backup og meta

ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


05/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ

    ဆေးလိပ်ဖြတ်ဖို့ တစ်ယောက်တည်း ကြိုးစားနေမယ်ဆို ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဆေးလိပ်တစ်ခါတော့ပြတ်သွားနိုင်ပြီး ပြန်သောက်နိုင်ခြေလည်း များပါတယ်။ ဒါကြောင့် ဆေးလိပ်လုံးဝပြတ်သွားဖို့အတွက် မိဘဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ဝန်းရံပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ

    ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ ကတော့

    • တဖြည်းဖြည်း ဖြတ်ပါစေ။

    ဘယ်လိုရင်းနှီးတဲ့သံယောဇဉ်ရှိရှိ ဆေးလိပ်သမားတွေအတွက် ဆေးလိပ်ဖြတ်ခိုင်းဖို့ ကြိုးစားတာက ခက်ခဲပါတယ်။ အကယ်၍ သင့်အနေနဲ့ တခုခုကို ကြိုးပမ်းရယူမယ်လို့ ဆုံးဖြတ်ထားပြီး မလုပ်နိုင်ခဲ့ရင် ခံစားနေရသလို ဆေးလိပ်သမားတွေလည်း အတူတူပဲဖြစ်ပါတယ်။

    ဒါကြောင့် ဒီအခြေအနေမျိုးမှာ ဒေါသတကြီးနဲ့ ပြုမူတုံ့ပြန်တာက မှားယွင်းတဲ့ လုပ်ဆောင်ချက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့နဲ့ စကားပြောကြည့်ပြီး သူတို့ ခံစားချက်ကို နားလည်အောင်လုပ်ပါ။ ကိုယ်ချင်းစာစိတ်နဲ့အတူ သူတို့ဆေးလိပ်ဖြတ်ဖူးခဲ့တဲ့ အချိန်တွေကို အသိအမှတ်ပြုပေးပါ။ စကားများများပြောတာက အမြဲတမ်းအလုပ်မဖြစ်နိုင်ပေမယ့် လိုတဲ့အချိန်မှာ အသိပေးတားမြစ်သင့်ပါတယ်။

    • သော့ချက်ကို သိအောင်လုပ်ပါ။

    လူတွေက အောင်မြင်မှုတစ်ခုမရခင်မှာ မကြာခဏ ကျရှုံဖူးကြပါတယ်။ ဆေးလိပ်သမားတွေကလည်း ဆေးလိပ်ဖြတ်တာ မအောင်မြင်ဘဲ အကြိမ်ကြိမ်အခါခါ ပြန်သောက်မိတတ်ပါတယ်။ ပြင်းပြတဲ့ သောက်ချင်စိတ်ကြောင့်သော်လည်းကောင်း အဓိကသော့ချက်ကို မမိလို့သော်လည်းကောင်း ဒီလိုဖြစ်တာလို့ ယေဘူယျပြောနိုင်ပါတယ်။ သေချာတာကတော့ ဆေးလိပ်ဖြတ်ဖို့ အဓိကသော့ချက်ကို ထိဖို့လိုပါတယ်။

    ဒါကြောင့် သင့်က တစုံတစ်ယောက်ကို ဆေးလိပ်ဖြတ်ဖို့ ကူညီပေးလိုရင် သူတို့အတွက် ဘယ်လိုအရာတွေနဲ့ လှုံ့ဆော်ပေးဖို့ လိုအပ်သလဲ သိထားဖို့လိုပြီး ဒီလိုလှုံ့ဆော်မှုတွေကနေတဆင့် သူတို့ရဲ့ ဆေးလိပ်သောက်ချင်စိတ်ကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲလိုမျိုး ဆေးလိပ်ဖြတ်ဖို့ လိုအပ်တဲ့ အသိပေးလှုံ့ဆော်မှု မပေးနိုင်တဲ့အချိန် တနည်းအားဖြင့် သင်အနီးအနားမှာ မရှိတဲ့အချိန်တွေမှာ သူတို့စိတ်ဆန္ဒအတိုင်း ဆေးလိပ်ဆက်သောက်နိုင်ပါတယ်။

    ဒါကြောင့်ဆေးလိပ်ပြတ်ပြီး သူတစ်ယောက် ဆေးလိပ်ပြန်သောက်တဲ့အခါမှာ ဘယ်လို ချဉ်းကပ်တုံပြန်မှာလဲဆိုတာကိုလည်း အစီအစဉ်တကျ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

    • အသိအမှတ်ပြုပေးပါ။

    နောက်ထပ်ပြန်မသောက်မိစေဖို့အတွက် အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက် တချို့ရှိပါတယ်။ ဆေးလိပ်တစ်ရက်၊ တစ်ပတ်၊ တစ်လ စသည်ဖြင့် ပြတ်ကြောင်း အသိအမှတ်ပြုတဲ့အနေနဲ့ မှတ်တမ်းတင်ချီးမြှင့်ပေးပါ။

    လက်တွေ့ကျတဲ့ ဥပမာတွေကတော့ ရုပ်ရှင်လက်မှတ်ဝယ်ပေးတာ၊ သူတို့ကြိုက်တဲ့အရာတွေလုပ်ပေးတာ ဒါမှမဟုတ် လက်ဆောင်တစ်ခုခုပေးတာတွေပဲ ဖြစ်ပါတယ်။ သူတို့ကို ဘယ်လောက်ထိ ဂရုစိုက်ကြောင်းနဲ့ ဒီလိုဆေးလိပ်ဖြတ်တဲ့အချိန်ကို ဘယ်လောက်ထိ အားပေးမျှော်လင့်တယ်ဆိုတာကို သူတို့သိပါစေ။

    ဒီလိုလုပ်ခြင်းအားဖြင့် ဆေးလိပ် ဖြတ်သူက လက်ရှိအခြေအနေကို ပိုမိုလက်ခံလာကြပြီး ကိုယ်ကိုကိုယ် ယုံကြည်မှုပိုလာနိုင်ပါတယ်။ သူတို့အပေါ်ထားတဲ့ သင့်ရဲ့ ယုံကြည်ချက်တွေက သူတို့ဆေးလိပ်ပြန်သောက်ချင်တဲ့ အချိန်တွေတိုင်းမှာ သူတို့အတွက် စဉ်းစားစရာတွေဖြစ်လာနိုင်ပြီး ဒီလိုစိတ်ပိုင်းဆိုင်ရာ အချက်တွေကပဲ သူတို့ကို မသောက်ဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။

    အဓိကသော့ချက်ကတော့ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့ပါပဲ။ သမီးရည်းစား၊ သားသမီးနဲ့မိဘ၊ ညီအစ်ကိုမောင်နှမ စတဲ့ နှီးနွယ်ပတ်သက်ရသူတစ်ယောက် ဆေးလိပ်ပြတ်ပြီး ပြန်သောက်ဖြစ်တာက ကြေကွဲဖွယ်ရာဖြစ်ပြီး သူတို့အတွက်လည်း ခံစားရခက်တဲ့ အရာမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ သင့်အနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကနေ ကောင်းမွန်သက်သာတဲ့ ခံစားချက်တွေကို ရရှိစေမှသာ ဆေးလိပ်ပြန်သောက်နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    ဆေးလိပ် သမားတွေ ဆေးလိပ် ပြန်သောက်တာက သူတို့ ဆေးလိပ်ပြတ်ဖို့ ဝန်းရံပေးခဲ့တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ခံရခက်စေတာမှန်ပေမယ့် ဒီလိုအချိန်မှာ ဒေါသနဲ့ တုံ့ပြန်လိုက်မိရင် ပိုပြီး ဆိုဝါးစေပါတယ်။

    ဒါကြောင့် ဆေးလိပ်ပြတ်ပြီး ပြန်သောက်မိတဲ့သူတွေနဲ့ ဆေးလိပ် ဖြတ်ဖို့ ကြိုးစားနေတဲ့ သူတွေက ဆေးလိပ်သမားတွေ မဟုတ်တော့ဘူး ဆိုတာကို နှစ်ဖက်စလုံး အနေနဲ့ သိထားဖို့ အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    05/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement