backup og meta

Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) အကြောင်း သိကောင်းစရာ

Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) အကြောင်း သိကောင်းစရာ

ကော်ဖီဟာ ကမ္ဘာတလွှားမှာ လူကြိုက်အများဆုံး တခုဖြစ်တဲ့ စားသုံးကုန်ပဲ ဖြစ်ပါတယ်။ လူအများဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ကဖိန်းသုံးစွဲမှုကို လျှော့ချချင်ကြပါတယ်။ အဆိုပါ စားသုံးသူများအတွက် Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) ဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) ဟာ ကဖိန်းထုတ်ထားတာကလွဲလို့ ပုံမှန် ကော်ဖီလိုပါပဲ။

ယခုဆောင်းပါးမှာတော့ Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) နဲ့ ပတ်သက်တဲ့ မှတ်သားစရာများကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) ဆိုတာ ဘာလဲ

Decaf ဆိုတာ Decaffeinated ရဲ့ အတိုကောက်ဖြစ်ပြီး ကဖိန်းဓာတ် ထုတ်ထားတာကို ရည်ညွှန်းပါတယ်။ ကဖိန်းဓာတ်ကို ၉၇%လောက်ထိ ထုတ်ထားပါတယ်။

ကော်ဖီစေ့ကနေ ကဖိန်းထုတ်တဲ့ နည်းလမ်းတွေ မျိုးစုံရှိပါတယ်။ အများစုမှာ ရေ၊ အော်ဂဲနစ်ပျော်ရည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စတာတွေ ပါဝင်ပါတယ်။ ကော်ဖီစေ့တွေကို ပျော်ရည်နဲ့ ထိတွေ့စေခြင်းအားဖြင့် ကဖိန်းဓာတ်ကို ထွက်လာစေပါတယ်။ ပြီးရင် ပျော်ရည်ကို ဖယ်ရှားပစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကျောက်မီးသွေးဆန်ကာ စတာတွေ သုံးပြီးတော့လည်း ကဖိန်းကို ဖယ်ရှားပါတယ်။

ကော်ဖီစေ့တွေကို မလှော်ခင်၊ အမှုန့်မကြိတ်ခင် ကဖိန်းထုတ်ခြင်း ဖြစ်ပါတယ်။ ကဖိန်းထုတ်ထားပေမယ့် အာဟာရဓာတ်ပါဝင်မှုကတော့ ပုံမှန်ကော်ဖီတွေလိုပါပဲ။ အနံ့အရသာကတော့ နည်းနည်းအားပျော့သွားပြီး အရောင်အဆင်းလည်း အနည်းငယ်ပြောင်းပါတယ်။ ကဖိန်းထုတ်တဲ့ နည်းလမ်းပေါ် မူတည်ပါတယ်။

Decaf ကော်ဖီမှာ ကဖိန်းဘယ်လောက်ပါဝင်သလဲ

Decaf ကော်ဖီမှာ ကဖိန်းလုံး၀ မပါဘဲနေတာတော့ မဟုတ်ပါဘူး။ ကဖိန်း အနည်းငယ်ကျန်နေပြီး ယေဘုယျအားဖြင့် ကော်ဖီတခွက်ကို ၃ မီလီဂရမ်ခန့် ပါဝင်ပါတယ်။ လေ့လာချက်တခုအရ Decaf ကော်ဖီတခွက် (၆အောင်စ ဒါမှမဟုတ် ၁၈၀ မီလီလီတာ) မှာ ကဖိန်း ၇မီလီဂရမ်ထိ ပါဝင်နိုင်ကြောင်း သိရပါတယ်။ ပုံမှန်ကော်ဖီတခွက်မှာဆိုရင် ကဖိန်းဓာတ် ၇၀ ကနေ ၁၄၀ မီလီဂရမ်ထိ ပါဝင်ပါတယ်။

Decaf ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်

Decaf ကော်ဖီမှာ ပုံမှန်ကော်ဖီလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ပုံမှန်ကော်ဖီထက် ၁၅%လောက်ပဲ နညးပါတယ်။ကဖိန်းထုတ်တဲ့ ဖြစ်စဉ်မှာ အနည်းငယ် လျော့နည်းသွားခြင်း ဖြစ်ပါတယ်။ အဓိကပါဝင်တဲ့ ဓာတ်တိုးပစ္စည်းများကတော့ hydrocinnamic acid နဲ့ polyphenol တို့ ဖြစ်ပါတယ်။

အဆိုပါဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေပြီး ဓာတ်တိုးခြင်းကြောင့် ပျက်စီးခြင်းများကနေ လျှော့ချပေးပါတယ်။ ဒါကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အမျိုးအစား ၂ ဆီးချို စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် Decaf ကော်ဖီတခွက်မှာ မဂ္ဂနီဆီယမ် တနေ့တာလိုအပ်ချက်ရဲ့ ၂.၄%၊ ပိုတက်ဆီယမ်လိုအပ်ချက်ရဲ့ ၄.၈%၊ နိုင်ယာစင်ရဲ့ ၂.၅% စတာတွေ ပါဝင်ပါတယ်။

Decaf ကော်ဖီရဲ့ ကျန်းမာရေးအကျိုးပြုပုံများ

Decaf ကော်ဖီမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ တခြားဓာတ်ပစ္စည်းများ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးပြုတာတွေ ရှိပါတယ်။ အမျိုးအစား ၂ ဆီးချိုဖြစ်ပွားနိုင်ခြေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အသည်းအင်ဇိုင်းပမာဏကိုလည်း ထိန်းသိမ်းပေးတယ်လို့ သိရပါတယ်။

လေဖြတ်ခြင်း၊ နှလုံးရောဂါ စတာတွေကြောင့် အရွယ်မတိုင်မီသေဆုံးနိုင်ခြေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အသက်အရွယ် ကြီးရင့်လာမှုကြောင့် ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာခြင်းကို လျော့ပါးစေပါတယ်။ Decaf ကော်ဖီ နှစ်ခွက်နဲ့အထက် နေ့စဉ် သောက်သုံးရင် အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို ၄၈% လျော့ကျစေနိုင်ပါတယ်။

ခြုံပြောရရင်တော့ ကော်ဖီကို ကြိုက်နှစ်သက်ပြီး ကဖိန်းဓာတ်များမှာကို စိုးရိမ်နေသူများအနေနဲ့ Decaf ကော်ဖီကို ရွေးချယ်သင့်ပါတယ်။ ကဖိန်းများခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ရှောင်ရှားနိုင်ပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/decaf-coffee-good-or-bad Accessed Date 16 April 2020

ယခုပုံစံ

11/05/2020

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကဖင်းဆိုတိုင်း လန်းရောလား

ကဖိန်းပါတဲ့ အရည်များဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား



Dr. Thant Zin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement