backup og meta

မျှဝေပါ။

လမ်းလျှောက်ခြင်းက အကောင်းဆုံးစတင်မှုတစ်ခုပါ

လမ်းလျှောက်ခြင်းက ကျန်းမာဖို့အတွက် အကောင်းဆုံးနည်းပါ။ ဒီဆောင်းပါးမှာ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြသွားမှာပါ။ လမ်းလျှောက်တာက Gym ကစားတာလိုမျိုး အသင်းဝင်ကြေးတွေ ကိရိယာတွေမလိုသလို ဘာအကုန်အကျမှလည်း မရှိပါဘူး။ ဒါက ကျွန်တော်တို့နေ့စဉ် လုပ်နေကျဖြစ်တဲ့အတွက် ထူးထူးထွေထွေ သင်ကြားစရာမလိုတဲ့ အလွယ်ကူဆုံးနည်းလမ်း တစ်ခုပါ။

လမ်းလျှောက်ခြင်းက အကောင်းဆုံးစတင်မှုတစ်ခုပါ

လမ်းလျှောက်ခြင်းက အကောင်းဆုံးစတင်မှုတစ်ခုပါ

လမ်းလျှောက်ခြင်းက သွေးတိုး၊ ကိုလက်စထရော၊ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတို့ကို သက်သာစေပါတယ်။ ကိုယ်အလေးချိန်ကျအောင် ကူညီပေးတဲ့အပြင် နှလုံးရောဂါနဲ့ လေဖြတ်၊ လေဖြန်းစတဲ့ နာတာရှည်ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ လူအများနဲ့ ပျော်ပျော်ရွှင်ရွှင် အတူလုပ်လို့ရတဲ့ နည်းလမ်းတစ်မျိုးလည်းဖြစ်ပါတယ်။

လမ်းလျှောက်တာက အန္တရာယ်မရှိသလို အနာတရဖြစ်တာတွေလည်း မရှိပါဘူး။ ဒါက အလွယ်တကူ လိုက်လုပ်လို့ရတာမျိုးဖြစ်ပြီး လုပ်လို့ရတဲ့နေရာတွေလည်းအများကြီးပါ။

သင်က တက်တက်ကြွကြွ နေကျင့်မရှိသူဆိုရင် အရင်ဆုံးတစ်ရက် ၁၀မိနစ်လမ်းလျှောက်ရာကနေ တဖြည်းဖြည်းတိုးသွားပါ။ သင်လမ်းစလျှောက်ရင် သက်သောင့်သက်သာဖြစ်စေမယ့် အရှိန်နဲ့ စလျှောက်ပြီး တစ်ပတ်ပြီးတစ်ပတ် ၃မိနစ်ကနေ ၅မိနစ်တိုးလျှောက်ကြည့်ပါ။ ပန်းတိုင်က တစ်ပတ်ကို ၅ရက်၊ တစ်ရက်ကို မိနစ်သုံးဆယ် အမြန်လျှောက်နိုင်ဖို့ပါ။ လမ်းလျှောက်တာကို အခုချက်ချင်း စလုပ်တာ အကောင်းဆုံးပါ။ အောက်မှာလည်း အခုမှစတင်မယ့်သူတွေအတွက် လမ်းညွှန်တွေ ပေးထားပါတယ်။

ယခုမှ စတင်လမ်းလျှောက်မယ့် သူများအတွက်အစီအစဉ်

စစချင်း ရက်အနည်းငယ်မှာ သင်ဘယ်လောက် လမ်းလျှောက်လဲဆိုတာကို မှတ်ထားပါ။ ခြေလှမ်းတိုင်းကိရိယာ/နာရီကို အသုံးပြုပြီး သင်ဘယ်နှမိနစ်လျှောက်ပြီးပြီလဲ။ သင်ခြေလှမ်းဘယ်လောက် လျှောက်ပြီးပြီလဲ စစ်ပါ။ ဒီကစပြီး အောက်မှာပြထားတဲ့ အစီအစဉ်တွေနဲ့ သင့်ရဲ့လမ်းကြောင်းကို ပိုရှည်အောင် လုပ်နိုင်ပါပြီ။

မှတ်ထားရမှာတစ်ခုက သင်က ကျွန်တော်တို့ အကြံပေးတဲ့အစီအစဉ်ထက် တိုးတက်တာ မြန်ချင်မြန်မယ်၊ နှေးချင်နှေးမယ်။ ဒါက သင့်အပေါ်မှာ မူတည်တယ်ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။

