
မှားပါတယ်။ အိပ်ခါနီးမှာဆေးဖြစ်ဝါးဖြစ် သို့မဟုတ်မှောက်အောင်သောက်လိုက်ရင် မူးပြီးအိပ်ပျော်သွားလိမ့်မယ်လို့တွေးထားတာလား။ပြန်စဉ်းစားကြည့်ပါဦး။ မူးရင် ထိုးအိပ်သွားတာကြောင့် ဒီလိုတွေးကြတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောက ခန္ဓါကိုယ်ထဲရောက်သွားတာနဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်တယ်၊ အိပ်ရင်း လူးလှိမ့်နေတာမျိုးဖြစ်နေနိုင်တယ်၊ညလယ်ကြီး နိုးလာပြီး မျက်စိကြောင်နေနိုင်တယ်။ ဒါ့အပြင်နောက်နေ့အိပ်ရာထရင်ခေါင်းမကြည်ဘဲ အိပ်ရေးမဝသလိုဖြစ်နေနိုင်တယ်။
မှားပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် အိပ်မပျော်ဖြစ်တတ်တာ မှန်ပေမယ့် စိတ်ကြောင့်ချည်းပဲတော့မဟုတ်ပါဘူးနော်။ တကယ်တော့ အိပ်မပျော်နိုင်တဲ့သူတွေမှာ အဓိကတရားခံက စိတ်ဖိစီးမှုဖြစ်နေတာပါ။ ဒါပေမယ့် သူ့တစ်ခုတည်းကြောင့်မဟုတ်ဘဲရောဂါအခံ၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုး၊ နာတာရှည်နာကျင်မှု၊ အစားအသောက် စတဲ့ တခြားအကြောင်းရင်းတွေ အများကြီးရှိနေပါသေးတယ်။
အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန်တွေကို သိရပြီဆိုတော့ အိပ်ရေးမပျက်ဘဲ အိပ်မက်လှလှမက်နိုင်ဖို့ ဂရုစိုက်လိုက်ရအောင်နော်။