backup og meta

လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ

လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ ဆိုတော့ ပရိသတ်ကြီးရော ဘယ်လို ထင်လဲ ……

လမ်းခွဲတယ်ဆိုတာ ဘယ်တုန်းကမှ ပျော်ရွှင်စရာကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လမ်းခွဲချိန်မှာ ကြေကွဲဝမ်းနည်းမှုတွေ၊ နာကျင်ခံစားရမှုတွေကို ရင်ဆိုင်ကြရစမြဲပါပဲ။

မျက်ရည်တွေ၊ ဒေါသအမျက်တွေ၊ လွမ်းဆွတ် တမ်းတမှုတွေ၊ စိတ်ရှုပ်ထွေးစရာညတွေ၊ စိတ်လိုက်မာန်ပါ အလွန်အကျူးစားသောက်မှုတွေဟာ Relationship တစ်ခု အဆုံးသတ်သွားချိန်မှာ ကြုံရတတ်တာမျိုးတွေပါ။ ဒီလိုအချိန်မျိုးမှာ အမျိုးသားဘက်ကဖြစ်စေ အမျိုးသမီးဘက်ကဖြစ်စေ ဘယ်သူပိုခံစားရသလဲဆိုတဲ့ အတွေးမျိုးဝင်လာလေ့ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုမေးခွန်းမျိုးကို သိပ်စိတ်ဝင်စားတတ်ကြပါတယ်။

လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ

လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ ဆိုတော့

လူနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတစ်ခု အဆုံးသတ်သွားချိန်မှာ ဘယ်သူပိုခံစားရလဲဆိုတဲ့ မေးခွန်းဟာ အရေးပါလို့လား။ ဒါပေမယ့်လည်း ကာယကံရှင်တွေကိုယ်တိုင်သာမက အနီးဝန်းကျင်ကလူတိုင်းက ဒီမေးခွန်းအပေါ် စိတ်ဝင်စားနေကြဆဲပါ။ လုံးဝ လမ်းခွဲပြတ်စဲလိုက်ကြတာလား? ဒါမှမဟုတ်သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေကြဦးမှာလားဆိုတာမျိုးကလည်း လူတိုင်း သိချင်ကြတဲ့ မေးခွန်းမျိုးတွေလိုပါပဲ။

တကယ်တော့ ဆက်ဆံရေးတစ်ခု ပြတ်တောက်သွားတဲ့အခါမျိုးမှာ နှစ်ဦးစလုံး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဘယ်သူက စတင်လမ်းခွဲသည်ဖြစ်စေပေါ့။ ဒါပေမယ့် ထူးခြားတာကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား ခံစားပုံခြင်းမတူကြပါဘူး။

လမ်းခွဲကြတဲ့အခါမျိုးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပတ်ဝန်းကျင်၊ မိသားစုနဲ့ သူငယ်ချင်းတွေဆီက ပံ့ပိုးမှု ပိုမိုရရှိတတ်ပါတယ်။ အမျိုးသားတွေလည်း ဒီလို ပံ့ပိုးမှုမရရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသားတွေ ရနိုင်တဲ့ ပမာဏက နည်းပါးတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အသည်းကွဲချိန်တွေမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး တက်တက်ကြွကြွရှိတတ်ပြီး ခံစားချက်ကို ဖုံးကွယ်နိုင်စွမ်းပိုများတာကြောင့် သိပ်မခံစားရဘူးလို့ ထင်မြင်ခံရတတ်ပါတယ်။ တကယ်တမ်း စစ်တမ်းတွေအရဆိုရင် အသည်းကွဲမှုဝေဒနာနဲ့ ဆက်စပ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပမာဏပိုများပါတယ်။

အသည်းကွဲနေချိန်မှာ အမျိုးသမီးတွေက ပိုပြီး လူသိရှင်ကြား ပိုမိုထုတ်ဖော်ခံစားကြပြီး အမျိုးသားတွေကတော့ ပိုပြီး လှုပ်လှုပ်ရှားရှားနေထိုင်ဖြစ်ဖို့ ကြိုးစားကြပါတယ်။ အမျိုးသမီးတွေဟာ လမ်းခွဲပြတ်စဲပြီးချိန်မှာ ကြေကွဲဝမ်းနေတာမျိုးဖြစ်ပြီး အမျိုးသားတွေကတော့ အလုပ်ကို ဖိလုပ်တာမျိုး၊ အရက်သေစာသောက်စားလိုက်တာမျိုး၊ မိတ်ရင်းဆွေရင်းတွေနဲ့ သောက်ရင်းစားရင်း ရင်ဖွင့်တာမျိုး၊ အွန်လိုင်းပိုသုံးပြီး တခြားဇာတ်လမ်းတစ်ခု စတင်ဖို့ ကြိုးစားလာတာမျိုး စသဖြင့် အာရုံလွှဲပစ်လို့ရမယ့် အရာမျိုးကို လုပ်ပစ်လိုက်ကြတာမျိုးပါ။

Journal of Health and Social Behavior ရဲ့ သုတေသနအရဆိုရင်တော့ အသည်းကွဲတဲ့ ဝေဒနာကို အမျိုးသားတွေက ပိုခံစားရတယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်အကြား အမျိုးသားတွေရဲ့ အမူအကျင့်တွေကို သုတေသနပြုခဲ့တဲ့ သူတို့ရဲ့ အစီရင်ခံစာအရ သူတို့ရဲ့ သုတေသန ပြုချက်တွေအရ အမျိုးသားတွေရဲ့ နာကျင်ခံစားရမှုဟာ အမျိုးသမီးတွေထက်ပိုတယ်လို့ ဆိုပါတယ်။

U.S. doctor’s discovery ရဲ့ သုတေသနပြုချက်မှာတော့ Relationship တစ်ခု အဆုံးသတ်သွားချိန်မျိုးတွေမှာ အမျိုးသမီးတွေဟာ Broken Heart Syndrome ကို ပိုမိုခံစားရတတ်ပါတယ်တဲ့။ Broken Heart Syndrome ဆိုတာက ယာယီနှလုံးရောဂါလက္ခဏာ တစ်မျိုးပါ။ ပြင်းထန်တဲ့ စိတ်ခံစားနာကျင်ခံစားရမှုတွေနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် နှလုံးအတွင်း သွေးလည်ပတ်စီးဆင်းမှု လျော့နည်းပြီး နှလုံးကြွက်သားတွေ အားနည်းသွားခြင်းဖြစ်ပါတယ်။

သုတေသန ရလဒ်တွေက ဘယ်လိုပင်ပြောနေပါစေ လမ်းခွဲမှုတိုင်းမှာ နာကျင်ခံစားရတာက နှစ်ဘက်လုံးမှာ ရှိတတ်တာပါပဲ။ မတူညီတဲ့ နည်းလမ်းတွေနဲ့ တုန့်ပြန်ကြပေမယ့် နှစ်ဦးလုံး ထိခိုက်ကြရပါတယ်။ ဘယ်သူက ပိုခံစားရလဲဆိုတာကို တိုင်းတာဖို့ဆိုရင် ကျား၊ မ ဖြစ်တည်မှုနဲ့ တိုင်းတာဖို့ မလွယ်ပါဘူး။ ဘယ်သူက ဒီ Relationship အပေါ် ဘယ်လောက် အလေးအနက်ထားခဲ့သလဲဆိုတာနဲ့ တိုင်းတာမှသာ နီးစပ်တဲ့ အဖြေမျိုးထွက်ပေါ်နိုင်ပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/balance/stress-management/news/20110719/how-common-is-broken-heart-syndrome#1

https://www.glamour.com/story/why-breakups-are-harder-on-men-glamour-magazine-october-2012

https://www.psychologytoday.com/us/blog/it-s-man-s-and-woman-s-world/201412/why-breakups-are-actually-tougher-men

https://www.telegraph.co.uk/news/health/news/7814010/Men-suffer-more-emotional-pain-from-failed-romance-report-claims.html

ယခုပုံစံ

07/12/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာ ဘယ်လိုကွာသလဲ

ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/12/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။