backup og meta

ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့

ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့

ညဘက် ခေါင်းမလျှော်နဲ့နော်။ ရေစိုကြီးနဲ့ အိပ်ရင် ဖျားမယ်လို့ မေမေတို့ ဖွားဖွားတို့ဆီက ဆူတာ ခံရဖူးတာ။ ဆံပင်စိုကြီးနဲ့ အိပ်လို့ ဖျားတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံပင် ရေစိုနေရင် အိပ်ရာ မဝင်သင့်တာကတော့ အမှန်ပါပဲ။ ခေါင်းလျှော်ပြီးရင် အိပ်ချင်တာကလည်း အမှန်ပဲနော်။ ဒါပေမယ့် ဆံပင် ခြောက်မှပဲ အိပ်ပါ။ ဘာကြောင့် ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ လို့ပြောရတာလဲ ဆိုတာကို ပြောပြပေးပါရစေနော်။

ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့

ဆံပင် ရေစိုနေရင် မအိပ်သင့်ပါဘူး။ အိပ်ချင်ရင်တောင်မှ Dryer သုံးပြီး ဆံပင်ကို အခြောက်ခံပြီးမှ အိပ်ရာ ဝင်သင့်ပါတယ်။ ဆံပင်အခြောက်မခံဘဲ အိပ်ရာ ဝင်တဲ့အခါ ဒါလေးတွေ ဖြစ်နိုင်ပါတယ်။

ဝက်ခြံတွေ ဖြစ်စေနိုင်တယ်

ခေါင်းက စိုနေတဲ့ ခေါင်းအုံးစွပ်နဲ့ ထိတွေ့မိပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားမှု ကနေတဆင့် မျက်နှာမှာ ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ဆံပင်ကို ရေခြောက်အောင် သုတ်တာအပြင် ခေါင်းအုံးစွပ်ကိုပါ လဲဖို့ မမေ့ပါနဲ့။

ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တယ်

ခေါင်းအုံးစွပ်မှာ ဘက်တီးရီးယားတွေ ရှိနေနိုင်သလို မှိုပိုးတွေလည်း ပေါက်ဖွားနေနိုင် ပါတယ်။ ဒါကြောင့် ဆံပင် ရေစိုနေရင် မအိပ်ပါနဲ့။ အစိုဓါတ်က ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားဖြည့်ပေးတာမျိုး ဖြစ်သွားနိုင်တာကြောင့်ပါ။ ဒီလိုကနေ တဆင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်စေနိုင် ပါတယ်။

ဗောက်ထစေနိုင်တယ်

ဘယ်သူကမှတော့ ခေါင်းဦးရေပြားမှာ ဗောက်တွေ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ ခေါင်းလျှော်ရည်နဲ့ ဆံပင် အတွက် သုံးတဲ့ ရှန်ပူအများစုက ဗောက်တွေ သက်သာစေဖို့ ထုတ်ထားတာပါ။ တကယ်လို့ သင့်အနေနဲ့ ဆံပင် ရေစိုကြီးနဲ့ အိပ်ရာ ဝင်လိုက်မယ် ဆိုရင် ဦးရေပြားမှာ ဗောက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဗောက်ပြဿနာ ကင်းချင်တယ်ဆိုရင် ဆံပင် ရေစိုနေတုန်း အိပ်ရာ မဝင်ပါနဲ့။

ဦးရေပြားမှာ အနာတွေဖြစ်စေနိုင်တယ်

ဦးရေပြားမှာ ဘက်တီးရီးယားတွေ ဖြစ်စေပြီး ဆံပင်တွေကို အကွက်လိုက် ကျွတ်စေတဲ့ ဦးရေပြားဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဦးရေပြားမှာ အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်မလာစေဖို့ ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့။

ဆံပင်မွဲခြောက်ခြောက်ဖြစ်စေနိုင်တယ်

ဆံသားက ကျန်းမာနေတဲ့အခါ ပျော့ပျောင်းပြီး အရောင်စိုစိုတောက်တောက်လေးနဲ့ တော်တော်လေး ကြည့်လို့ ကောင်းတာပါ။ တကယ်လို့ သင့်အနေနဲ့ ဆံပင်ရေမခြောက်ဘဲ အိပ်ရာမဝင်မိဖို့ သတိထားပါ။ နောက်ထပ် ဖြစ်နိုင်တာကတော့ ဆံသားတွေ ကြွပ်ဆတ်ပြီး ခြောက်ဖွာလာနိုင်တာကြောင့်ပါ။

ခေါင်းကိုက်စေနိုင်တယ်

ဆံပင်မခြောက်ခင် အိပ်တာက ခေါင်းအုံတာ၊ ခေါင်းကိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဆံပင်နဲ့ ခန္ဓာကိုယ် အပူချိန်တို့ မမျှမတဖြစ်ပြီး ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။

ဦးရေပြားယားစေနိုင်တယ်

ဆံပင်မှာ ရေမခြောက်ဘဲ အိပ်စက်တဲ့အခါ ဦးရေပြားမှာ မှိုပိုးတွေ ပေါက်ဖွားမှုဖြစ်ပြီး ဗောက်ဖြစ်တာ အပါအဝင် အခြားသော ဦးရေပြားကို ယားယံစေတဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ခေါင်းက အကြောင်းအရင်း မရှိဘဲ ယားယံတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာသန်စွမ်းပြီး လှပကြော့ရှင်းတဲ့ ဆံသားကို ပိုင်ဆိုင်ဖို့ဆိုရင် ညဘက် ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်မခြောက်ခင်မှာ အိပ်ရာဝင်တာမျိုး မလုပ်ပါနဲ့။ အရမ်း အိပ်ချင်နေရင်လည်း Dryer အကူအညီနဲ့ ဆံပင်ကို ခြောက်အောင်လုပ်ပြီးမှ အိပ်စက်ဖို့ အကြံပြုပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is sleeping with wet hair bad for you and your health? https://www.marieclaire.co.uk/beauty/hair/sleeping-with-wet-hair-414868#RRavUYU6QMVbQB0j.99 Accessed Date 23 January 2019

Is It Bad To Go To Bed With Wet Hair?https://www.huffingtonpost.com.au/2017/08/06/is-it-bad-to-go-to-bed-with-wet-hair_a_23067824/ Accessed Date 23 January 2019

The Truths, Myths, and Evidence on Sleeping with Wet Hairhttps://www.uratex.com.ph/truths-myths-evidence-sleeping-wet-hair/ Accessed Date 23 January 2019

Can wet hair make you sick? https://www.medicalnewstoday.com/articles/is-it-bad-to-sleep-with-wet-hair  Accessed Date 23 January 2019

ယခုပုံစံ

16/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင်

မှန်ကန်တဲ့ ဆံသားထိန်းသိမ်းမှုပစ္စည်းတွေ ဘယ်လိုရွေးချယ်ကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement