အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းဆိုသည်မှ လိင်တံအရေပြားမှကြပ်နေပြီး နောက်ကိုဆွဲမရသည့်အခြေအနေကို ခေါ်ပါသည်။ အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းမှာ ဆီးသွားသည့်အခါ၊ လိင်ဆက်ဆံသည့်အခါတွင် အနှောက်အယှက်ဖြစ်နိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေကို မြင့်မားစေပါသည်။
ဒီရောဂါမှာ ထိပ်ဖြတ်မထားသူများတွင် အဖြစ်များသောရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းမှာ များသောအားဖြင့် နာကျင်မှုမရှိပါ။ သို့သော် ထိပ်အရေပြားကြပ်နေသောကြောင့် ဆီးသွားရာနှင့် လိင်ဆက်ဆံရာတွင် အခက်အခဲ ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိပ်ဖူးငုံခြင်းကြောင့် အတွင်းအသားပိုင်းများကို သန့်ရှင်းအောင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် အရေပြား၌ပိုးဝင်လွယ်ပါသည်။
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းကြောင့် ဆီးသွားရခက်ခြင်း သို့မဟုတ် လိင်ဆက်ဆံရခက်ခြင်းတို့ ဖြစ်လာလျှင် ဆရာဝန်နှင့် စစ်ဆေးပြီး အကြံဉာဏ်တောင်းခံသင့်ပါသည်။ ထို့အပြင် လိင်တံခေါင်း၌ နီခြင်း၊ နာခြင်း၊ ဖောင်းကြွခြင်း ဖြစ်လာပါက လိင်တံခေါင်းရောင်ခြင်းကြောင့်ဖြစ်ပြီး ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။
များသောအားဖြင့် အသက် ၃ နှစ်မှ ၄ နှစ်အတွင်းတွင် လိင်တံအရေပြားမှာ နောက်သို့ဆွဲရနိုင်ပါသည်။ သို့သော် တစ်ချို့ကလေးများတွင်တော့ ပြုလုပ်မရနိုင်ပဲ ထိပ်ဖူးငုံခြင်းဖြစ်သွားနိုင်ပါသည်။
အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
အန္တရာယ်ရှိသည့်အချက်များ သင့်တွင်မရှိရုံနှင့် မဖြစ်နိုင်ဟုမဆိုလိုပါ။ အထက်ပါလက္ခဏာများမှ မှီငြမ်းရန်အတွက်သာဖြစ်သည်။ အသေးစိတ်သိလိုပါက အထူးကုနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါရာဇဝင်၊ လက္ခဏာများကိုမေးခြင်း၊ လိင်တံအားစစ်ဆေးခြင်းဖြင့် အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းကို အတည်ပြုနိုင်ပါသည်။
အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းသည် လက္ခဏာများကို မဖြစ်စေပါက အထူးသဖြင့် ကလေးများတွင် ကုသရန်မလိုတတ်ပါ။ သို့သော် ကလေးများ၌ ရောဂါလက္ခဏာမသက်သာလျှင် သို့မဟုတ် ဆီးသွားရ ဝမ်းသွားရခက်လာလျှင် hydrocortisone cream များကို လိမ်းပေးနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ထိပ်ဖူးငုံခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ကျန်းမားသော နေထိုင်မှုပုံစံကိုလိုက်နာပါ။ လေ့ကျင့်ခန်းလုပ်ပြီး အန္တရာယ်ဖြစ်စေသည့် ဆေးလိပ်နှင့် အရက်များကိုရှောင်ပါ။ နှစ်ကိုယ်ကြားဆက်ဆံရေးတွင် ဖိစီးမှုများဖြစ်လာလျှင် နည်းလမ်းရှာပြီးဖြေရှင်းပါ။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page1469.
Phimosis and paraphimosis http://www.drugs.com/health-guide/phimosis-and-paraphimosis.html. Accessed July 13, 2016.
Phimosis http://www.nhs.uk/conditions/phimosis/pages/introduction.aspx. Accessed July 13, 2016
ယခုပုံစံ
02/12/2019
Dr. Hlaing Min Ko Ko မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/12/2019 ဖြစ်ပါသည်။