backup og meta

အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ။

    ဗီတာမင်ချို့တဲ့ နေလို့ပဲဖြစ်ဖြစ်၊ အားဆေး သောက်သင့်တယ်ဆိုလို့ သူများပြောလို့ပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် အားဆေးသောက်ချင်လို့ဖြစ်ဖြစ် အားဆေးဝယ်တော့မယ်ဆိုရင် သင်ပထမဆုံး ဘာကို စဉ်းစားပါသလဲ။ အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။

    ဈေးကွက်ထဲမှာရှိနေတဲ့ ဖြည့်စွက်အားဆေးတွေ ဆိုတာ ရေတွက်လို့မရနိုင်လိုက်အောင် များပြားတဲ့အတွက် အားဆေးဝယ်တော့မယ်ဆိုရင် ဘယ်အားဆေးက ယုံကြည်စိတ်ချရလဲ၊ အရည်အသွေးပိုကောင်းလဲ ဆိုတဲ့ မေးခွန်း ခေါင်းထဲ အရင်ဆုံး ရောက်လာတယ်မဟုတ်လား။

    လူတော်တော်များများက အားဆေးကို ကြော်ငြာအားကောင်းလို့၊ လူပြောများနေလို့ ဆေးဆိုင်တွေမှာ တင်ထားတာတွေ့လို့ဆိုပြီး ဝယ်လာကြတာများပါတယ်။ အကောင်းဆုံး အားဆေးတစ်ခုမှာ ဘယ်လို အချက်တွေ ပါသင့်လဲ၊ ဘာလို့ ဒီအားဆေးကို ဝယ်သောက်သင့်လဲ ဆိုတဲ့ အကြောင်းတွေကို များများစားစား မသိကြပါဘူး။ တွေ့ကရာ အားဆေးတွေဝယ်လာတာထက်စာရင် အားဆေးတစ်ခုကို ဘယ်လို အချက်တွေနဲ့ စိစစ်ရွေးချယ်ပြီး ဝယ်ယူရမလဲဆိုတာ သိထားရင် ပိုမကောင်းဘူးလား။ ဒါမှ ပိုက်ဆံကုန်ရကျိုးလည်း နပ်မှာပေါ့နော့်။

    အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ။

    အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေကို စစ်ဆေးပါ။

    • FDA မြန်မာနိုင်ငံ ဆေးဝါးကွပ်ကဲရေး အဖွဲ့ရဲ့ ထောက်ခံချက်အမှတ်ပါရပါမယ်။ ။

    ဒါက အရေးအကြီးဆုံးပါ။ ကိုယ်ဝယ်သုံးနေတဲ့ အားဆေးက ယုံကြည်စိတ်ချရမှု ရှိမရှိ အတိကျဆုံး အဆုံးအဖြတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဟာ FDA ရဲ့ ထောက်ခံချက်ပါ။ ဒါ့ကြောင့် အားဆေး တစ်ခု ဝယ်သောက်တော့မယ်ဆိုရင် ဒီထောက်ခံချက်ပါမပါ အရင်ဆုံး ကြည့်ပြီးမှ ဝယ်ယူစေချင်ပါတယ်။

    အခြားသူတွေက ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော FDA ရဲ့ ထောက်ခံချက် မပါတဲ့ အားဆေးတွေကို ဝယ်မသောက်တာ အကောင်းဆုံးပါ။

    • အားဆေးဝယ်တော့မယ်ဆိုရင် ဆေးအကြောင်း အင်တာနက်မှာ အရင်ရှာကြည့်ပါ။ ။

    သိချင်တာမှန်သမျှ လိုင်းပေါ်တက်ပြီး ရှာလိုက်ရုံနဲ့ သိရတဲ့ အင်တာနက် ခေတ်ဆိုတော့ ကိုယ်ဝယ်ချင်တဲ့ အားဆေးအကြောင်းကို အင်တာနက်ပေါ်မှာ အရင်ရှာကြည့်ပါ။ ဆေးထဲမှာဘာတွေပါလဲ၊ ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုလဲ၊ သုံးစွဲပြီးသူတွေကရော ကောင်းမကောင်းဘာတွေပြောထားလဲ စတဲ့ အချက်တွေကို သေချာလေ့လာပြီးမှ ဝယ်ပါ။

    • ဆေးဗူးနောက်ကျောမှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။ ။

    ကိုယ်ဝယ်သောက်မယ့်အားဆေးမှာ ဘယ်ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတယ်။ ဘယ်လောက်ပမာဏ ပါတယ် ဆိုတာတွေကို သေချာဖတ်ကြည်သင့်ပါတယ်။ ဒါမှ ကိုယ်လိုချင်တဲ့ ဗီတာမင်က တစ်ခု၊ ကိုယ်ဝယ်သောက်လိုက်တဲ့ အားဆေးက တခြား ဆိုတာမျိုး မဖြစ်တော့မှာလေ။

  • ရိုးသားမှုသည် အရေးအကြီးဆုံးပါ။
  • ဒီအားဆေးမှာတော့ ဓာတ်မတည့်ခြင်းကို ဖြစ်စေတတ်တဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဘယ်သူကတွေကတော့ မသောက်သင့်ပါဘူးဆိုတဲ့ ဖော်ပြချက်တွေ၊ အသက်ဘယ်လောက်ဝန်းကျင်တွေကတော့ ဒီအားဆေးကို မသောက်သင့်ပါဘူးဆိုတဲ့ ဖော်ပြချက်တွေပါတဲ့ အားဆေးမျိုးတွေက ပိုပြီး ယုံကြည်စိတ်ချရပါတယ်။ အမှန်ကို အမှန်အတိုင်းပြောထားတော့ ဝယ်သောက်တဲ့သူတွေလည်း သေချာစဉ်းစားလို့ရတာပေါ့။

    • Active Form ဆိုတဲ့ စကားလုံးကို လိုက်ရှာပါ။

    တချို့အားဆေးတွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေကို ကိုယ်ခန္ဓာက ချက်ချင်းမစုပ်ယူနိုင်ပါဘူး။ အားဆေးသောက်တယ်ဆိုတာ အာနိသင်မြန်မြန်လိုချင်လို့ သောက်ပါတယ်ဆိုမှ ကိုယ်ခန္ဓာကစုပ်ယူရခက်တဲ့ အားဆေးတွေကို ဝယ်မိမယ်ဆိုရင် အချိန်ကုန် ငွေကုန်တာပဲ အဖတ်တင်တော့မှာပေါ့။ ဒါဆို ဘယ်လိုရွေးဝယ်ရမလဲ။

    “Bioavailable,” “optimized,” ဒါမှမဟုတ် “active form” ဆိုတဲ့ စကားလုံးလေးတွေကို ဆေးဘူးနောက်က ဆေးညွှန်းမှာ လိုက်ရှာပါ။ ဒီစာလုံးတွေရဲ့ အဓိပ္ပာယ်က စုပ်ယူရလွယ်ကူစေတယ်၊ ဆေးအာနိသင်ကောင်းတယ်ဆိုတာကို ပြောထားတာတွေပါ။ ဒီစာလုံးတွေပါတဲ့ အားဆေးတွေကို ပိုပြီး ဦးစားပေးရွေးချယ်စေချင်ပါတယ်။

    • ဘယ်လိုသောက်ရမလဲဆိုတဲ့ ဆေးညွှန်းပါပါစေ။ ။

    တစ်နေ့ ဘယ်နှစ်လုံးသောက်ရမလဲ။ ဘယ်နှစ်ကြိမ် သောက်ရမှာလဲ။ အသက်ဘယ်လောက်က စပြီး သောက်ရမှာလဲ။ အစာနဲ့တွဲပြီးလား အစာမပါဘဲသောက်ရမှာလားဆိုတဲ့ အညွှန်းတွေပါတာကို ရွေးချယ်ပါ။ ဒါမှ လိုတာထက်ပိုတဲ့ ပမာဏ မသောက်မိတော့လို့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမျိုး မဖြစ်တော့ဘူးပေါ့။

    ဒါတွေကတော့ အားဆေးပဲ ဖြစ်ဖြစ် အခြား ဘာဆေးတွေပဲ ဖြစ်ဖြစ် ဝယ်ယူတဲ့အခါ မဖြစ်မနေ စစ်ကြည့်သင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအတိုင်းတွေ့ကရာ ဝယ်လိုက်တာထက်စာရင် ဒါလေးတွေသိထားပြီး ဝယ်တော့ ပိုကောင်းတာပေါ့ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement