backup og meta

သင့်အလုပ်ခွင်က သင့်ကိုစိတ်ဖိစီးစေလားဆိုတာကို သိနိုင်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အလုပ်ခွင်က သင့်ကိုစိတ်ဖိစီးစေလားဆိုတာကို သိနိုင်ဖို့

    စိတ်ဖိစီးမှုကင်းစင်တဲ့ အလုပ်ခွင် နဲ့ လူနေမှုဘဝက ကိုယ်တိုင်ဖန်တီးမှရတာပါ။ တစ်နေ့တာမှာ ကိုယ်မှ စိတ်ဖိစီးနေတာ အခြားသူတွေက စိတ်မဖိစီးဘူးလို့ မထင်လိုက်ပါနဲ့။ လူတိုင်း စိတ်ဖိစီးစရာကိုယ်စီနဲ့ပါ။ဖြေရှင်းတတ်တာနဲ့ မဖြေရှင်းတတ်တာပဲကွာပါတယ်။ တစ်ခါတလေမှာ ကိုယ်တောင်မသိလိုက်ဘဲနဲ့ စိတ်ဖိစီးနေတာမျိုးရှိနေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်လုပ်ကိုင်နေရတဲ့ အလုပ်ခွင်က ကိုယ်မသိလိုက်ဘဲနဲ့ကိုယ့်ကို စိတ်ဖိစီးမှုပေးနေလားဆိုတာကို ဆန်းစစ်ကြည့်ရအောင်လား။

    အလုပ်ခွင်က စိတ်ဖိစီးနေစေသလား………

    အလုပ်ခွင်မှာ အလုပ်လုပ်ရင်းက အခုလိုခံစားလာရပြီဆိုရင် သင့်အနေနဲ့ အလုပ်ခွင်ကြောင့်စိတ်ဖိစီးနေတာဖြစ်နိုင်ပါတယ်။ အလုပ်ခွင်ကိုရောက်သွားတဲ့အခါတိုင်း

    • စိတ်ရှုပ်သလိုခံစားရတယ်
    • ပင်ပန်းနေတယ်လို့ခံစားရတယ်
    • စိတ်ဓါတ်ကျနေမယ်
    • အလုပ်တွေကို စိတ်မဝင်စားဘူးဖြစ်နေမယ်
    • အာရုံစူးစိုက်ရခက်နေမယ်
    • အိပ်စက်မှုမှာပြဿနာရှိနေမယ်
    • အချိန်တိုင်းလိုလိုခြေကုန်လက်ပမ်းကျနေမယ်
    • ကြွက်သားတွေတောင့်တင်းနာကျင်နေမယ်
    • ခေါင်းကိုက်မယ်
    • အစာအိမ်အောင့်မယ်
    • ဗိုက်အောင့်ဗိုက်နာဖြစ်မယ်
    • လူမှုဆက်ဆံရေးမကောင်းဘူးဖြစ်နေမယ်
    • ဆေးလိပ်တွေအရက်တွေအများကြီးသောက်မိနေမယ်ဆိုရင်တော့ အလုပ်ခွင်က သင့်ကို စိတ်ဖိစီးနေစေတယ်ဆိုတဲ့ သဘောပါ။

    ဘယ်လိုဖြေရှင်းမလဲ……

    စိတ်ဖိစီးမှုဆိုတာကရေရှည်မွေးထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ အကောင်းဆုံးဖြေရှင်းဖို့လိုပါမယ်။

    အကောင်းမြင်စိတ်ထားပါ

    အလုပ်ခွင်က ဖိအားများတယ်ဆိုရင်တောင်မှ စိတ်ညစ်လိုက်တာဆိုတဲ့ အတွေးနဲ့မရင်ဆိုင်ပါနဲ့။ ဒါက စိတ်ဖိစီးမှုကို ပိုဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် တစ်နေ့တာစတင်ချိန်မှာ အရာရာကို အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့အမြင် ငါ လုပ်ဆောင်နိုင်ပါတယ်ဆိုတဲ့ အတွေးတွေနဲ့ စတင်ပါ။ အရာရာကို အကောင်းမြင်စိတ်နဲ့ကြည့်ပါ။

    လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်းသိပါစေ

    အလုပ်လုပ်တဲ့အခါ ဘာတွေလိုအပ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားတာကလည်း အလုပ်ခွင်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ ဒါကြောင့် အလုပ်ခွင်မှာ သိထားဖို့လိုအပ်မယ့်အကြောင်းအရာတွေကိုသေချာသိအောင်လုပ်ရပါမယ်။ အထက်အရာရှိကိုမေးဖို့လိုအပ်တာတွေကိုလည်းသေချာလေးမေးထားဖို့လိုပါမယ်။ ဒါမှအရာရာကို ရှင်းရှင်းလင်းလင်းသိပြီး အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။

    ပဋိပက္ခတွေနဲ့ခပ်ကင်းကင်းနေပါ
    အလုပ်ခွင်မှာကြုံရနိုင်တဲ့ စိတ်ဖိစီးမှုတစ်ခုက စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူတွေကြောင့် ကြုံရတဲ့ စိတ်ဖိစီးမှုပါ။ ဒီလိုလူတွေကြောင့် တစ်ခါတလေကိုယ့်ကပြဿနာတွေ၊ ပဋိပက္ခတွေနဲ့ခပ်ကင်းကင်းနေတာတောင်မှ ပဋိပက္ခတွေက ကိုယ့်ဆီကိုရောက်လာတတ်ကြပါတယ်။ ဒါကြောင့် ပဋိပက္ခနဲ့ခပ်ကင်းကင်းနေဖို့ဆိုရင် အတင်းပြောတာ၊ နောက်ကွယ်မှာ သူများမကောင်းကြောင်းပြောတာတွေ မလုပ်မိဖို့သတိထားပေးပါ။ ဒီလိုလုပ်တတ်တဲ့အကျင့်ရှိသူတွေနဲ့လည်း ခပ်ကင်းကင်းနေပေးပါ။ ဒါတွေကလည်း သင့်ကို စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အကြောင်းတွေပါနော်။
    ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ပါ
    အလုပ်ခွင်ထဲကသူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးဖန်တီးနိုင်အောင်ကြိုးစားပါ။ လူဆိုတာ တစ်ယောက်တည်းနေဖို့ခက်ပါတယ်။ ဒါကြောင့် ခပ်အေးအေးနေတတ်ရင်တောင် အလုပ်ခွင်ထဲက သူတွေနဲ့တော့ သူစိမ်းမဆန်တဲ့ ဆက်ဆံရေးရှိနေစေဖို့ ဂရုစိုက်ပါ။ အလုပ်ခွင်ထဲကသူတွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးဖန်တီးထားနိုင်သူတွေက စိတ်ဖိစီးမှုကင်းကြပါတယ်။
    အလုပ်များတယ်ဆိုတဲ့အတွေးကိုခေါင်းထဲကထုတ်ထားပါ
    မနက်နိုးလာကတည်းက ဒီနေ့တော့ အလုပ်တွေကများလိုက်တာလို့တွေးလိုက်မိရင် တစ်နေ့လုံး အလုပ်လုပ်ရတာပျော်တော့်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေမှာ များပြားလှတဲ့ အလုပ်တွေကိုပြီးအောင်လုပ်ရဦးမယ်ဆိုတဲ့ စိတ်ဖိစီးမှုက အလိုလိုဝင်လာပါလိမ့်မယ်။ ဒါကြောင့် အလုပ်များလိုက်တာဆိုတဲ့ အတွေးကိုခေါင်းထဲကနေထုတ်ထားပေးပါ။
    သီချင်းနားထောင်ပါ

    အလုပ်သွားတဲ့အချိန် ဒါမှမဟုတ် အလုပ်ပြန်တဲ့အချိန်မှာ သီချင်းနားထောင်ပေးပါ။ ဒီလိုသီးချင်းနားထောင်ပေးတာက အလုပ်ခွင်မှာဖြစ်ပေးခံစားရနိုင်တဲ့ စိတ်ဖိစီးမှုကို သက်သာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းထဲမှာ ကိုယ်နှစ်သက်တဲ့ သီးချင်းလေးတွေကို ထည့်ပြီး နားထောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement