backup og meta

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့ အတူတူ ဖန်တီးလိုက်စို့နော်။ မိတ်ဆွေသူငယ်ချင်းတွေ နဲ့ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေ နဲ့ပဲဖြစ်ဖြစ် အတူတူရှိနေတဲ့ ပါတီတွေ၊ ဧည့်ခံပွဲတွေမှာ ဆေးလိပ် ဒါမှမဟုတ် အရက်ကို သောက်ဖို့ သူတို့က သင့်ကို တိုက်တွန်းတောင်းဆိုနိုင်ပါတယ်။ သင့်အနေနဲ့ ငြင်းဆန်နေရင်တောင် သင်မသောက်မချင်း ထပ်မံပြီး တွန်းအားပေး တိုက်တွန်းတာမျိုးတွေလည်း မကြာခဏ ကြုံရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ လူမှုဆက်ဆံရေးလည်း မပျက်ပြားစေဘဲ ဘယ်လို ကျော်လွှားသင့်သလဲ ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့

ဆေးလိပ် နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့ဆိုရင်

ရိုးရိုးသားသားနဲ့ ထိရောက်အောင်ဖြေပါ။

သင်ပါတီပွဲကို ရောက်လို့ မသောက်တာမြင်ရင် ဘာလို့ မသောက်တာလဲ ဆိုတာ သူငယ်ချင်းတွေက မေးနိုင်ပါတယ်။ ဒါကို ဖြေရင် ရိုးရိုးလေးပဲ ဖြေလိုက်ပါ။ “ငါဒီနေ့တော့ မသောက်တော့ဘူး” “ငါမသောက်ဖို့ ကြိုးစားနေတာ” ဒီလို ဖြေပြီးတာနဲ့ သူတို့ကို တခြားမေးခွန်း ပြန်မေးတာသော်လည်းကောင်း သင်ပြောချင်တာသော်လည်းကောင်း ဆက်ပြောပြီး စကားလမ်းကြောင်း လွဲနိုင်ပါတယ်။ သူတို့က ဆက်ပြောနေလည်း ခိုင်ခိုင်မာမာ ငြင်းပါ။ ကြာလာတာနဲ့အမျှ ပြောရသူတွေ မောသွားပါလိမ့်မယ်။

ဆေးလိပ် သောက်ဖို့ တိုက်တွန်းနေရင်လည်း ဒီအတိုင်းပဲ ငြင်းဆန်နိုင်ပါတယ်။

ဆေးလိပ် နဲ့ အရက်ကြိုက်သူတွေကို ဘယ်တော့မှ အချေအတင် မပြောပါနဲ့။

ဆေးလိပ် ဒါမှမဟုတ် အရက် သောက်တာက မှားနေတယ်လို့ သူတို့ကိုပြောရင် မကြိုက်ကြပါဘူး။ အရင်းနှီးဆုံး သူငယ်ချင်း ဒါမှမဟုတ် မိသားစုကလွဲလို့ ကျန်တဲ့သူတွေကို တရားချဖို့ ကြိုးစားတာက ကောင်းတဲ့အကြံ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ ပါတီပွဲ မဆင်နွှဲခင်မှာကို သူတို့တွေက စိတ်ဆိုးကုန်ကြမှာမို့လို့ ပါပဲ။ ပိုကြိုက်တဲ့လူက ပိုပြီး စိတ်ဆိုးတတ်ပါတယ်။

စိတ်တူသဘောတူ အပေါင်းအသင်းရွေးပေါင်းပါ

လူမှုပေါင်းသင်းဆက်ဆံရေး အတွက် စိတ်တူကိုယ်တူ ဖြစ်မယ့်လူကို ရွေးချယ်ပါ။ ပါတီနဲ့ ဧည့်ခံပွဲတွေမှာ အရက် နဲ့ ဆေးလိပ် သောက်တဲ့လူတွေ များတာ မှန်ပေမယ့် သင့်လိုမျိုး မသောက်တဲ့ လူတွေလည်း ရှိပါသေးတယ်။ ဒီလို လူတွေတွေ့ရင် မိတ်ဆွေဖွဲ့နိုင်ပါတယ်။ လူတော်တော်များများက သင်အရက်နဲ့ ဆေးလိပ်သောက်သလား မသောက်သလားဆိုတာ သတိထားမိမှာတောင် မဟုတ်ပါဘူး။

ပါတီအတွက် သောက်ဖို့ တစ်ခုခုလက်ထဲအမြဲရှိပါစေ

ဒီအကြံက တမျိုးကြီး ဖြစ်နေနိုင်ပေမယ့် လက်ထဲမှာ အရက်လိုမျိုး သောက်စရာ တစ်ခုခု ရှိထားရင် သင့်ကို အရက်သောက်ဖို့ ဘယ်သူမှ ထပ်မတိုက်တွန်းနိုင်တော့ပါဘူး။

ကိုယ်နဲ့ကိုက်မယ့်ဆိုင် (နေရာ) ကို ရွေးချယ်တတ်ပါစေ

အရက်ဘားတွေ ကလပ်တွေထက်စာရင် အထာကျတဲ့ ကော်ဖီဆိုင်သွားဖို့ အကြံပေးပါ။ သီချင်းငြိမ့်ငြိမ်းလေးဖွင့်တတ်တဲ့ ကော်ဖီဆိုင်ထိုင်ပြီး စကားစမြည်ပြောရတာက ဘားတွေ ကလပ်တွေသွားသလိုပဲ ကျေနပ်ဖို့ ကောင်းပါတယ်။ ဆေးလိပ်သောက်ခွင့်မပြုတဲ့ ဆိုင်တွေသွားခြင်းဖြင့်လည်း ဆေးလိပ်ကို ရှောင်ရှားနိုင်ပါတယ်။

အရက်နဲ့ ဆေးလိပ်ကြောင့်တော့ ကိုယ့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကို အပျက်မခံသင့်ပါဘူး။ ကိုယ်သောက်မသောက်ဆိုတာလည်း ဘယ်သူမှ ကြည့်နေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပျော်ရွှင်ဖွယ်အချိန်ကို သင်ကိုယ်တိုင်ခွင့်မပြုဘဲ ဘယ်သူကမှ မနှောက်ယှက်နိုင်ပါဘူး။ ဟုတ်ပါတယ်။ ဆေးလိပ်တွေ အရက်တွေမပါဘဲနဲ့လည်း ပျော်စရာကောင်းတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုကို သင်ရနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 ways to go out and have fun without drinking alcohol! http://www.goodbyedrinking.com/8-ways-go-out-have-fun-without-drinking-alcohol/. Accessed March 19, 2017.
How to Socialize Without Alcohol: 7 Tips. http://ivyleagueinsecurities.com/2014/10/how-to-socialize-without-alcohol-7-tips/. Accessed March 19, 2017.
How to Socialize When you Don’t Drink. http://www.futurescopes.com/finding-date/9376/how-socialize-when-you-dont-drink. Accessed March 19, 2017.
How can you resist cigarettes when you are with smokers? http://www.stop-tobacco.ch/en/how-can-you-resist-cigarettes-when-you-are-with-smokers. Accessed March 19, 2017.

ယခုပုံစံ

23/08/2023

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းရောင်ရောဂါရှိပါက အရက်ကိုရှောင်သင့်ပါသလား

အရက်မသောက်သူ၏ အသည်းအဆီဖုံးရောဂါဆိုတာ ဘာလဲ


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


23/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement