ဆယ်ကျော်သက်များ စွဲလန်းခြင်းမဖြစ်အောင် ဘယ်လို ကူညီနိုင်သလဲ။
ထို့အပြင် မိဘများသည် ဆေးလိပ်၊ မူးယစ်ဆေးနှင့် အရက် မသုံးရန် ရှင်းလင်းစွာ တွန်းအားပေးရမည်။ မိမိကိုယ်တိုင် အရက်နှင့် မူးယစ်ဆေးပြဿနာများ ရှိခဲ့ သော်လည်း သင်၏ ဆယ်ကျော်သက်များအား ဆေးသုံး ခြင်းနှင့် ပတ်သက်၍ တိုက်ရိုက်ပြောကြား သတိပေးရန် မကြောက်ပါနှင့်။ သင်ချမှတ်ထားသော စည်းမျဉ်းများသည် မိဘ မေတ္တာနှင့် သူတို့၏ ကောင်းကျိုးအပေါ်တွင် မူတည် ကြောင်း သင်၏ ဆယ်ကျော်သက်များ သဘောပေါက်ရန် အရေးကြီးပါသည်။ မိဘများသည် ဆယ်ကျော်သက်များ၏ သူငယ်ချင်းများနှင့် လူမှုလှုပ်ရှားမှုများတွင် စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွဲရန် လိုအပ်သည်။ ဆယ်ကျော်သက် သားသမီး များနှင့် အချိန်ပေးနေထိုင်၍ ဥပမာကောင်းများ ပေးရန် လိုအပ်သည်။ ဆေးစွဲခြင်း ကဲ့သို့ ပြဿနာများ ဆယ်ကျော်သက် ဘဝတွင် ရှိနေသော်လည်း မိဘ နှင့် မိသားစုဝင်များသည် ဆယ်ကျော်သက်သားသမီး များ၏ အပြုအမှုကို အကောင်းသဘောဆောင်သော လွှမ်းမိုးမှုများ ပေးနိုင်သည်။
ဆယ်ကျော်သက်အများစုသည် ဆေးစွဲခြင်းအကြောင်း သိကြသည်။ သို့သော် မူးယစ်ဆေးအသစ်များ၊ သတင်း အချက်အလက် အသစ်များ များပြားလာသဖြင့် ဘာကို ရှောင်ပြီး ဘာကို သတ်မှတ်ထားသော ပမာဏ အတိုင်း သုံးနိုင်သည်ကို ဆုံးဖြတ်ရန် ခက်ခဲနိုင်သည်။ မိဘများနှင့် ဆရာများသည် ဆယ်ကျော်သက် သားသမီးများ၏ နေ့စဉ် လှုပ်ရှားမှု များကို ဂရုတစိုက်စောင့်ကြည့်ရန် လိုအပ်သည်။ သင်၏ ဆယ်ကျော်သက် သားသမီးများသည် အန္တရာယ် ရှိသော အကျိုးဆက်များကို သိရက်နှင့် မူးယစ်ဆေးများ ဆက်သုံးနေပါက ဆေးစွဲခြင်း ဖြစ်နိုင်သည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။