backup og meta

ဝက်ခြံကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုဆုံးရှုံးနေပြီလား

ဝက်ခြံကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုဆုံးရှုံးနေပြီလား

မနက်အိပ်ရာနိုးလို့ မှန်ထဲကြည့်လိုက်မိရင်အရင်ဆုံး မျက်လုံးထဲကို ဝင်လာမှာက ဝက်ခြံတွေများလိုက်တာ။ စိတ်ညစ်တယ်။ မျက်နှာလေးကြည်ပြီး သန့်နေတာမျိုးဖြစ်ချင်လိုက်တာလို့ဖြစ်နေပြီလား။ ဝက်ခြံကြောင့် ငါက သူများတွေလိုမလှဘူး။ အပြင်သွားရင်လည်း သူများတွေလိုက်ကြည့်တာက ဝက်ခြံကြောင့်ပဲနေမှာပါ၊ လို့တွေးပြီး စိတ်ဓါတ်တွေများကျနေပြီလား။ တစ်ခါတလေရှိသေးတယ် ဝက်ခြံများလို့ စိတ်ညစ်နေတာကိုပျော်အောင် မနည်းနေနေရပါတယ်ဆိုမှ ဝက်ခြံတွေများတယ်နော်။ ဘာမှမသုံးဖူးလား။ ဆိုတဲ့ အမေးမျိုးကပြုံးပြီးသာဖြေနေရတယ်။ စိတ်ထဲတော့တော်တော်လေးအောင့်သက်သက်ရယ်။ ဒီပြဿနာတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။

ဝက်ခြံ ဘာလို့ထွက်

ဝက်ခြံဆိုတာက ညစ်ပတ်လို့ထွက်တယ်။ လို့ထင်နေသူတွေရှိပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ဟော်မုန်းအပြောင်းအလဲစိတ်ဖိစီးမှု၊ အိပ်ရေးပျက်တာ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် ၊ အဆီပြန်တာ နဲ့ချွေးပေါက်ကျယ်တာတွေကြောင့် ဝက်ခြံဖြစ်ရတာပါ။ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ ဝက်ခြံတွေဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဝက်ခြံကပျောက်မသွားတဲ့အခါ စိတ်ဖိစီး၊ စိတ်ဖိစီးမှုကြောင့် ဝက်ခြံဖြစ်နဲ့ သံသရာလည်နေရောလေ။ ဒီဝက်ခြံတွေက စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဝက်ခြံကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

ဝက်ခြံကြောင့် စိတ်ပျက်နေမယ့်အစား အပြတ်ချေမှုန်းကြမလား။ ဝက်ခြံကအရေပြားပြဿနာတစ်ရပ်ပါ။ နာတာရှည်မဟုတ်တာကြောင့်သေချာလေးဂရုစိုက်မယ်ဆိုရင်ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သိထားရမှာက ဝက်ခြံကနေ့ချင်းညချင်းပျောက်သွားမယ့်အရာမဟုတ်ဘူးဆိုတာပါ။

ပထမအဆင့်…….မျက်နှာက အညစ်အကြေးတွေဖယ်ရှားပါ

တစ်နေကုန်လိမ်းခြယ်ထားသမျှနဲ့ ဖုန်မှုန့်တွေကိုသေချာသန့်စင်ဖို့လိုပါမယ်။ ဒါကြောင့် မျက်နှာကို မျက်နှာသစ်ဆေးသုံးပြီး မသန့်စင်ခင်မှာ Micellar water သုံးပြီး သန့်စင်ပေးပါ။ ဝက်ခြံရှိတယ်ဆိုရင်တော့ BIODERMA Sebium H2Oလေးရှိပါတယ်။ ဂွမ်းစလေးမှာMicellar waterလေးကိုစွတ်ပြီး မျက်နှာကို အပေါ်ကိုဆွဲယူတဲ့ပုံစံနဲ့သန့်စင်ပါ။ ဒါမှချွေးပေါက်ထဲက အဆီတွေ။ ဖုန်မှုန့်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ လည်ပင်းနဲ့ နားအနောက်ဖက်တွေကိုလည်း ချန်မထားဖို့ပြောပါရစေ။

