………..

သေချာပါတယ်။ ဒါက စိတ်ဓာတ်ကျနေပြီ ဆိုတာကို အချက်ပြနေတာပါ။ အရင်က ပျော်ခဲ့ရတဲ့ အရာလေးတွေကတောင် ပျော်ရွှင်မှု မပေးနိုင်တော့ဘူး။ နေ့စဉ် ကြုံတွေ့နေကျ အခက်အခဲ အသေးအမွှားလေးကိုတောင် မဖြေရှင်းနိုင်လောက်ဘူးထင်တယ်ဆိုပြီး ခံစားနေရပြီဆိုရင် ဒီအတွေးတွေကို ချက်ချင်း ရပ်တန့်လိုက်ပါ။

ဆက်မတွေးပါနဲ့။ လူတိုင်းမှာ တန်ဖိုး ကိုယ်စီ အစွမ်းအစ ကိုယ်စီ ရှိတယ်ဆိုတာကို သတိရပေးပါ။ စိတ်ဓာတ်ကျမှုက တံခါးလာခေါက်နေချိန်မှာ ဝင်ခွင့်သာ ပြုလိုက်လို့ကတော့ နေ့စဉ် လူမှု ဆက်ဆံရေး၊ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။

စိတ်ဓာတ်ကျရင် ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ဒါကတော့ စိတ်ဓာတ်ကျတာကို ခွင့်ပြုမလား။ တိုက်ထုတ်ပြီး အကောင်းဆုံး ရင်ဆိုင်မလားဆိုတာပါ။ ရွေးရခက်နေမယ်ဆိုရင်တော့ တိုက်ထုတ်လိုက်ဖို့ ပြောပါရစေ။ စိတ်ဓာတ်ကျနေတာလား…… အတူကျော်လွှားစို့လေ…………… ဘယ်လို ကျော်လွှားမလဲဆိုတာတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

စိတ်ဓာတ်ကျနေတာလား…… အတူကျော်လွှားစို့လေ……………

စိတ်ဓာတ်ကျမှုကို အကောင်ဆုံး တိုက်ထုတ်ကြရအောင်ပါ။ စိတ်ဓာတ်ကျနေပြီလို့ ခံစားမိတာနဲ့ ဒီအချက်လေးတွေကို ချက်ချင်း လုပ်ပါ။

ဘဝမှာ ပျော်စရာ ကောင်းတဲ့ အခိုက်အတန့်တွေ အများကြီးပါ။ မိသားစုတွေ ချစ်ခင်ရသူတွေနဲ့ အချိန်တွေကို ကုန်ဆုံးရတာက စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားရတဲ့ အခိုက်အတန့်ပါ။

ဒါကြောင့် စိတ်ဓာတ်ကျလာပြီဆိုရင် မိသားစုနဲ့အတူ ထမင်းလက်ဆုံ စားတာ၊ ရယ်စရာ ဟာသကားတစ်ခုခုကို အတူတူ ထိုင်ကြည့်တာ၊ ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းလေးတွေ ဆော့တာမျိုး လုပ်ပေးပါ။

မိသားစုနဲ့ အဝေးမှာနေနေရတယ်ဆိုရင် ချစ်ခင်ရသူတွေနဲ့ အချိန် ကုန်ဆုံးလိုက်ပါ။ အတူတူ မုန့်သွားစားတာ၊ ဈေးဝယ်ထွက်တာမျိုး ဖြစ်ဖြစ်ပေါ့။

  • တက်ကြွတဲ့ နေထိုင်မှုပုံစံ ပျိုးထောင်ပါ။

လေ့ကျင့်ခန်း လုပ်တာ၊ တက်တက်ကြွကြွနေတာက စိတ်ဓာတ်ကျတာကို ခပ်ဝေးဝေးမှာနေဖို့ notice စာ ပို့ထားပြီးသား ဖြစ်ပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်း လုပ်တာက စိတ်ခံစားမှုကို ကောင်းစေပါတယ်။

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရဘူးဆိုရင် ရုံးအပြန်မှာ ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက်ကို လမ်းလျှောက်ပေးရုံပါ။ ကားကို ရုံးနဲ့ ခပ်ဝေးဝေးမှာ ရပ်ပြီး လမ်းလျှောက်တာကလည်း နည်းလမ်းကောင်းတစ်ခုနော်။

လူအတော်များများက အကြောက်တရားကို ရှောင်လွှဲဖို့ပဲ ကြိုးစားပါတယ်။ တကယ်ကတော့ အကြောက်တရားတွေ၊ ပြဿနာတွေက ရှောင်လွှဲလို့ ပြီးသွားမယ့် အရာတွေ မဟုတ်ပါဘူး။

ရှောင်လွှဲမှုရဲ့ နောက်မှာ စိုးရိမ်စိတ်၊ ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုက ကပ်ပါလာတတ်ပါတယ်။ ဒါ​ကြောင့် ပြဿနာ၊ အခက်အခဲတွေ တွေ့တဲ့အခါ ရှောင်လွှဲ မနေပါနဲ့ ရင်ဆိုင်လိုက်ပါ။ ရင်ဆိုင်ကြည့်လိုက်ရင် ရှောင်လွှဲတာထက် ရင်ဆိုင်တာက ပို လွယ်ကူတယ်ဆိုတာကို တွေ့လာရပါလိမ့်မယ်။ ပြဿနာ ရှိရင် အဖြေရှိစမြဲပါ။

အစားအသောက်ဆိုတာက အရသာရှိဖို့ထက် အာဟာရပြည့်ဝဖို့က အရေးကြီးတာပါ။ အစားအသောက်က ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတင် ထိခိုက်စေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် အရောင်အသွေး စုံလင်တဲ့ အော်ဂဲနစ် အစားအစာတွေကို စားပါ။

အပြင်က အသင့်စားတွေအစား၊ သန့်ရှင်းပြီး အာဟာရ ပြည့်ဝတဲ့ အိမ်ချက် အစားအစားတွေစားပါ။ အသင့်စား သရေစာတွေအစား လတ်လတ်ဆတ်ဆတ် အော်ဂဲနစ် သစ်သီးတွေ စားပေးပါ။

အချို့သော စိတ်ဓာတ်ကျမှုတွေက ညဘက် အိပ်ရေးပျက်မှုတွေကနေ စတင်လာတာပါ။ အလုပ်များတယ်။ စိတ်ဖိစီးတယ်။ ည မအိပ်ဘူး။ ဖုန်းသုံးတယ်။ ညဉ့်နက်သွားတယ် ညမအိပ်ဘူး။ အဲ့ဒါတွေက တစ်ပတ်ကနေ နှစ်ပတ်။ နှစ်ပတ်ကနေ လနဲ့ ချီတဲ့အခါ စိတ်ဓာတ်က ကျလာရော။

ညတိုင်း အိပ်ရာကို စောစော ဝင်ပါ။ အိပ်စက်ချိန် ၈ နာရီ ပြည့်ပါစေ။

ကဲ……. စိတ်ဓာတ်ကျတာက အချိန်မရွေးဝင်လာဖို့ တံခါးခေါက်နိုင်လို့ ဒီအချက်လေးတွေကို လုပ်ကြည့်ပြီး စိတ်ဓာတ်ကျမှုကို ဝေးဝေးမှာ ထားလိုက်ရအောင်နော်။ စိတ်ဓာတ်ကျနေတယ်ဆိုရင်လည်း ဒီနည်းလေးတွေသုံးပြီး အတူတူ တိုက်ထုတ်လိုက်ကြစို့လား။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tips for coping with depression https://www.nhs.uk/conditions/stress-anxiety-depression/dealing-with-depression/ Accessed Date 25 November 2020

How to Overcome Depression: 5 Things You Can Do NOW to Make a Meaningful Impact https://www.psycom.net/therapist-plan-for-overcoming-depression/ Accessed Date 25 November 2020

ယခုပုံစံ

01/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဓာတ်ကျနေ သလား၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ

သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/03/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။