သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 20, 2020 . 2 mins read
Share now

သုက်လွှတ်စဉ် နာကျင်ခြင်းကို ဆေးပညာအရ dysorgasmia (သို့မဟုတ်) orgasmalgia လို့ ခေါ်ဝေါ်ပြီး အတော်အသင့်ကနေ ဆိုးရွားတဲ့အထိ နာကျင်တတ်ပါတယ်။ သုက်လွှတ်ချိန်မှာဖြစ်စေ၊ လွှတ်ပြီးချိန်မှာဖြစ်စေ နာကျင်တတ်ပါတယ်။ လိင်တံ၊ ကပ္ပာယ်အိတ်နဲ့ စအိုဝန်းကျင်မှာ နာတတ်ပါတယ်။ ဒီပြဿနာဟာ လိင်မှုကိစ္စမှာ အတော်လေးကို အနှောက်အယှက်ဖြစ်စေပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ သုက်လွှတ်စဉ် ဘာကြောင့် နာကျင်ရသလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အောက်ပါအခြေအနေများဟာ သုက်လွှတ်စဉ် နာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

၁။ ဆီးကျိတ်ရောင်ခြင်း

ဆီးကျိတ်ဂလင်းရောင်ခြင်းကို ဆိုလိုပါတယ်။ အသက် ၅၀ ခန့် အမျိုးသားတွေမှာ ကြုံရတဲ့ ဆီးလမ်းကြောင်း ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဟာ ဆီးသွားချိန်မှာ နာကျင်ခြင်း၊ မကြာခဏ ဆီးသွားခြင်း စတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ မှားယွင်းတတ်ပါတယ်။ တခြား ထပ်မံကြုံရနိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနဲ့ လိင်တံထောင်မတ်စဉ် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဆီးကျိတ်ရောင်နိုင်ခြေ များစေတဲ့အကြောင်းအရာတွေကတော့

– ဆီးချို

ကိုယ်ခံအားနည်းခြင်း

– စအိုမှလိင်ဆက်ဆံခြင်း

– ဆီးပိုက်တပ်ထားခြင်း စတာတွေပဲ ဖြစ်ပါတယ်။

၂။ ခွဲစိတ်ခြင်း

တချို့သော ခွဲစိတ်ခြင်းတွေဟာ သုက်ထွက်စဉ် နာကျင်ခြင်းအပါအဝင် ဘေးထွက်ဆိုးကျိုးများပါတယ်။ ဥပမာဆိုရရင် ဆီးကျိတ်နဲ့ပတ်ဝန်းကျင် တစ်ရှူးတွေကို ဖြတ်တောက်ခွဲစိတ်ရတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ များသောအားဖြင့် ဆီးကျိတ်ကင်ဆာကုသရာမှာ သုံးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပန်းညှိုးခြင်း၊ လိင်တံနာကျင်ခြင်း၊ သုက်လွှတ်စဉ်နာကျင်ခြင်း စတာတွေ ဖြစ်စေတတ်ပါတယ်။ အူကျခြင်းကို ခွဲစိတ်ကုသရင်လည်း သုက်လွှတ်စဉ် နာကျင်ခြင်း ဖြစ်တတ်ပါတယ်။

၃။ အရည်အိတ် (သို့) ကျောက်တည်ခြင်း

သုက်လွှတ်တဲ့ပြွန်တလျှောက်မှာ အရည်အိတ် ဒါမှမဟုတ် ကျောက်တည်နေရင် သုက်ထွက်ရာလမ်းကြောင်းကို ပိတ်ဆို့ရာရောက်ပါတယ်။ ဒါကြောင့် မြုံခြင်း၊ သုက်လွှတ်စဉ် နာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။

၄။ စိတ်ကျကုသဆေးများ

စိတ်ကျရောဂါအတွက်ပေးတဲ့ ဆေးဝါးတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ လိင်ကိစ္စမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ သုက်လွှတ်ချိန်မှာ နာကျင်ခြင်းလည်း ပါဝင်ပါတယ်။ ဘေးထွက်ဆိုးကျိုး အများဆုံးဖြစ်စေတတ်တဲ့ ဆေးတွေကတော့

• SSRI ဆေးများ

• SNRI ဆေးများ

• Tricyclics ဆေးများ

• MAOI အုပ်စုဝင်ဆေးများ စတာတွေ ဖြစ်ပါတယ်။

၅။ အာရုံကြောနာကျင်ခြင်း

ဆီးခုံအောက်ပိုင်း စအိုဝန်းကျင်မှာရှိတဲ့ အာရုံကြောတွေ နာကျင်တဲ့ပြဿနာ ဖြစ်ပါတယ်။ လိင်အင်္ဂါရော စအိုနေရာပါ နာကျင်နေတတ်ပါတယ်။ ထိခိုက်မိခြင်း၊ ဆီးချိုရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

၆။ ဆီးကျိတ်ကင်ဆာ

များသောအားဖြင့် ဆီးကျိတ်ကင်ဆာဟာ လက္ခဏာ မပြတတ်ပေမယ့် သုက်ထွက်ချိန်မှာတော့ နာကျင်စေတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ ဆီးသွားရခက်ခြင်း၊ ပန်းညှိုးခြင်း၊ ဆီးနဲ့ သုက်ရည်ထဲ သွေးပါခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

၇။ ဓာတ်ရောင်ခြည်ကုထုံး

ဆီးခုံဝန်းကျင်ကို ဓာတ်ရောင်ခြည်ပေးကုသခြင်းဟာ ပန်းညှိုးခြင်း၊ သုက်လွှတ်စဉ် နာကျင်ခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် ဒီဘေးထွက်ဆိုးကျိုးများဟာ ယာယီပဲ ဖြစ်ပါတယ်။

ဆရာဝန်ပြသဖို့ လိုသလား

အကယ်၍ ဒီပြဿနာဟာ ယာယီမဟုတ်ဘဲ ကြာနေမယ်ဆိုရင်တော့ ဆရာဝန်ပြသဖို့ လိုပါတယ်။ လိုအပ်တဲ့ စမ်းသပ်မှုတွေပြုလုပ်ပြီး ပြဿနာရဲ့ ရင်းမြစ်ကို ရှာဖွေပါလိမ့်မယ်။ လိုအပ်ရင် ဆီးလမ်းကြောင်းအထူးကုနဲ့ ပြသရနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားကျန်းမာရေးအချိန်အခါ နိုဝင်ဘာ

Movember ဆိုတဲ့ပွဲဘယ်ကစဖြစ်လာသလဲ၊ ဘာတွေလုပ်ကြသလဲ၊ ဘယ်လိုကျန်းမာရေး ကိစ္စတွေအတွက် ပြုလုပ်သလဲဆိုတာပြောပြမယ်နော်။ ကိုယ်လက်လေ့ကျင့်ခန်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကအနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေက ဘာတွေများလဲ။

ရေးသားသူ Dr. Thiha Phyo Myint

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ရင်သားရှိသူတိုင်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ ရှားပါးပေမဲ့ အမျိုးသားတွေလည်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဘီယာချက်လုပ်ရာမှာ အသုံးပြုတဲ့ ဗျစ်ပွင့်ရဲ့ ကျန်းမာရေး အာနိသင်

ဘီယာမှာ ခါးသက်တဲ့အရသာရစေဖို့ ထည့်သုံးလေ့ရှိတဲ့ ဗျစ်ပွင့်က ဘီယာအတွက်ပဲ အသုံးတည့်တာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ ပေးပါသတဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 3 mins read
ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 2 mins read
အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီဖြစ်တဲ့ ဆေးခြောက် (Cannabis)

အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီဖြစ်တဲ့ ဆေးခြောက် (Cannabis)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read