backup og meta

ခွေးအမွေး၊ ကြောင်အမွေးလား…ပြုစားခံရတာလား…ဆေးပညာနဲ့အဖြေထုတ်တဲ့အခါ

ခွေးအမွေး၊ ကြောင်အမွေးလား…ပြုစားခံရတာလား…ဆေးပညာနဲ့အဖြေထုတ်တဲ့အခါ

ရုပ်ရှင်ဇာတ်လမ်းတချို့မှာ မြင်တွေ့ရဖူးသလို အပြင်လောကမှာလည်း ဖြစ်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ ကျန်းမာရေးပြဿနာတစ်ခုရှိတယ်။ သားဥအိမ်တွင်းအလုံးတည်လို့ ကိုယ်ဝန်လိုလိုအထင်လွဲခံရ၊ ပစ်ပယ်ခံရတာမျိုးပေါ့။ ဒါတွေက သားဥအိမ်မှာဖြစ်တဲ့ အရည်အိတ် ။

ဒီတစ်ခါတော့ လူပြုစားတာတဲ့။ ခွေးတွေ၊ကြောင်တွေရဲ့အမွေးတွေစုပြီး ပိတ်ခဲနေတာတဲ့။ ဒီလိုအရပ်ပြောစကားတွေနဲ့ အရည်အိတ်ပြဿနာဟာ ဆရာဝန်တွေရဲ့ ခွဲစိတ်ကုသမှုနဲ့ ခွဲထုတ်လိုက်တဲ့အရည်အိတ်ထဲမှာ အမွေးလိုလို ဆံပင်လိုလိုတွေ ပါနေတဲ့အကြောင်းနဲ့ လူမှုမီဒီယာမှာပျံ့နှံ့လာပါတယ်။

ဒါတွေ ဟုတ်မဟုတ်ကို ဆေးပညာအရ အဖြေရှာကြည့်ရင် Dermoid Cyst လို့ခေါ်တဲ့ အရည်အိတ် က အဓိကတရားခံပါ။ Dermoid Cyst ထဲမှာ အမွေး၊ အရည်၊ သွား၊ အရေပြားဂလင်းတွေ‌ပါဝင်နေတတ်ပြီး ခန္ဓာကိုယ် တစ်နေရာရာမှာ ဖြစ်လာတတ်ပါတယ်။

ဘယ်နေရာတွေမှာ ဖြစ်တတ်လဲ

မိန်းကလေးတွေမှာဖြစ်တတ်တဲ့ သားဥအိမ်ရေအိတ်တွေက အမျိုးမျိုးရှိပေမယ့် Dermoid Cyst ကတော့ တခြားနေရာတွေမှာလည်း ဖြစ်တတ်ပါတယ် –

  • မျက်နှာ
  • လည်ပင်း
  • ဦးနှောက် (ဖြစ်တောင့်ဖြစ်ခဲ)
  • နှာခေါင်းလမ်းကြောင်း (ဖြစ်တောင့်ဖြစ်ခဲ)
  • ခါးရိုးဆစ်အာရုံကြော(ပိုးဝင်တတ်)
  • သားဥအိမ်(မိန်းကလေးတွေမှာ)တို့မှာ ဖြစ်တတ်ပါတယ်။

မွေးတည်းက ပါလာတတ်ပြီး မသိသာပေမယ့် နည်းနည်းချင်းပဲ ကြီးထွားလာတတ်တဲ့ အရည်အိတ်ပါ။ မျိုးပွားဆဲလ်တွေကနေဖြစ်လာတာမို့ အမွေး၊ အဆီ၊ သွား၊ အရိုး၊ ချွေးဂလင်းတွေရဲ့တစ်ရှူးတွေ ပါဝင်နေတာပါ။

လက္ခဏာတွေက

အများအားဖြင့် သိသာထင်ရှားတဲ့လက္ခဏာမရှိကြပါဘူး။ အရည်အိတ်ကို ပိုးဝင်တဲ့အခါ ဒါမှမဟုတ် အတော်လေး သိသိသာသာကြီးထွားလာမှသိကြတာပါ။ အဲဒီအချိန် သတိထားမိလာတဲ့ လက္ခဏာတချို့ကတော့ –

  • ပိုးဝင်နေတဲ့ အရည်အိတ်အနီးတဝိုက်က အရေပြား ရောင်ရမ်းလာမယ်။
  • ပေါက်ပြဲသွားတဲ့အခါ ရောဂါပိုးကပျံ့နှံ့သွားမယ်(ဥပမာ မျက်နှာမှာဖြစ်တဲ့ အရည်အိတ် ရောင်ရမ်းပေါက်ပြဲတယ်ဆိုရင် မျက်လုံးမှာ အရမ်းရောင်ရမ်းလာနိုင်ပါတယ်)
  • အရည်အိတ်က သားဥအိမ်မှာကြီးထွားတာဆိုရင် သူ့အနီးတဝိုက်မှာရှိတဲ့ ဗိုက်အောက်ပိုင်းဧရိယာ မှာ နာကျင်မှုကိုခံစားရနိုင်တယ်။ ရာသီစက်ဝန်းနဲ့ အနီးတဝိုက်ကာလအတွင်း နာကျင်မှုပိုသိသာနိုင်တယ်။
  • ခါးရိုးဆစ် Dermoid Cyst ကတော့ ကြီးထွားလာပြီး ခါးရိုးဆစ်အာရုံကြောတွေကို ဖိမိလာတာနဲ့ လက္ခဏာစပြီးပြလာမယ်။ ခန္ဓာကိုယ်ရဲ့ဘယ်အာရုံကြောကို ထိခိုက်မလဲဆိုတာက အရည်အိတ်ရဲ့ အရွယ်အစားနဲ့ တည်နေရာကို မူတည်ပါတယ်။

ဒီလိုဖြစ်လာရင် –

– လက်မောင်းနဲ့ ခြေထောက်မှာ အားနည်းလာပြီး ထုံကျဉ်တာ၊

– လမ်းလျှောက်ရခက်လာတာ၊

ဆီးမထိန်းနိုင်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

အန္တရာယ်ရှိနိုင်လား

ပုံမှန်အားဖြင့်တော့ နောက်ဆက်တွဲအန္တရာယ်မရှိနိုင်ပါဘူး။ သူက အမြဲအန္တရာယ်မရှိတတ်ပေမယ့် ပေါက်ပြဲတာ၊ ရောင်ရမ်းတာ၊ ပိုးဝင်တာတွေဖြစ်လာရင်တော့ ခွဲစိတ်ဖယ်ထုတ်ရပါတယ်။

ခါးရိုးဆစ် Dermoid Cyst ကို မကုသဘဲထားရင်လည်း ခါးရိုးဆစ်နဲ့အာရုံကြောတွေကို ထိခိုက်စေတဲ့အထိ ကြီးထွားလာနိုင်ပါတယ်။

သားဥအိမ် Dermoid Cyst တွေက ကင်ဆာဖြစ်လေ့မရှိပေမယ့် အတော်ကြီးလာတဲ့အခြေအနေမျိုးမှာဆို သားဥအိမ်လိမ်ခြင်းကို ဖြစ်စေနိုင်ပြီး သားဥအိမ်ကို သွေးမရောက်နိုင် ဒါမှမဟုတ် အရောက်နည်းစေနိုင် ပါတယ်။

ဒါ့ကြောင့် ကိုယ်မှာ လက္ခဏာ သို့မဟုတ် ဝေဒနာခံစားရတာ တခုခုထူးခြားနေပြီဆို အတွေးတွေမများဘဲ ဆေးရုံဆေးခန်းသာပြေးပါ။ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေကို အတွေ့အကြုံရှိဆရာဝန်တွေက အဖြေရှာစစ်ဆေးပြီး ကုသပေးပါလိမ့်မယ်။ ဒါမှ အန္တရာယ်အဆင့်မရောက်ခင် အချိန်မီကုသနိုင်မှာပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicinenet.com/ovarian_cysts_pictures_slideshow/article.htm

Accessed Jan-2 1, 2020.

https://www.healthline.com/health/dermoid-cyst

Accessed Jan-2 1, 2020.

https://www.webmd.com/skin-problems-and-treatments/sdermoid-cyst#1

Accessed Jan-2 1, 2020.

ယခုပုံစံ

06/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရည်အိတ်များဖြစ်ခြင်း

Baker's Cyst (ဘေကာအရည်အိတ်)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement