backup og meta

ခေါင်းတစ်ခြမ်းကိုက်တာ သက်သာစေဖို့

ခေါင်းတစ်ခြမ်းကိုက်တာ သက်သာစေဖို့

ခေါင်းတစ်ခြမ်းကိုက်တာက တော်တော်လေးခံစားရခက်တာပါ။ အကြီးစားရောဂါမဟုတ်ပေမယ့် တစ်နေ့တာလုပ်ဆောင်မှုတွေအပေါ်မှာ တော်တော်လေးထိခိုက်စေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တဲ့ အခါ မြန်မြန်သက်သာစေမယ့် ရိုးစင်းတဲ့နည်းလမ်းလေးတွေအကြောင်း ပြောပြပေးပါရစေ။

ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ

ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ပုံမှန်ဖြစ်နေကျခေါင်းကိုက်တာနဲ့ မတူပါဘူး။ ခေါင်းထဲက တဆစ်ဆစ်နာနေသလိုမျိုးခံစားမှု၊ အလင်းဒဏ်ကိုမခံနိုင်တဲ့ ခံစားမှု၊ အသံတွေကို နားမခံနိုင်တဲ့ ခံစားမှု၊ မအီမသာဖြစ်မှုတွေနဲ့အတူ တွဲပြီးခံစားရလေ့ရှိတဲ့ ခေါင်းကိုက်တဲ့ဝေဒနာတစ်မျိုးပါ။ ခံစားရခက်သလို တော်တော်လေးလည်း အလုပ်ပျက်စေနိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ နည်းလမ်းကောင်းလေးအချို့

ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ

တိတ်ဆိတ်ပြီး၊ မှောင်တဲ့အခန်းမှာ နားနားနေနေ နေပါ

ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ အလင်းဒဏ် နဲ့ အသံဒဏ်ကို မခံနိုင်တာမျိုးရှိပါတယ်။ ဒါကြောင့် အိပ်ခန်းကို အမှောင်ချပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိအောင်ထားလို့ နားနားနေနေ နေပေးပါ။ အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်မပျော်ရင်တောင် မျက်လုံးလေးမှိတ်ပြီး သက်တောင့်သက်သာလေးနေပေးပါ။

ရေနွေးဝတ် ဒါမှမဟုတ် ရေခဲဝတ်ကပ်ပေးပါ

နဖူး ဒါမှမဟုတ် လည်ဂုတ်ပေးမှာ ရေနွေးဝတ် ဒါမှမဟုတ် ရေခဲဝတ်လေးကပ်ပေးပါ။  ဒီလိုလုပ်ပေးတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ရေနွေးနဲ့ရေချိုးပေးလို့လည်းရပါတယ်။

ဝင်သက်ထွက်သက်မှတ်ပါ

ခဏလောက်မျက်လုံးလေးမှိတ်လို့ ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ရှုသံပေါ်မှာ အာရုံစိုက်ထားပေးပါ။ ဒီလိုလုပ်တာက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ စိတ်ကို အာရုံပြောင်းတဲ့သဘောလည်းသက်ရောက်နေပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ သက်သာစေဖို့ ဝင်သက်ထွက်သက်မှတ်ပါ။

လာဗင်ဒါဆီရှုပေးပါ

အစိုဓာတ်ထိန်းစက်ထဲကို လာဗင်ဒါဆီလေးနည်းနည်းလောက်ထည့်ပြီး ရေနွေးငွေ့ခံပေးပါ။ ဒီလိုမှမဟုတ်ရင်လည်း လာဗင်ဒါရေနွေးကြမ်ကို သောက်ပေးလို့လည်းရပါတယ်။ အကြောင်းကတော့ လာဗင်ဒါဆီက ခေါင်းတစ်ခြမ်းကိုက်တာကို အထိရောက်ဆုံး သက်သာစေနိုင်တာကြောင့်ပါ။

ရေများများသောက်ပါ

တစ်ခါတလေမှာ ရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ ရေများများသောက်ပေးပါ။ ရေချည်းပဲ မသောက်ချင်ဘူးဆိုရင် ရေထဲကို သံပရာသီးစိတ် ဒါမျမဟုတ် သစ်သီးလေးတေါ စိတ်ထည့်ပြီး Detox Water လိုမျိုးသောက်ပေးပါ။

နားထင်ကို ခပ်ဖွဖွလေးနှိပ်ပေးပါ

နားထင်ကို ခပ်ဖွဖွလေးနှိပ်ပေးတာက နားထင်ကကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှုကောင်းစေသလို ခေါင်းတစ်ခြမ်းကိုက်တာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ နားထင်ကိုနှိပ်တဲ့အခါ ခပ်ဖွဖွလေးနှိပ်ပေးတာက အဆင်ပြေဆုံးပါ။

လေ့ကျင့်ခန်းလုပ်ပါ

ယောဂ ဒါမှမဟုတ် ထိုက်ချိလိုမျိုး လေ့ကျင့်ခန်းတွေက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့်  ကြွက်သားတွေပြေလျော့စေပြီး သွးစီးဆင်းမှုကောင်းလို့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်ရှိအောင် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တာကြောင့် ခံစားရခက်နေတဲ့  ပြဿနာကို ဒီနည်းလမ်းလေးတွေသုံးပြီး အကောင်းဆုံးဖြေရှင်းလိုက်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Tips to Ease Migraine Pain https://www.everydayhealth.com/hs/understanding-migraines/ease-migraine-pain/ Accessed Date 7 November 2019

10 Ways to Get Rid of a Headache https://www.webmd.com/migraines-headaches/5-ways-to-get-rid-of-headache#1 Accessed Date 7 November 2019Migraines: Simple steps to head off the pain https://www.mayoclinic.org/diseases-conditions/migraine-headache/in-depth/migraines/art-20047242 Accessed Date 7 November 2019

ယခုပုံစံ

22/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ

ခေါင်းတစ်ခြမ်းကိုက်ခြင်း က သင့်ကိုယ်ဝန်ဆောင်ခြင်းကို ဘယ်လိုသက်ရောက်စေလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement