backup og meta

တစ်နေ့တာလုံး ပိုပြီး တက်တက်ကြွကြွ ဖြစ်နေစေဖို့ ဘယ်လိုလုပ်ရမလဲ

တစ်နေ့တာလုံး ပိုပြီး တက်တက်ကြွကြွ ဖြစ်နေစေဖို့ ဘယ်လိုလုပ်ရမလဲ ….. နည်းလမ်း ကောင်းလေးတွေကို ပြောပြပေးထားတာမို့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။

တစ်နေ့တာလုံး ပိုပြီး တက်တက်ကြွကြွ ဖြစ်နေစေဖို့ ဘယ်လိုလုပ်ရမလဲ

တစ်နေ့တာလုံး ပိုပြီး တက်တက်ကြွကြွ ဖြစ်နေစေဖို့ ဘယ်လိုလုပ်ရမလဲ

ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းနဲ့ ကြွက်သားတက် လေ့ကျင့်ခန်း လုပ်ခြင်းအပြင် တစ်နေ့လုံး တက်ကြွနေစေနိုင်တဲ့ တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ သင် မှတ်ထားရမှာက သင်လှုပ်ရှားလေ သင့် ကိုယ်ထဲက ကယ်လိုရီ ပိုလောင်ကျွမ်းလေ သင့်သွေးချိုနဲ့ သွေးပေါင်ချိန်ကို ပုံမှန် ထားနိုင်လေပဲ ဖြစ်ပါတယ်။

အချိန် အကြာကြီး ထိုင်ခြင်းက ကျန်းမာရေး အတွက် ထိခိုက်နိုင်လား ဆိုတာ သိစေဖို့ လေ့လာမှုတွေ ပိုပိုပြီး လုပ်နေကြပါတယ်။ ရုံးမှာ ထိုင်နေရင်းက တစ်နာရီတစ်ခါလောက် ခြေလက် အကြောဆန့်ပြီး ရုံးခန်းထဲ လမ်းလျှောက်ပေးခြင်းက ခုံမှာပဲ နာရီပေါင်း များစွာ ထိုင်နေတာထက် သာပါတယ်။ သင်ထပြီး လှုပ်ရှားနိုင်သလောက် လှုပ်ရှားပါ။ အောက်မှာ ဖော်ပြထားတာတွေက သင် လုပ်နိုင်တာလေးတွေပါ။

အလုပ်မှာ ဆိုရင် …

  • ကားပါကင် နေရာ နဲ့ ရုံးခန်းတွေမှာ သွားလာရင် ဓာတ်လှေကား အစား ရိုးရိုး လှေကား သုံးပါ။
  • ရုံးမှာ တစ်နာရီ တစ်ခါလောက် ထ၊ ခြေလက် ဆန့်ပြီး ရုံးတစ်ပတ် လမ်းလျှောက်ပါ။
  • သင့် ခုံမှာပဲ ထပြီး အကြောဆန့်ပါ။
  • နေ့လယ်စာ စားချိန်ဆိုရင် စားသောက်ဆိုင်ဆီ လမ်းလျှောက်သွားပါ။
  • တကယ်လို့ သင်က ဘတ်စ်ကားတွေ၊ ရထားတွေ စီးပြီး အလုပ် လာတယ် ဆိုရင် မှတ်တိုင် စောဆင်းပြီး ရုံးထိ လမ်းဆက်လျှောက်ပါ။
  • သင့်ခုံမှာ ထိုင်နေတုန်း ခုံနဲ့ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။
  • Fidget ဆိုတဲ့ ခုံမှာ ထိုင်ရင်း လုပ်လို့ရတဲ့ လှုပ်ရှားမှု အသေးစားလေးတွေကို သုံးလို့ ရမယ်ဆိုရင် သုံးပါ။

အိမ်မှာ ဆိုရင် …

  • ခွေးကို ခေါ်ပြီး လမ်းလျှောက်ပါ။
  • သင့် ခြံထဲက အမှိုက်လှဲတာ လိုမျိုး သစ်ရွက် ကောက်တာ လိုမျိုး အလုပ်တွေ လုပ်ပါ။
  • တံမြက်စည်း လှည်းတာ၊ ပန်းကန် ဆေးတာစတဲ့ အိမ်အလုပ်တွေ ကိုယ်တိုင် လုပ်ပါ။
  • ကလေးတွေ နဲ့ ကစားပေးပါ။
  • သင်ကြိုက်တဲ့ ရုပ်ရှင် ကြည့်နေတုန်း ကြော်ငြာ လာရင် လမ်းထလျှောက်ပါ။
  • ကားကနေ တစ်ခုခု သယ်တာ ပဲဖြစ်ဖြစ်၊ လှေကားပေါ် သယ်တာ ပဲဖြစ်ဖြစ် အသွား အပြန် နှစ်ကြိမ် လုပ်ပါ။
  • ဖုန်းပြောနေစဉ် လမ်းလျှောက်ပါ၊ လှေကား တက်ဆင်း လုပ်ပါ။

သင် အပြင်ရောက်နေ တဲ့အခါ …

  • ဈေးဝယ်စင်တာ နဲ့ ဝေးတဲ့နေရာမှာ ကားပါကင် ထိုးပြီး ဈေးဝယ်စင်တာကို လမ်းလျှောက် သွားပါ။
  • ကုန်စုံဆိုင် ရောက်ရင် နေရာစုံ လိုက်သွား လိုက်ကြည့်ပါ။
  • တကယ်လို့ လေဆိပ်မှာ လေယာဉ် စောင့်နေတာ ဆိုရင် လေဆိပ်မှာ လမ်းလျှောက်ပါ။
  • တကယ်လို့ ကားလမ်းခရီး ထွက်နေရတာ ဆိုရင် နာရီ အနည်းငယ် တစ်ခါ ကားရပ်ပြီး ခြေဆန့်လက်ဆန့်  လမ်းလျှောက်ပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Stay Active All Day.

http://www.coreperformance.com/daily/one-small- change/how-to- stay-active-all- day.html.

Accessed October 28, 2016.
8 Simple Ways to Stay Active During the Day.

http://www.besthealthmag.ca/best-you/health/8- simple-ways-to- stay-active- during-the- day/.

Accessed October 28, 2016.
8 Secrets For All-Day Energy.

http://www.prevention.com/health/sleep-energy/8- solutions-all- day-energy.

Accessed October 28, 2016.

ယခုပုံစံ

02/10/2023

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး သိထားသင့်သော အကြောင်းရာများ

ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/10/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