ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 22, 2020 . 2 mins read
Share now

ဇက်ကြောတက်တယ်ဆိုတာ အရင်က အထိုင်များတဲ့အလုပ်လုပ်သူတွေ၊ ကွန်ပျူတာအသုံးများသူတွေမှာသာ ကြားရလေ့ရှိပေမယ့် အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းတွေပေါလာတာနဲ့အမျှ မဖြစ်ဖူးသူမရှိသလောက်ဖြစ်လာပါပြီ။ တိုးတက်ခေတ်မီလာမှုရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုပေါ့လေ။ ဖုန်း သို့မဟုတ် လပ်တော့ကွန်ပျူတာလေးနဲ့ ဖေ့စ်ဘုတ်သုံးနေမယ်၊ ဂိမ်းဆော့နေမယ်၊ ရုပ်ရှင်ကြည့်နေမယ် ဆိုရင် ကိုယ်နေဟန်ထား ပုံစံမမှန်တာနဲ့ ဇက်ကြောတက်တာ၊ အကြောအခြင်တွေတောင့်တင်းတာတွေဖြစ်လာပါလိမ့်မယ်။

ဇက်ကြောတက်ရတဲ့အကြောင်းရင်းတွေထဲမှာ –

ဇက်ကြောတက်တတ်သူဆိုရင် ဒီအချက်တွေကို မမေ့ပါနဲ့

ကွန်ပျူတာကြည့်တဲ့အခါ ခါးဆန့်ပြီးထိုင်ပါ

ကွန်ပျူတာမျက်နှာပြင်နဲ့ မျက်လုံးကို တတန်းတည်းကျပါစေ။ ခါးဆန့်ပြီး အနေအထားမှန်ကန်စွာထိုင်ပါ။ ကွန်ပျူတာကို ငုံ့ကြည့်နေရတာ၊မော့ကြည့်နေရတာမျိုး၊ ခါးကိုကိုင်းပြီးထိုင်တာမျိုး၊ ကွန်ပျူတာမျက်နှာပြင်ကို ကပ်ပြီး စိုက်ကြည့်တာမျိုး မဖြစ်သင့်ပါဘူး။ လပ်တော့ သို့မဟုတ် တက်ဘလက်ကိုကြည့်တဲ့အခါပေါင်ပေါ်တင်သုံးတာထက် ၄၅ ဒီဂရီအနေအထားမှာထားနိုင်ဖို့ခေါင်းအုံးလေးဖြစ်ဖြစ်ခုထားပါ။

လည်ပင်းနဲ့ ပခုံးကို အကြောဆန့်ပေးပါ

လက်နှစ်ဖက်ကိုဆန့်ချထားပြီး ဘယ်ညာတစ်ဖက်စီခေါင်းကိုစောင်းပြီး လည်ပင်းကြောတွေဆန့်ပေးပါ။ တစ်ခါစောင်းတိုင်း စက္ကန့် ၃၀လောက်ထားပြီးနောက်တစ်ဖက်ပြောင်းပါ။နောက်တစ်ဆင့်က ဘယ်လက်ကို တန်းအောင်မြှောက်တင်ပြီးလက်ဖျားထိပ်မော့ကြည့်ပါ (စက္ကန့် ၃၀)၊ပြီးရင် ညာလက်ကိုမြှောက်ပါ။

ရေနွေး သို့မဟုတ်ရေခဲကပ်ပါ

ဒဏ်သက်သာအောင်ရေခဲကပ်ရမလား၊ရေနွေးကပ်ရမလား ဇဝေဇဝါဖြစ်တတ်ကြပါတယ်။ တကယ်တော့ ထိခိုက်ဒဏ်ရာတွေအတွက်ရေခဲက ပိုကောင်းပြီး အရွတ်၊အကြော၊ကြွက်သားဒဏ်ဖြစ်တာတွေအတွက်ရေနွေးအိတ် သို့မဟုတ် ကြပ်ထုပ်က ပိုအဆင်ပြေပါတယ်။ အရမ်းတောင့်တင်းနေတာအတွက် သိပ်မပူတဲ့ ခပ်နွေးနွေးကြပ်ထုပ်လေးကပ်ပေးရင် အုန်းလွဲတာတောင် တဖြည်းဖြည်းသက်သာနိုင်ပါတယ်။

နှိပ်နယ်ပါ

လည်ပင်းတဝိုက်ကြွက်သားတွေကို နှိပ်နယ်ပေးခြင်းကတောင့်တင်းမှုကိုလျော့ပါးသက်သာစေပါတယ်။ အသာအယာနှိပ်နယ်တာက အဆင်ပြေပေမယ့်ပြင်းထန်လို့တော့မဖြစ်ပါဘူး။

ရေဓါတ်ဖြည့်ပါ

ရေသောက်တာနဲ့ဘာဆိုင်လို့လဲလို့ မတွေးပါနဲ့။ရေဓါတ်ပြည့်ဝနေတဲ့အခါ ဇက်ကြောတက်၊တောင့်တင်းနာကျင်တာတွေသက်သာနိုင်တယ်၊ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ကျောရိုးမကြီးရဲ့အဆစ်ပြားလေးတွေက ဟန်ချက်ညီအောင်ထိန်းညှိနိုင်ဖို့နဲ့ ခါးဆစ်ရိုးမှာ ဖိအားမဖြစ်စေဖို့ရေကိုလိုအပ်ပါတယ်။

အလွယ်လေ့ကျင့်ခန်းလုပ်ပါ

  • ခေါင်းကိုရှေ့ငိုက်ချလိုက်၊နောက်လှန်ချလိုက်လေ့ကျင့်ခန်းကိုဖြည်းဖြည်းလုပ်ပါ။ဘေးကိုလှည့်တာလည်း တလှည့်စီလုပ်ပါ။
  • ကြွက်သားတွေတောင့်လာပြီလို့ခံစားရရင်ခေါင်းကို ဘယ်ဘက်စောင်းချပါ(ဖြည်းဖြည်းချင်း)။ ပြီးရင်ညာဘက်ကိုစောင်းပါ။ နည်းနည်းနာရင်နာနိုင်ပေမယ့်ဖြည်းဖြည်းလုပ်ရင်ဘာမှမဖြစ်ပါဘူး။
  • ဒီနည်းကို ဇက်ကြောတောင့်တင်းလာတိုင်းလုပ်လို့ရပါတယ်။နေရတာပေါ့ပါးလာပါလိမ့်မယ်။

အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့

တစ်ပုံစံတည်းထိုင်နေတာကြာတဲ့အခါ လှုပ်လိုက်တာနဲ့ တစ်ကိုယ်လုံးအကြောအခြင်တွေတောင့်တင်းနေမှာသေချာလို့ပါ။

မျက်မှန်တပ်သြူဖစ်ရင် ပါဝါအမြဲစစ်ပါ

လက်ရှိတပ်ထားတဲ့မျက်မှန်က ပါဝါကိုက်မှဖြစ်မှပါ။ မျက်မှန်ပါဝါတက်နေတာ အသစ်မလဲရင် မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေဖြစ်လာပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတက်နိုင်ပါသလား။ တကယ်လို့ သွေးတက်ခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုရမလဲ။ သွေးပေါင်မြန်မြန်ချတာက အန္တရာယ်ကင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ Detox Water သောက်ရတယ်မဟုတ်လား။ ခုလည်းဆိုရှယ်မီဒီယာကြောင့် စိတ်တွေပင်ပန်းနေချိန်မှာ Digital Detox လုပ်ကြည့်ပါလား

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read