အရေးကြီးတာက နေ့စဉ်အချိန်မှန်မှန်နဲ့ သက်သောင့်သက်သာဖြစ်တဲ့ အရှိန်နဲ့ လျှောက်ဖို့ပဲဖြစ်ပါတယ်။

လမ်းလျှောက်သူတွေအတွက် အကြံပေးချက်များ

အရင်ဆုံး ပုံမှန်လျှောက်နေကျ အရှိန်ထက်လျှော့ပြီး ၃မိနစ်ကနေ ၅မိနစ်လျှောက်ရင်း သွေးပူအောင်လုပ်ပါ။

လမ်းမလျှောက်ခင်နဲ့ လျှောက်အပြီးမှာ အကြောဆန့်ပေးပါ။ လမ်းလျှောက်ရင် ပုံစံမှန်မှန်နဲ့ လျှောက်ပါ။ အရှေ့ကို ကြည့်ပါ။ မြေကြီးကို ကြည့်မလျှောက်ပါနဲ့။ ဦးခေါင်းနဲ့ မေးစေ့ကို မတ်မတ်ထားပြီး လမ်းလျှောက်ပါ။ သင်လမ်းမလျှောက်ခင် ရေအနည်းငယ် သောက်ထားတာက ရေဓာတ်ခမ်းခြောက်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လမ်းလျှောက်ခြင်း နဲ့ လေ့ကျင့်ခန်း လုပ်ခြင်းအတွက် သီးသန့်ထုတ်ထားတဲ့ ဖိနပ်တွေက သင့်ကို သက်သောင့်သက်သာ ရှိစေနိုင်သလို အနာတရ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

သင်လမ်းလျှောက်တာကို အလေ့အကျင့် ရသွားတာနဲ့ နောက်တစ်ဆင့် တက်ဖို့ မကြောက်ပါနဲ့။ အောက်မှာ ပြောပြသွားမှာက သင်လျှောက်နေကျနှုန်းကို ပြောင်းလဲပြီး သင့်ကို ပိုကျန်းမာစေမယ့် နည်းလမ်းတွေပါ။

  • လမ်းလျှောက်နေစဉ် အရှိန်ကို တစ်ချက်တစ်ချက် အရှိန်မြှင့်ပြီး နှလုံးခုန် မြန်လာအောင် လုပ်ပါ။
  • သင့်ခံနိုင်ရည်မြင့်ဖို့ လျှောက်နေကျ အကွာအဝေးကို တိုးလျှောက်ပါ။ မြန်မြန်နဲ့ ဝေးဝေးလျှောက်ပါ။
  • ကုန်းတက်တွေကိုပါ လျှောက်ပါ။
  • သင်လျှောက်ပုံလျှောက်နည်းကို ပြောင်းပါ။ တချို့နေ့တွေမှာ ခရီးတိုတိုကို မြန်မြန်လျှောက်ပြီး တချို့နေ့တွေမှာ ဝေးဝေးလျှောက်ပါ။
  • သူငယ်ချင်းတွေနဲ့ သီချင်းနားထောင်ရင်း အတူလျှောက်ကြပါ။

လမ်းလျှောက်ခြင်းဖြင့် လူအများကိုကူညီပါ။

တစ်ခါတလေ ဆောင်းရာသီမနက်ခင်း လမ်းလျှောက်ပွဲ၊ ရံပုံငွေ လမ်းလျှောက်ပွဲတို့ ရှိတတ်ပါတယ်။ သင်လမ်းလျှာက်တာ အသားကျသွားပြီ။ အကွာအဝေး တော်တော်များများကို တိုးပြီး လျှောက်နိုင်ပြီဆိုရင်တော့ ဒီလိုပွဲတွေမှာ ပါဝင်ပြီး လူအများကို ကူညီလိုက်ပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

James O. Hill, PHD. Walking and Type 2 Diabetes. Diabetes Care 2005 Jun; 28(6): 1524-1525.

Walking – A Great Place to Start!.

http://www.diabetes.org/food-and- fitness/fitness/types-of-

activity/walking-a- great-place- to-start.html?referrer=

https://www.google.com.vn/.

Accessed October 28, 2016.

Walking may aid fight against diabetes.

http://www.nbcnews.com/id/32861635/ns/health-diabetes/t/walking-may- aid-fight- against-diabetes/#.WBgNnfp9600.

Accessed October 28,2016.

ယခုပုံစံ

02/11/2023

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/11/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement