ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင်ဘာကြောင့်ပူရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့တော့လိုမယ်နော်။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ခုနောက်ပိုင်း လူနေမှုပုံစံတွေဟာ အထိုင်များပြီး စားစရာသောက်စရာတွေကလည်း ပေါများလာတာကြောင့် နောက်ပိုင်းလူတွေကို ကြည့်လိုက်ရင် ကိုယ်ခန္ဓါ အချိုးကျလှပတာထက်နေတဲ့သူတွေက ပိုများနေပါတယ်။ ဒီလို ပူလာတဲ့ ဗိုက်ကိုဘယ်လိုချချ မကျတဲ့သူတွေ အများကြီးရှိပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ပူလာတဲ့ ဗိုက်ကို ဘယ်လိုချချ မကျရတဲ့ အကြောင်းအရင်းက ဗိုက်ပြူခင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းကို မသိတာကြောင့်ပါ။ ဒီတော့ ကိုယ့်ရဲ့ ပူနေတဲ့ ဗိုက်ကိုချဖို့အတွက် ဘယ်လိုကနေစပြီး ဗိုက်ပူလာလဲဆိုတာကိုတော့ သိဖို့လိုတယ်နော်။ ။

ဗိုက်မှာစုတဲ့ အဆီ ၅ မျိုးနဲ့ သူတို့ကို ဘယ်လိုချရမလဲ ။ ။

၁ ။ ဗိုက်မှာ အဆီစြုခင်းကိုဖြစ်စေတာက ဘီယာ ဗိုက်ပါ။ ။

ဘီယာတို့ အရက်တို့ဆိုတာ ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို နှေးစေတဲ့အပြင် အသည်းကနေ အဆီလောင်ကျွမ်းစေတဲ့နှုန်းကိုလည်း နှေးစေပါတယ်။ ဒါ့အပြင် အရက်တို့ ဘီယာတို့မှာ ကယ်လိုရီပါဝင်မှုများနေရခြင်းဟာလည်း သ့င် ဗိုက်ကို ပူလာစေတဲ့အကြောင်းတစ်ခုပါပဲ။ ကယ်လိုရီကလည်းများ၊ ဝင်လာတဲ့ ကယ်လိုရီ တွေကိုလည်း ပြန်ပြီးမလောင်ကျွမ်းစေနိုင်တာကြောင့် ဘီယာဗိုက်ဆိုတာ ချဖို့ အလွန်ခက်တဲ့ အဆီတစ်မျိုးပါ။ ။

ဘီယာဗိုက်ကို ချဖို့အတွက်ဆို ဘီယာတို့ အရက်တို့ကို မသောက်ဘဲနေမှရမှာပါ။ အရက်ဖြတ်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ အသီးအရွက်များများစားပေးမယ်ဆိုရင်တော့ ခေါင်းမာနေတဲ့ ဘီယာဗိုက် ကျသွားပါလိမ့်မယ်။ ။

၂ ။ ကလေးမွေးပြီးနောက် ဗိုက်မှာ အဆီစုခြင်း ။ ။

ကိုယ်ဝန်ရှိတုန်းက ကလေး အာဟာရမရှိမှာစိုးလို့ဆိုပြီး ၂ ယောက်စာပေါင်းစားခဲ့လို့ တက်လာတဲ့ ကိုယ်အလေးချိန်တွေ၊ အဆီတွေက ကလေးသာထွက်သွားပေမယ့် သူတို့ကတော့ ကျန်ခဲ့တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ အင်ဆူလင် ပမာဏကလည်း မြင့်တက်လာတာကြောင့် ဗိုက်မှာ အဆီတွေ ပိုစုရခြင်းဖြစ်ပါတယ်။

ကလေးမွေးပြီးနောက် ပူလာတဲ့ ဗိုက်ကို ပြန်ချပ်စေဖို့ဆိုရင် ဗိုက်စည်းပေးရပါမယ်။ ထိုင်နေတာထက်စာရင် ကိုယ်လက်လှုပ်ရှားမှု အဖြစ် လမ်းလေးဘာလေး လျှောက်ပေးဖို့လိုအပ်ပါတယ်။ ကလေးက ဖြည့်စွက်စာစားတဲ့အရွယ်ရောက်ပြီဆိုတာနဲ့ မေမေတို့ ကိုယ်ခန္ဓါ အချိုးအစားကို ပြန်ထိန်းတဲ့အနေနဲ့ Diet Plan စသင့်တယ်နော်။

၃။ စိတ်ဖိစီးမှု များလွန်းရင်လည် းဗိုက်မှာ အဆီစုတတ်ပါတယ်။

စိတ်ဖိစီးပြီဆိုတာနဲ့ ထွက်လာတဲ့ ကော်တီစုန်း ဟော်မုန်းက သင့်ဗိုက်ကို အစုစေတဲ့ အဓိက တရားခံပါ။ တစ်ချို့ရှိတယ်လေ။ အစားအသောက်တွေကို စိတ်ဖိစီးမှု ပြေလျော့စေတဲ့ အရာအဖြစ် အသုံးချတာ။ ကိုယ်မှာ စိတ်ဖိစီးမှုကလည်းများ၊ အစားစားလို့ကလည်း ကောင်းဆိုရင်တော့ ဗိုက်မှာ အဆီစုတော့မှာ လုံးဝကို အသေအချာပဲနော်။ ။

စိတ်ဖိစီးမှု ကြောင့်ဖြစ်လာတဲ့ ဗိုက်အဆီကိုချချင်ရင်တော့ ရှင်းပါတယ်.။ စိတ်ဖိစီးမှု ပြေလျော့အောင်နေ၊ အစားတွေလျှော့စား၊ လေ့ကျင့်ခန်းလုပ်။ ။

၄ ။ ကိုယ်တွင်းဟော်မုန်းဓါတ်တွေ မညီမျှခြင်းကြောင့် ဗိုက်မှာ အဆီစုလာခြင်း ။ ။

သင်ဟာ အမျိုးသားဆိုရင်တော့ testosterone 300 ng / dl အောက် ရောက်လေလေ သင်ဝလာလေလေဖြစ်မှာဖြစ်ပြီး အမျိုးသမီးတွေမှာတော့ testosterone 70 ng / dl ထက်များလေလေ ဝလာလေလေဖြစ်မှာဖြစ်ပါတယ်။

ဒီဟော်မုန်းတွေကို ထိန်းညှိဖို့အတွက်ဆို omega 3 နဲ့ omega 6 တို့ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးပါ။ အသီးအရွက်တွေ များများစားပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်စားပါ။

၅ ။ ဗိုက်လေပွခြင်းကြောင့် ဗိုက်ပူလာခြင်း ။ ။

မနက်နိုးလာတဲ့အချိန်မှာတော့ ဗိုက်ကလေးက ချပ်နေတတ်ပြီး ကြာလာလေလေ ဗိုက်ကလေးက ဖောင်းလာလေလေဖြစ်ဖူးကြမှာပါ။ ဒါဟာ ကိုယ်စားလိုက်တဲ့ အစားတွေကြောင့် ပူလာတဲ့အပြင် အစားအသောက်တွေကို ခြေဖျက်ရာကနေ ထွက်လာတဲ့ gas တွေ ကြောင့်ဖြစ်ပါတယ်။

ဒီလို လေပွလို့ ပူလာတဲ့ ဗိုက်ကို ပြန်ချဖို့ဆို သင့်အူတွေကို အားပြည့်စေတဲ့ အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစားအသောက်တွေကို စားပါ။ အစာကြေလွယ်အောင် အစာကို နည်းနည်းနဲံအကြိမ်များများစားပါ။ အမျှင်ဓါတ်ကြွယ်ဝတာတွေစားပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။

ကဲ အပေါ်မှာ ပြောထားတဲ့ အထဲမှာ ကိုယ်က ဘယ်အမျိုးအစားထဲပါတာလဲဆိုတာ သေချာသိပြီါ်တဲ့ သကာလ ဘယ်လိုချရမလဲဆိုတဲ့ နည်းလေးတွေကိုလည်း လေ့လာပြီးတော့ ပူနေတဲ့ ဗိုက်လေးတွေ အမြန်ဆုံး ကျနိုင်ကြပါစေ ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆီးချိုရှိသူ အတွက် ပြုစုစောင့်ရှောက်ရသူ တစ်ယောက် ရဲ့ စိတ်သောက ကို လျှော့ချပေးနိုင်မယ့် အချက်လေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

စိတ်ဖိစီးမှုက ပမာဏ နည်နည်းမှာ စိတ်အားထက်သန်မှု ဖြစ်စေတယ်ဆိုပေမယ့် ပမာဏ များလာရင် ထိခိုက်မှု ကြီးလာပါတယ်။ဒီတော့ နှစ်ရှည်လများ စိတ်ဖိစီးမှုကို စုမထားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

စိတ်ဖိစီးမှုက ခံနိုင်စွမ်းထက် ကျော်လွန်လာရင်တော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်လာမှာပါ။ ဒီအဆင့်ထိရောက်မသွားအောင် ကာကွယ်ဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read