ဒုတိယအဆင့်……. မျက်နှာသစ်မယ်

ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပြီးပြီဆိုရင်တော့ မျက်နှာသစ်ရမှာပါ။ ဝက်ခြံသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကိုရွေးရပါမယ်။ မျက်နှာသစ်ဆေးဖြစ်ပြီးရောရွေးချယ်လိုက်မယ်ဆိုရင် ဝက်ခြံမသက်သာတဲ့အပြင်ချွေးပေါက်တွေကို ပိတ်မိစေပြီး ဝက်ခြံကို ပိုဆိုးသွားစေမှာပါ။ ဝက်ခြံတင်မဟုတ်ဘဲ အဆီပါပြန်တတ်သေးတယ်ဆိုရင် Double Cleansing လုပ်ဖို့လိုပြီပေါ့။ မျက်နှာသစ်ဆိုရင်လည်းဝက်ခြံရှိအသားရေတွက်ရွှေးရခက်ပါတယ်ဆပ်ပြာနဲ့မတည့်တဲ့ အသားရေဆိုအဆင်မပြေတာတွေ အဲဒါဆိုရင်တော့ ဆပ်ပြာမပါဝင်တဲ့­ဂျယ်လ်အမျိုးအစား မျက်နှာသစ်ဆေးက အဆင်ပြေဆုံးဖြစ်မှာပါ။

အသားရေချောမွေ့စေတဲ့အပြင် အရေပြားအစိုဓါတ်ဖြည့်တင်းပေးတဲ့ Sensibio toner ကအဆင်ပြေဆုံးဖြစ်မှာပါ။ ဒါမှချွေးပေါက်တွေသန့်စင်ပြီး အသားအရေထိန်းသိမ်းမှု အတွက်အသင့်တော်ဆုံးဖြစ်မှာပါ။

တတိယအဆင့်……. Pore Refiner သုံးမယ်

မျက်နှာကို သန့်စင်တဲ့အဆင့်ပြီးပြီဆိုတော့ချွေးပေါက်ကျယ်နေတာကြောင့် ဝက်ခြံထပ်ဖြစ်လာမှာကိုကာကွယ်တဲ့အနေနဲ့ Pore Refinerလေးကို သုံးပေးရပါမယ်။ ဒါမှချွေးပေါက်တွေကျဉ်းပြီး အရေပြားမှာ မိတ်ကပ်လူးတဲ့အခါ အဆီပြန်တာမျိုးမရှိမှာပါ။ချွေးပေါက်ထဲမှာ မိတ်ကပ်တွေပိတ်ဆို့တာမျိုးမဖြစ်အောင်လည်း ကာကွယ်ရာရောက်မှာပါ။ ဒါပေမယ့် လေဒီလေးက ချွေးပေါက်ကျယ်တဲ့သူလေးမို့ တစ်နေ့တာလုံးလှနေစေဖို့ BIODERMA Sebium Series ထဲက ချွေးပေါက်ကျဉ်းဆေး Pore Refinerကိုသုံးမယ်ဆိုရင်တော့ နေ့ဘက် Foundation အနေနဲ့အသုံးပြုနိုင်ပါတယ်။ ကျယ်နေတဲ့ချွေးပေါက်တွေ ကျဉ်းစေဖို့ဆိုရင်BIODERMA Sebium Series ထဲက Pore Refinerလေးရှိပါတယ်။

စတုတ္ထအဆင့် …….. Moisturizer သုံးမယ်

အသားအရေအစိုဓါတ်ထိန်းဖို့ က အသားအရေထိန်းသိမ်းရာမှာမေ့ထားလို့မဖြစ်တဲ့ အဆင့်တစ်ခုပါ။ ဒီတော့ အသားအရေကို အစိုဓါတ်ရှိနေစေဖို့Moisturizer လိမ်းဖို့က ချန်ထားလို့မဖြစ်ပါဘူး။ အသားအရေကို စောင့်ရှောက်ဂရုစိုက်တဲ့အနေနဲ့ဝက်ခြံတွေကိုသက်သာစေတဲ့ Moisturizer ပါဝင်တဲ့ Sebium Global လေးကို ညအိပ်ခါနီးမှာလိမ်းပေးပြီး ဝက်ခြံတွေကို ထိထိရောက်ရောက် လျော့ပါးသက်သာစေပါတယ်။

ပဉ္စမအဆင့် …… Sunscreen လူးမယ်

အသားအရေကို အပြည့်အဝထိန်းသိမ်းချင်ရင် မေ့ထားလို့မရတဲ့ အဆင့်လေးတစ်ခုရှိပါသေးတယ်။ ဒါကတော့ နေလောင်ကာရင်မ်လူးတာပါ။ နေရောင်ခြည်မှာပါတဲ့ UVA နဲ့ UVB တို့က အသားအရေကိုထိခိုက်စေပြီး ဝက်ခြံကို ပိုဆိုးစေနိုင်သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း ပျောက်ဖို့ ခက်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေနဲ့လိုက်ဖက်မယ့် နေလောင်ကာခရင်မ်ကို ပုံမှန်လူးပေးဖို့ မမေ့ပါနဲ့။ ဒီနေရာမှာ သတိထားရမှာက နေလောင်ကာခရင်မ်လူးတဲ့အခါ ဝက်ခြံသက်သာစေမှာပဲဆိုပြီး BIODERMA Sebium Series ထဲက Photoderm AKN mat နေလောင်ကာခရင်မ်ကို သုံးတာမျိုးမလုပ်မိဖို့ပါ။ အကြောင်းကတော့ တန်ဆေး လွန်ဘေးဆိုသလိုပေါ့။ ချွေးပေါက်ကျယ်တတ်လို့ Pore Refiner သုံးထားတယ်ဆိုရင် နေလောင်ကာခရင်မ်ကို Sebium Series ထဲက မရွေးတာက အဆင်ပြေဆုံးပါ။ အက်ဆစ်ဓါတ်များသွားပြီး အသားအရေကို မတော်တဆ ထိခိုက်မိနိုင်တာကြောင့်ပါ။ ဒါကြောင့်နေ့ဘက် မဖြစ်မနေလောက်နေလောင်ကာခရင်သုံးမယ်ဆိုရင်တော့ Photoderm Aquafluid SPF 50+ ထဲရွေးချယ်ပြီးတွဲသုံးနိုင်ပါတယ်။

ဆဋ္ဌမအဆင့်…….ရေဓါတ်ပြည့်အောင်နေမယ်

ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ဆုံးကရေပါ။ ဒီတော့ မနက်နိုးနိုးချင်းရေတစ်ခွက်သောက်ပါ။ တစ်နေ့တာလုံးမှာရေဓါတ်ပြည့်ဝအောင်နေလို့ ညအိပ်ခါနီးမှာလည်းရေတစ်ခွက်သောက်ပြီးမှအိပ်ပါ။

နောက်ဆုံးအဆင့်……..လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့တာမှာချွေးထွက်လောက်အောင်လေ့ကျင့်ခန်းလေးတော့လုပ်ပါ။ အချိန်မပေးနိုင်ဘူးဆိုရင်တောင် မနက်ခင်းမှာသွေးပူလေ့ကျင့်ခန်းလေး လုပ်ပေးပါ။ချွေးတွေထွက်တာကလည်း ဝက်ခြံသက်သာစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။

ဝက်ခြံကို ပျောက်ချင်လို့ အသားအရေထိန်းသိမ်းသူတွေအနေနဲ့ မဖြစ်မနေသိထားသင့်တာက ဝက်ခြံပျောက်စေတယ်ဆိုတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို တစ်ခုမက သုံးစွဲတာမျိုးမလုပ်ဖို့ပါ။ အကြောင်းကတော့ ဝက်ခြံပျောက်စေတယ်ဆိုတဲ့အရာတွေကို တစ်ခုမက သုံးမယ်ဆိုရင် အသားအရေကို ထိခိုက်နိုင်ခြေများနေတာကြောင့်ပါ။ ဒါကြောင့်အသားအရေထိန်းသိမ်းမှုလုပ်တော့မယ်ဆိုရင် လိမ်းရမယ့် အဆင့်ဆင့်ကို မှန်အောင်မှတ်ထားဖို့လိုသလိုသေချာဂရုစိုက်ဖို့လည်းလိုမှာပါ။ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေကို သူ့လိမ်းချယ်ရမဲ့အဆင့်အတိုင်း နေ့ဘက်လူးတာနဲ့ ညဘက်လူးတာတွေ၊ တွဲလူး၊ ခွဲလူးရမှာတွေကို သေချာလေး ဂရုစိုက်လို့ အသားအရေကို ထိန်းသိမ်းဖို့ပြောပါရစေ။

ဒီအဆင့်လေးတွေကို ပုံမှန်လိုက်နာမယ်။ ညအိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်မယ်ဆိုရင် တစ်လလောက်အတွင်းမှာ မျက်နှာပေါ်က ဝက်ခြံတွေက သူ့အလိုလိုတပ်ခေါက်သွားပါလိမ့်မယ် ဝက်ခြံက စိတ်အနှောင့်အယှက်ဖြစ်စေတာမှန်ပေမယ့် ရှက်စရာတစ်ခုလို့တော့ မတွေးစေချင်ပါဘူး။ ဒါကြောင့် ဝက်ခြံကြောင့် စိတ်ဓါတ်ကျမနေပါနဲ့လ့ို အကြံပြုရင်း…………

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

12/09/2022

Aye Thi Mon မှ ရေးသားသည်။

Seint Lei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံ ကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး



Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement