backup og meta

ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ

    ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    အပူအစပ်စာတွေကို လူအတော်များများက ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် လူတိုင်းမှာ လက်ခံနိုင်စွမ်းတဲ့ အတိုင်းအတာသတ်မှတ်ချက်တော့ ရှိကြတာပါပဲ။

    တခါတလေ ကျရင်တော့ ကိုယ်စားနိုင်တာထက် ပိုများတဲ့ အပူအစပ်တွေ၊ Spicy foodတွေကို စားမိသွားတယ်ဆိုပါစို့။ မျက်ရည်ကျမလောက် ခံစားသွားရတယ် မဟုတ်လား။ ပါးစပ်တစ်ခုလုံး ပူလောင်စပ်လာပြီး နှုတ်ခမ်း၊ လျှာနဲ့ အာခေါင် တစ်ခုလုံးဟာလည်း မထိကပ်နိုင်တော့လောက်အောင်ကို စပ်နေတော့မှာပါ။

    ဒီလိုဝေဒနာမျိုး ကြုံလာရရင် ဘယ်ပုံ ဘယ်နည်းနဲ့ သက်သာအောင် လုပ်ကြမလဲ။ အမြန်ဆုံးနည်းလမ်းနဲ့ပေါ့။ မြန်မြန်သက်သာအောင်လုပ်နိုင်လေလေ ဝေဒနာခံစားရတာ နည်းလေလေမဟုတ်လား။

    ဒါကြောင့် မာလာရှမ်းကောတို့၊ Extreme Spicy ခေါက်ဆွဲပြုတ်တို့၊ ရခိုင်ငါးပိထောင်းတို့၊ ဝါဆာဘိတို့လို အရမ်းပူတာစပ်တာတွေစားမိပြီးချိန်မှာ အဲ့ဒီလို ပူနေစပ်နေတာတွေ သက်သာစေနိုင်မယ့် အလွယ်ဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

    ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ

    ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုရင်တော့

    ၁။ နို့

    အံ့အားသင့်စရာ ကောင်းလောက်အောင်ကို ထိရောက်ပါတယ်။ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ် အေးအေးလေးကို ငုံပေးတာ၊ ဒါမှမဟုတ် ဖြည်းဖြည်းချင်း မျိုချတာမျိုးက ပူနေ စပ်နေတာကို အလျှင်အမြန်သက်သာစေပါလိမ့်မယ်။

    ၂။ သကြား သို့ ပျားရည်

    အချိုဓာတ်က အစပ်ကို သက်သာစေနိုင်ပါတယ်။ သကြား တစ်ငုံစာလောက် ဒါမှမဟုတ် ပျားရည် တစ်ဇွန်းလောက်ကို လျှာပေါ် တင်ထားတာမျိုးက သင်ခံစားနေရတဲ့ ဝေဒနာကို ခပ်မြန်မြန်လေး သက်သာစေမှာပါ။

    ၃။ ကစီဓာတ်

    ကစီဓာတ် ပါဝင်တဲ့ အစာတွေဖြစ်တဲ့ ဂျုံမှုန့်တို့ ဆန်တို့ ကလည်း အစပ် သက်သာစေဖို့ ကူညီနိုင်ပါတယ်။ သူတို့က စပ်တဲ့ဓာတ်သဘောတွေကို စုပ်ယူသွားမှာပါ။ ဂျုံမှုန့်တွေ၊ ဆန်တွေကို ငုံထားပေးတာမျိုး လုပ်လို့ရပါတယ်။

    ၄။ ခရမ်းချဉ်သီးနဲ့ သံပုရာမျိုးနွယ်များ

    အံ့သြနေကြ မလား။ စပ်နေပါတယ် ဆိုမှ ဒီလိုအချဉ်တွေ ပါးစပ်ထဲ ထည့်ရင် ပိုစပ်ကုန်မယ်လို့ ထင်သွားကြမယ် ထင်ပါတယ်။ တကယ်တော့ ဆန့်ကျင်ဘက် ပါပဲ။ ခရမ်းချဉ်သီး အစိတ်လေးတွေ ဒါမှမဟုတ် သံပုရာ၊ လိမ္မော်၊ နာနတ်စတဲ့ ဖျော်ရည်တွေဟာ သင့်ကို ပူတဲ့စပ်တဲ့ ဝေဒနာခံစားနေရတာကနေ လျော့ပါးစေမှာပါ။

    ၅။ အုန်းရည်

    အုန်းရည် ချိုမြမြကလည်း သင့်ရဲ့ မခံမရပ်နိုင်အောင် ပူစပ်နေတဲ့ အာခေါင်ကို အေးမြသွားစေနိုင်ပါတယ်။

    ၆။ ရေခဲမုန့်

    အေးမြပြီး ချိုမြိန်တဲ့ ရေခဲမုန့်ဟာ သင့်ရဲ့ ဝေဒနာတွေကို လျော့ပါးစေမယ် ဆိုတာ သေချာပါတယ်။ အများကြီး စားရင်တော့ ချောင်းဆိုးနိုင်တာမို့ သတိထားပါ။

    ၇။ Mint

    Mint ပါဝင်တဲ့ ပူရှိန်းပြားလေးတွေကိုလည်း ပါးစပ် ပူစပ်နေရင် အသုံးပြုနိုင်ပါတယ်။ သူတို့ကလည်း အာခံတွင်းကို အေးမြစေနိုင်တာမို့ပါ။

    ရေသောက်ရင်ရော မရဘူးလား

    ရေသောက်လို့ ရပါတယ်။ ရေက သဘာဝ နည်းလမ်းကောင်း တစ်ခုပါ။ ဒါပေမယ့် များများတော့ သောက်ဖို့ လိုအပ်ပါတယ်။ ချက်ချင်းတော့ မသက်သာနိုင်ပါဘူး။ ခပ်မြန်မြန် သက်သာချင်တာ ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုတာက ပိုသင့်လျော်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement