backup og meta

အထူးဆန်းဆုံး ကြောက်မှု (၅) သွယ်

လူတစ်ယောက်စီမှာ ကြောက်တတ်တဲ့အရာ တစ်ခုစီတော့ ရှိစမြဲပါ။ ဒီလို ​ကြောက်တယ်ဆိုတာက သာမန် ကြောက်ရုံမဟုတ်ဘဲ။ အခြေအနေ တစ်ရပ်ရပ် ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခု၊ သတ္တဝါ တစ်ကောင်ကောင်ကို အတော်လေး ကြောက်ရွံ့တဲ့ အနေအထားပါ။

အထူးဆန်းဆုံး ကြောက်မှု (၅) သွယ်

လူတစ်ယောက်ကို အလွန်အမင်း ကြောက်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ ဒီလို ကြောက်ရွံ့မှုတွေက ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားမိနေနိုင်ပါတယ်။

ဒီလို ကြောက်ရွံ့မှုတွေထဲကမှ အထူးဆန်းဆုံးလို့ ယူဆထားတဲ့ ကြောက်ရွံ့မှုတွေက ဘာတွေများ ဖြစ်မလဲ……….

အထူးဆန်းဆုံး ကြောက်မှု (၅) သွယ်

ကြောက်ရွံ့မှုတွေ အမျိုးမျိုးထဲကမှ အထူးဆန်းဆုံးလို့ ယူဆရတဲ့ ကြောက်မှု (၅) သွယ်က ဘာတွေများ ဖြစ်မလဲ……….

ကြောက်ရွံ့မှုကို ကြောက်ခြင်း (Phobophobia)

ဒီကြောက်ရွံ့မှု အမျိုးအစားကတော့ ကြောက်ရွံ့စရာ ဖြစ်ရပ် တစ်ခုခု၊ အခြေအနေ တစ်ရပ်ရပ်၊ အရာဝတ္ထု တစ်ခုခုကို ကြောက်ရွံ့တဲ့ စိတ်အခြေအနေပါ။

ဒီအခြေအနေက ပတ်ဝန်းကျင်က အရာတစ်ခုခုကြောင့် စတင်တာမဟုတ်ဘဲ စိတ်ထဲကနေ ကြောက်ရွံ့လွန်ရင်းက စတင်လာတဲ့ ကြောက်ရွံ့မှုပါ။

နံပါတ် 666 ကို ကြောက်ခြင်း (Hexakosioihexekontahexaphobia)

ဒီကြောက်ရွံ့မှုက နံပါတ် 666 ကိုကြောက်တာပါ။ ဥပမာ ပြောပြရရင် Friday 13 ကို ကြောက်သလို မျိုးပေါ့။ ဒီဂဏန်းတွေက ကံဆိုးခြင်းတွေ ယူဆောင်လာလိမ့်မယ်ဆိုတဲ့ အယူအဆ အစွဲကြောင့် ကြောက်စိတ်ဝင်လာတာပါ။

ဒီဂဏန်းကို မြင်ရင် ကံဆိုးမယ်။ ဒီဂဏန်းကို ကြားရင် နိမိတ်မကောင်းဘူးဆိုတဲ့ အယူအစွဲတွေကြောင့် ဖြစ်ပေါ်ခံစားရတဲ့ စိတ်အခြေအနေ တစ်ရပ်ပါ။

ငှက်မွေးတောင်တွေကို ကြောက်ခြင်း (Pteronophobia)

ဒါက ကြားလိုက်ရင် ရုတ်တရက် ယုံကြည်ဖို့ ခက်နိုင်ပါတယ်။ ငှက်မွေးက နုနုလေးပဲ အန္တရာယ်လည်း မရှိဘူး ဘာကို ကြောက်စရာရှိလို့ လဲပေါ့။

ငှက်မွေးက ပျော့တာ မှန်ပေမယ့် ဒီကြောက်ရွံ့မှုကို ခံစားနေရသူအဖို့တော့ ငှက်မွေးက သူ့ကို အန္တရာယ် ဖြစ်စေမယ့် အရာလို့ ခံစားနေရတာပါ။ ဒီလို ဖြစ်ရတာက ငယ်စဉ်မှာ ငှက်မွေးကြောင့် အသက်ရှူ ကြပ်တာလိုမျိုး ပြဿနာကို ခံစားဖူးခဲ့တာကြောင့်ပါ။

သစ်တောတွေ၊ တောအုပ်တွေကို ကြောက်ခြင်း (Hylophobia)

ဒီကြောက်ရွံ့မှုကတော့ သစ်တောတွေ၊ တောအုပ်တွေ၊ သစ်ပင် အုံ့အုံ့ဆိုင်းဆိုင်း ရှိနေတဲ့ နေရာတွေကို ကြောက်ရွံ့တာပါ။ ဒါကတော့ သစ်တောတွေနဲ့ ပတ်သက်ပြီး စိုးထိတ်ကြောက်လန့်စရာ အခြေအနေ တစ်ခုခုကို ကြုံဖူးတာကြောင့်ပါ။

တောထဲမှ လမ်းပျောက်ဖူးတာ၊ သစ်ပင်၊ သစ်ခက်တွေကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဖူးသူတွေမှာ အဖြစ်များပါတယ်။

အရှင်လတ်လတ် မြေမြှုပ်ခံရမှာကို ကြောက်ခြင်း (Taphophobia)

ဒီကြောက်ရွံ့က ကြားဖူးနေတဲ့ အဖြစ်အပျက်တွေ၊ အရင်တုန်းက ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ဇာတ်ကြောင်းတွေ၊ ရုပ်ရှင်တွေကနေ အစပြုလာတဲ့ ကြောက်ရွံ့မှုပါ။ အသက်ရှင်နေတယ်။ မြောနေတုန်း မသိဘဲ မြှုပ်လိုက်မိတယ်ဆိုတဲ့ အကြောင်းတွေ၊ သတိမေ့နေတာကို မသိဘဲ သေပြီလို့ ယူဆပြီး မြှုပ်လိုက်မိတယ်ဆိုတဲ့ အကြောင်းအရာတွေကနေ ငါသာဆိုရင် ဘယ်လို လုပ်မလဲဆိုတဲ့ အသိက စလာတဲ့ ကြောက်ရွံ့မှုပေါ့။

ကိုယ်တိုင်မှာရော ဒီလို ထူးထူးဆန်းဆန်း ကြောက်ရွံ့မှုတစ်ခုခု ရှိနေလားဆိုတာကို ဆန်းစစ်ကြည့်လိုက်ပါနော်…………..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 5 Strangest Phobias https://www.famousscientists.org/top-5-strangest-phobias/ Accessed Date 7 December 2020

Phobias https://www.nhs.uk/conditions/phobias/ Accessed Date 7 December 2020

ယခုပုံစံ

08/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အကြောက်လွန်ရောဂါ

Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။