backup og meta

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား။

အိမ်မွေးတိရိစ္ဆာန်လို့ ဆိုလိုက်ရင် ခွေးလေး ကြောင်လေးတွေသာမက ငါးလေးတွေ၊ ငှက်လေးတွေ၊ ယုန်လေးတွေကိုပါ မွေးမြူတတ်ကြပါသေးတယ်။ ဒီတစ်ခေါက်တော့ အိမ်မွေး တိရစ္ဆာန် အနေနဲ့ ယုန်လေးတွေကို မွေးမြူသင့်လား။ ဘာတွေ သတိထားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား။

ယုန်ကလေးတွေကို မွေးမြူသင့်လား။

ယုန်လေးတွေက ပုံမှန်အားဖြင့်တော့ ချစ်စရာကောင်းသလို သေသေချာချာ သန့်သန့်ရှင်းရှင်း ထားမယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ပျော်ရွှင်မှုကိုတောင် ပေးစွမ်းနိုင်ပါတယ်။ ဒီတော့ ချစ်စရာကောင်းတဲ့ ယုန်လေးတွေကို မွေးမြူသင့်လားဆိုတော့ သေချာလေး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် မွေးပါလို့ ရတယ်လို့ ပြောပါရစေ။

ယုန်လေးတွေက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး၊ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေတဲ့ ကျန်းမာရေး အာနိသင်ကို ပေးပါတယ်။ အခြား အိမ်မွေးတိရစ္ဆာန်တွေထက် ထိန်းသိမ်းရလွယ်တာကြောင့် မွေးရလွယ်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တစ်မျိုးပါ။

ယုန်လေးတွေ မွေးမယ်ဆိုရင် ဘာတွေသတိထားရမလဲ……………

ယုန်လေးတွေက ချစ်စရာ ကောင်းပေမယ့် အခုလို ကျန်းမာရေး ပြဿနာလေးတွေ ရှိနိုင်တာကြောင့် သေချာလေး ဂရုစိုက်စေချင်ပါတယ်။

ဓာတ်မတည့်မှု

ယုန်လေးတွေကို ခံတွင်း နဲ့ အစာခြေစနစ် ကျန်းမာစေဖို့ ပုံမှန် ဂရုစိုက်ပေးဖို့ လိုသလို ခြံကို ပုံမှန် သန့်ရှင်းပေးတာ အမွေးတွေကို သေချာ သန့်စင်ပေးတာတွေ သိမ်းတာတွေ လုပ်ဖို့ လိုပါမယ်။ ဒီလိုလုပ်တာက ယုန်လေးတွေကို ကျန်းမာစေသလို လူတွေမှာလည်း ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ယုန်တွေကို အိမ်ထဲမှ မွေးမယ်ဆိုရင် ဓာတ်မတည့်ဖြစ်နိုင်ခြက ပိုများလို့ ဝရန်တာ ဒါမှမဟုတ် ခြံထဲမှာ အိမ်လေး သီးသန့်ထားပြီး မွေးပါ။

ကိုက်ခံရနိုင်တယ်။ ကုတ်ခံရနိုင်တယ်။

ယုန်လေးတွေက လက်သည်းတွေ၊ သွားတွေ ရှိနေတာကြောင့် အခန့်မသင့်ရင် ကိုက်ခံရတာ၊ ကုတ်ခံရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီ အနာတွေကနေတဆင့် ပိုးဝင် ကူးစက်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့် ယုန် ကုတ်ခံရရင်ဖြစ်ဖြစ် ကိုက်ခံရရင်ဖြစ်ဖြစ် အနာကို ရေနွေးနွေးလေးနဲ့ ဆေးကြောပါ။ အနာကို ခြောက်အောင် သုတ်ပြီး ပလာစတာ ကပ်ပါ။ ပြီးရင်တော့ လိုအပ်တဲ့ ကုသမှု ခံယူဖို့ ပြောပါရစေ။ မေးခိုင်ကာကွယ်ဆေး ထိုးဖို့ မမေ့ပါနဲ့။

ဘက်တီးရီးယားတွေ ကူးစက်ခံရနိုင်တယ်။

တိရစ္ဆာန်တိုင်းမှာ ဘက်တီးရီးယား များစွာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ယုန်လေးတွေကို အိမ်ထဲမှာ မွေးမယ်။ ကိုယ်တွယ်မယ်ဆိုရင် သူတို့ဆီက ဘက်တီးရီးယားတွေက လူဆီကို ကူးစက်နိုင်ပါတယ်။ ယုန်လေးတွေဆီကနေ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ယုန်လေးတွေကို ထိတွေ့ ကိုင်တွယ်ပြီးတိုင်း လက်ကို ရေနဲ့ ဆပ်ပြာ သုံးလို့ သေချာ သန့်စင်စေချင်ပါတယ်။

သန်ထစေနိုင်တယ်

ယုန်လေးတွေကို မွေးမြူမယ်ဆိုရင် ပုံမှန် သန်ချပေးဖို့ လိုပါမယ်။ သူတို့လေးတွေကို သန်မချပေးဘူးဆိုရင် ယုန်ကနေတဆင့် လူဆီကို ကူးစက်တာတွေ ဖြစ်လာနိုင်ပါတယ်။ salmonella၊ listeria နဲ့ pseudotuberculosis ဘက်တီးရီးယားတွေက ယုန်ကနေဆင့် လူတွေဆီကို ကူးစက်နိုင်ပါတယ်။

ယုန်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးတာက ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ယုန်လေးတွေရော ကိုယ်ပါ ကျန်းမာစေဖို့ သန့်ရှင်းရေးကို ဂရုစိုက်ပြီး ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးရင်း မွေးမြူကြဖို့ ပြောပါရစေ။ ကိုယ်ဝန်ဆောင်တွေ ကလေးငယ်တွေ ရှိမယ်ဆိုရင်တော့ ယုန်လေးတွေနဲ့ ဝေးဝေးနေစေချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pet Rabbits and Your Health https://rabbitwelfare.co.uk/rabbit-care-advice/ownership/pet-rabbits-health/?fbclid=IwAR3awpGDQI8XcNdxvHrthc3XYdg-et7tvgveZ-jN_LTPlo6A-lE_KAC-sUI Accessed Date 6 August 2020

Rabbits and your child’s health and safety https://www2.hse.ie/wellbeing/child-health/pets-and-child-safety/rabbits-and-your-childs-health-and-safety.html Accessed Date 6 August 2020

ယခုပုံစံ

09/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