backup og meta

သုက်ရည်မျိုချခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

သုက်ရည်မျိုချခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

သုက်ရည်မျိုချခြင်းအကြောင်း မပြောခင် အရင်ဆုံး သုက်ရည်ရဲ့ ဖွဲ့စည်းပုံအကြောင်းကို ပြောပြပေးချင်ပါတယ်။ သုက်ရည် (Semen) မှာ သုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာ မျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေပါတယ်။ သုက်ရည်ရဲ့ ၈၀ရာခိုင်နှုန်းကတော့ ရေဖြစ်ပြီး ကျန်တဲ့ ၂၀ရာခိုင်နှုန်းက သုက်ပိုးကောင်တွေ၊ အာဟာရဓါတ်အနည်းငယ် ပါဝင်ပါတယ်။

သုက်ရည်မျိုချရင် အန္တရာယ်ရှိနိုင်လား။

ကိုယ့်မှာ ဘာရောဂါမှမရှိဘူးဆိုရင်တော့ သုက်ရည်မျိုချလို့ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ မရှိပါဘူး။ အလွန်ရှားပါးသောအခြေအနေမှာ သုက်ရည်နဲ့ ဓါတ်မတည့်တဲ့သူတွေ သုက်ရည်မျိုချမိရင်တော့ ဓါတ်မတည့်လက္ခဏာတချို့ ပြနိုင်ပါတယ်။

လူတွေပြောသလို သုက်ရည်မှာ ပရိုတင်းဓါတ်ကြွယ်ဝတယ်ဆိုတာ တကယ်လား။

သုက်ရည်မှာ ပရိုတင်းဓါတ်ပါဝင်တယ်ဆိုပေမယ့် ခန္ဓါကိုယ်အတွက် အကျိုးပြုရလောက်တဲ့ ပမာဏလောက် ရှိတာတော့ မဟုတ်ပါဘူး။ အမျိုးသားတစ်ယောက် စွန့်ထုတ်တဲ့ သုက်ရည်ပမာဏ၊ စေးပျစ်မှု၊ သုက်ပိုးကောင်ရဲ့ ကျန်းမာသန်စွမ်းမှုပေါ်မူတည်ပြီး ပရိုတင်းဓါတ်အနည်းအများ ပြောင်းလဲသွားနိုင်တယ်ဆိုပေမယ့် တကယ်တမ်းမှာ သုက်ရည်ရဲ့ အပုံ ၂၀ ပုံ ၁ပုံမှာသာ ပရိုတင်းဓါတ်တွေ ပါဝင်နေတာဖြစ်ပါတယ်။

သုက်ရည်မှာ ပရိုတင်းဓါတ်အပြင် တခြားဘာတွေ ပါဝင်သေးလဲ။

၈၀ ရာခိုင်နှုန်းသော ရေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပရိုတင်းဓါတ်အပြင်

  • သကြားဓါတ်
  • ဆိုဒီယမ်ဓါတ်
  • ဆစ်ထရိတ်
  • ဇင့်ဓါတ်
  • ကလိုရိုက်
  • ကယ်လ်စီယမ်ဓါတ်
  • လက်တစ်အက်ဆစ်
  • မဂ္ဂနီဆီယမ်ဓါတ်
  • ပိုတက်စီယမ်ဓါတ်
  • ယူရီးယားဓါတ်တွေ ပါဝင်ပါတယ်။

သုက်ရည်မှာ ကယ်လိုရီဓါတ်တွေ ပါလား။

အနည်းနဲ့အများတော့ ပါတယ်ဆိုပေမယ့် ကျန်တဲ့ အာဟာရဓါတ်တွေလိုပဲ အလွန်နည်းတဲ့ ပမာဏလောက်သာ ပါဝင်တာ ဖြစ်ပါတယ်။

သုက်ရည်မှာ ဘာအရသာရှိလဲ။

သုက်ရည်ရဲ့ အရသာဟာ အမျိုးသားတစ်ယောက်ရဲ့ နေ့စဉ်စားသောက်တဲ့ အစာအာဟာရပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ နံနံပင်၊ နာနတ်သီး၊ သင်္ဘောသီး၊ လိမ္မော်သီးတွေ အစားများရင် အက်ဆစ်ဓါတ်နည်းပြီး အညှီနံ့နည်းသွားနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်၊ အသားစားသုံးမှုများတာ၊ နို့ထွက်ပစ္စည်း၊ အရက်၊ ဆေးလိပ်၊ ကော်ဖီသောက်လွန်းတဲ့ အမျိုးသားတွေရဲ့ သုက်ရည်ဟာ အနံ့ပိုပြင်းပြီး အနည်းငယ်ပိုခါးတဲ့ အရသာရှိနိုင်ပါတယ်။

သုက်ရည်ရဲ့ အနံ့က ဘယ်လိုမျိုးလဲ။

အမျိုးသားတစ်ယောက်ရဲ့ ကျန်းမာရေး၊ နေ့စဉ်စားသောက်မှုပုံစံ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုပေါ်မူတည်ပြီး သုက်ရည်ရဲ့ အနံ့ဟာလည်း အစွန်းချွတ်ဆေးအနံ့၊ ငါးညှီနံ့၊ ကတိုးရနံ့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။

သုက်ရည်မှာ စိတ်ကိုပျော်ရွှင်စေတဲ့ ဓါတ်တွေ ပါဝင်နေတာဟုတ်လား။

ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အကောင်းမြင်စိတ် အစရှိတဲ့ စိတ်ခံစားချက်ကို ဖြစ်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ အန်ဒိုဖင်ဟော်မုန်း၊ အက်စထရုန်းဟော်မုန်း၊ ပရိုလက်တင်ဟော်မုန်း၊ အောက်စီတိုစင်ဟော်မုန်း၊ ဆီရိုတိုနင်ဟော်မုန်းတွေ အနည်းငယ်ပါဝင်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရှိလား။

စိတ်ကိုပျော်ရွှင်စေခြင်း၊ စိတ်ဖိစီးမှုတွေ နည်းစေခြင်းနဲ့ သန္ဓေတည်စေရန် ကူညီပေးခြင်းကလွဲရင် တခြားကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတော့ မရှိပါဘူး။ သုက်ရည်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာလည်း ပမာဏအလွန်နည်းတဲ့အပြင် ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးနိုင်တာမျိုး မဟုတ်ပါဘူး။

သုက်ရည်မျိုချရင် လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်လား။

အကာအကွယ်မပါဘဲ ပါးစပ်ဖြင့် လိင်တံကို နှိုးဆွတာ၊ သုက်ရည်မျိုချခြင်းကြောင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်လာနိုင်ပါတယ်။ ကူးစက်နိုင်တဲ့ ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် လုံးဝမကူးနိုင်တာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် HIV ဗိုင်းရပ်စ်ပိုး၊ ရေယုန် HPV ဗိုင်းရပ်စ်ပိုးတွေ၊ ဂနို၊ ခလက်မီးဒီယား၊ ကာလသားရောဂါ အစရှိတဲ့ ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့ လိုအပ်သလို ကိုယ်နဲ့ ကိုယ့်ရဲ့ အဖော်အနေနဲ့ ရောဂါပိုးတွေ ရှိ၊ မရှိ ကြိုတင်စစ်ဆေးထားဖို့တော့ လိုပါမယ်။

ဒါဆို သုက်ရည်ကို မျိုချမှာလား၊ ထွေးထုတ်မှာလား။

ဒီမေးခွန်းအတွက်ကတော့ လိင်ဆက်ဆံမှု မပြုခင် နှစ်ဦးနှစ်ဖက်လုံး ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားတာ ပိုကောင်းပါတယ်။ ကိုယ့်အတွက်တော့ သုက်ရည်မျိုချတဲ့ အပြုအမူဟာ ရွံစရာကောင်းတယ်၊ မနှစ်မြို့စရာကောင်းတယ် သို့မဟုတ် တခြားရောဂါတွေ ကူးစက်ခံရမှာ ကြောက်တယ်ဆိုရင်တော့ ကိုယ်နဲ့ ဆက်ဆံမယ့် အမျိုးသားကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး တိုင်ပင်တာ ပိုကောင်းပါတယ်။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီမှုရှိမှ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Should You Know About Swallowing Semen –https://www.healthline.com/health/healthy-sex/swallowing-semen (June 10, 2019)

 

ယခုပုံစံ

15/06/2022

Ye Myo Myat မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား

သုက်ရည်ကို မျိုချမိတဲ့အခါ HIV ပိုး ကူးစက်ခံရနိုင်လား



Ye Myo Myat မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement