brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော်

ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော် ဘာကြောင့် ဒီလို ပြောရသလဲဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော်

ရင်တွေခုန်တယ်ဆိုတာ တဒုတ်ဒုတ်နဲ့ နှလုံးခုန်သံမြန်တာကိုပဲ ရည်ညွှန်းကြတာပါ။ စိတ်လှုပ်ရှားလို့ ရင်ခုန်တယ်ပေါ့။ ဒါပေမယ့် ဒါက အကြောင်းကြုံကြိုက်တဲ့အခါ အခိုက်အတန့်တစ်ခုလောက်ပဲ ဖြစ်သင့်ပါတယ်။ အကြောင်းရင်းမရှိဘဲ အမြဲရင်ခုန်နေပြီဆို သင့်နှလုံးမှာ ပြဿနာရှိနေပါပြီ။

ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော်

ရင်ခုန်သံ မြန်တယ် ဆိုတာက နှလုံးခုန်စည်းချက်မမှန်တဲ့ရောဂါ (Atrial fibrillation) ဆိုတာ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ မြန်မြန်ရမ်းခါတဲ့ အခြေအနေပါ။ လူတစ်ယောက်ရဲ့ ပုံမှန်နှလုံးခုန်နှုန်းက နားနေချိန်မှာ 60 နဲ့ 100 ကြားမှာ ရှိသင့်တာဖြစ်ပါတယ်။

ဒီရောဂါဖြစ်နေပြီဆို နှလုံးခုန် စည်းချက်က ပုံမှန် မဟုတ်ဘဲ တစ်ခါတစ်လေ အရမ်း မြန်နေတတ်ပါတယ်။ ရင်တုန်တာ၊ တလှပ်လှပ်ဖြစ်တာ၊ တဒုတ်ဒုတ် ခုန်တာတွေ ဖြစ်လာတတ်ပါတယ်။

ဘယ်လိုမျိုးလဲ

တော်တော်များများက မကြာခဏ ရင်တုန်တယ်၊ နှလုံးခုန် မြန်တယ်ဆိုလည်း သတိမထားမိဘဲ အမှုမဲ့အမှတ်မဲ့ နေလိုက်ကြတာ များပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေ ကတော့ –

ဘာကြောင့် Atrial fibrillation ဖြစ်ရတာလဲ

နှလုံးရဲ့ တည်ဆောက်ပုံ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေက Atrial fibrillationကို အဓိက ဖြစ်စေတဲ့ အချက်တွေပါ။ ဥပမာ ပြောရရင်

  • မွေးရာပါ နှလုံးရောဂါရှိတာ
  • နှလုံးရဲ့ စည်းချက်ကို ထိန်းတဲ့ နေရာမှာ ပြဿနာရှိတာ
  • အိပ်‌ဟောက်ရှူရပ် ရောဂါရှိတာ
  • နှလုံးသွေးကြောပိတ်တာ
  • နှလုံးသွေးကြောကျဉ်းတာ
  • နှလုံးအဆို့ရှင်ရောဂါ
  • သွေးတိုးတာ
  • နမိုးနီးယားလို အဆုတ်ရောဂါ
  • သိုင်းရွိုက်ဟော်မုန်းများတာ
  • ဗိုင်းရပ်စ်ပိုးဝင်ပြီး နှလုံးကို ထိခိုက်တာ စတာတွေကြောင့် ဖြစ်ပါတယ်။

ဒါတွေအပြင်

  • အရက်နဲ့ ကဖင်းတွေ အလွန်အကျွံသောက်တာ
  • မူးယစ်ဆေးသုံးတာ
  • ဆေးလိပ်သောက်တာ
  • အအေးမိနဲ့ အလာဂျီပျောက်ဆေးတွေကို အလွန်အကျွံသောက်တာကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်ခြေများလဲ

Atrial fibrillation ကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း မဟုတ်ပေမယ့် ဒီအချက်တွေ ရှိရင် ဖြစ်နိုင်ခြေ ပိုများပါတယ် –

  • အသက်အရွယ် – အသက်ကြီးလေ Atrial fibrillation ဖြစ်လာနိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေမှာလည်း ဖြစ်တာ တွေ့ရပါတယ်။
  • နှလုံးရောဂါ – မွေးရာပါ နှလုံးရောဂါ၊ နှလုံးအဆို့ရှင် ပြဿနာ၊ နှလုံးသွေးကြော ကျဉ်း စတဲ့ ဘယ် အမျိုးအစား ဖြစ်ဖြစ် နှလုံးရောဂါ ရှိတဲ့သူတွေမှာ ဒီပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • သွေးတိုးရောဂါ – သွေးတိုးရှိတဲ့ သူတွေမှာ(အထူးသဖြင့် နေထိုင်မှုပုံစံ သို့မဟုတ် ဆေးဝါးနဲ့ သွေးတိုး မထိန်းတဲ့သူတွေမှာ) ဖြစ်နိုင်ခြေပိုများပါတယ်။
  • တခြားနာတာရှည်ရောဂါတွေ – သိုင်းရွိုက်ရောဂါ၊ ညအိပ်မပျော်တာ၊ ဆီးချိုသွေးချို၊ ကျောက်ကပ် ရောဂါ၊ အဆုတ် ရောဂါတို့လို နာတာရှည် ရောဂါ ရှိသူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။
  • အရက်သောက်ခြင်း – အယ်လ်ကိုဟော သောက်တာ များရင် ဒီရောဂါ ဖြစ်လာနိုင်ခြေ ပိုများပါတယ်။
  • အဝလွန်ခြင်း – အဝလွန် သူတွေမှာ Atrial fibrillation ဖြစ်လာနိုင်ခြေ ပိုများပါတယ်။
  • မိသားစုမျိုးရိုး – Atrial fibrillation ရှိတဲ့သူ မိသားစုမှာ ပါရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဒီလက္ခဏာတွေဖြစ်လာရင် အရေးပေါ်ကုသမှုလိုပါတယ်

တကယ်လို့ –

  • ရင်ဘတ် တအား အောင့်လာရင်
  • နှလုံးခုန်နှုန်း မမှန်တော့ဘဲ သတိလစ်တော့ မလို ဖြစ်လာရင်
  • ထုံကျဉ်တာ ဒါမှမဟုတ် စကားပြော မပီမသ ဖြစ်တာလိုမျိုး လေဖြတ်မယ့် လက္ခဏာတွေ ဖြစ်လာရင် အရေးပေါ် ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် ရင်ခုန်တာ၊ ရင်တုန်တာတွေကို သတိ လက်လွတ် မနေလိုက်ပါနဲ့လို့ သတိပေးလိုက်ချင် ပါတယ်နော်။ Hello ပရိသတ်ကြီး အမြဲတမ်း ရောဂါကင်းပြီး ကျန်းမာပါစေလို့။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/09/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။