Retroverted (RV) uterus ဆိုတာ
Retroverted (RV) ဆိုတာက သားအိမ်က ပုံမှန်အခြေအနေမဟုတ်ဘဲ နောက်လန်နေတာပါ။ သားအိမ်က ရှိသင့်တဲ့ပုံစံအတိုင်းတည့်တည့်ရှိမနေဘဲ နောက်ကို နည်းနည်းကွေးနေတာမျိုးပါ။ ဒီအချက်ကို ပုံမှန်အတိုင်းတော့ မသိနိုင်ပါဘူး။ အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်းလောက် RV ကိုခံစားနေရတာပါ။ RV utreus (သားအိမ်နောက်လန်တယ်) ဆိုတာကသားအိမ်အဝကနေ အတွင်ပိုင်းထဲကို ဆက်သွားတဲ့ လမ်းကြောင်းက အောက်ဘက်ဆီကို ဦးတည်နေတာပါ။ အမျိုးသမီးတိုင်းမှာ မွေးလမ်းကြောင်းအဆုံးမှာ သားအိမ်ဝရှိနေပြီး သားအိမ်ဝနဲ့ တစ်ဆက်တည်းမှာ သားအိမ်ရှိနေပါတယ်။ ဒီလမ်းကြောင်းတွေက ပုံမှန်ဆိုရင် တဖြောင့်တည်းရှိနေတတ်တာဖြစ်ပြီး RV (သားအိမ်နောက်လန်ခြင်း) ခံစားနေရသူတွေမှာတော့ သားအိမ်ခေါင်းပိုင်းက သားအိမ်နဲ့ တဖြောင့်တည်းဖြစ်မနေဘဲ ထောင့်ချိုးပုံစံမျိုးရှိနေတာပါ။
ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ………………
- လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်းကနာမယ်။ ခါးအောက်ပိုင်းနာကျင်မယ်
- ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမယ်
- တန်ပွန်သုံးတဲ့အခါ အလွယ်တကူထည့်လို့မရဘူး
- မကြာခဏဆီးသွားမယ်
- ဆီးလမ်းကြောင်းပိုးဝင်ကူးစက်မှုတွေဖြစ်မယ်
- ဆီးမထိန်းနိုင်တာမျိုးဖြစ်မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
RV (သားအိမ်နောက်လန်ခြင်း) ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ……..
- Endometriosis (သားအိမ်အတွင်းမြှေးနံရံ ပြဿနာ) ခံစားနေရတာ
- သားအိမ်ထဲမှာ အလုံးတည်တာ
- Pelvic inflammatory disease (PID) ခံစားနေရတာ
- တင်ပဆုံခွဲစိတ်ကုသမှုခံယူဖူးတာ
- အရင်ကကိုယ်ဝန်ဆောင်ဖူးတာတွေကြောင့် (RV) သားအိမ်နောက်လန်ခြင်းကို ခံစားရနိုင်ပါတယ်။
RV (သားအိမ်နောက်လန်ခြင်း) RV uterus ခံစားနေရရင် ကလေးမရနိုင်ဘူးလား…….
ဒီအခြေအနေက လေဒီတို့ရဲ့ ကလေးရနိုင်ခြေအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ သားအိမ်ကပုံမှန်ရှိသင့်တဲ့ အနေအထားမျိုးမှာ မဟုတ်ဘူးဆိုပေမယ့် မျိုးအောင်နိုင်စွမ်းနဲ့ ကိုယ်ဝန်ဆောင်နိုင်မှုတို့အပေါ်မှာ သက်ရောက်မှုလုံးဝမရှိပါဘူး။
- ဆီးသွားရခက်နေမယ်
- ဗိုက်ထဲကအောင့်မယ် ဒါမှမဟုတ် စအိုနားကအောင့်နေမယ်
- ဝမ်းချုပ်မယ်
- ဆီးဝမ်းမထိန်းနိုင်ဖြစ်မယ်ဆိုရင်တော့ အခန့်မသင့်ရင် ကိုယ်ဝန်ကို ထိခိုက်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့လိုပါမယ်။
လိင်ဆက်ဆံရင်ရော ဘာတွေဖြစ်နိုင်လဲ…..
သားအိမ်အနေအထားက ပုံမှန်အခြေအနေမှာ မရှိတာကြောင့် လိင်ဆက်ဆံတဲ့အခါ နာကျင်တာမျိုးကိုခံစားရနိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အနေအထားကို ပြောင်းလဲပေးမှုက ဒီနာကျင်တာကို သက်သာစေမှာပါ။
ဘယ်လိုသက်သာအောင်လုပ်မလဲ……
RV (သားအိမ်နောက်လန်ခြင်း) ကိုသက်သာစေဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ပေးလို့ရသလို ခွဲစိတ်ကုသမှုခံယူလို့လည်းရပါတယ်။
[embed-health-tool-ovulation]