backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Triglycerides (အဆီဓါတ်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Triglycerides (အဆီဓါတ်) ကဘာလဲ။

Triglycerides ဆိုတာ သင့်ရဲ့ ခန္ဓါထဲမှာ စွမ်းအင် သိုလှောင်ဖို့ လိုအပ်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဒီအဆီမျိုးကို အသား၊ နို့ထွက် ပစ္စည်းများ၊ ဟင်းရွက်ဆီနှင့် တိရိစ္ဆာန်ဆီတွေထဲ မှာ ပါဝင်ပါတယ်။

အသည်းမှ လည်း triglyceride အဆီကို ထုတ်ပေးပါသေးတယ်။ ဒီအဆီတွေ အရမ်းများလာလျှင် အမျိုးသမီးတွေမှာ မုန့်ချိုအိတ်ရောင်ခြင်း နှင့် တခြား နှလုံးသွေးကြောရောဂါတွေ ဖြစ်လာနိုင်ဖို့ များစေပါတယ်။

Triglycerides (အဆီဓါတ်) က ဘယ်လောက်အဖြစ်များသလဲ

လေ့လာတွေ့ရှိချက်တွေ အရ ကိုယ်အလေးချိန်များနေသူတွေ နှင့် အဝလွန်နေတဲ့ သူတွေမှာ တစ်ပတ်မှာ မိနစ် ၁၅၀ ခန့်လေ့ကျင့်ခန်းလုပ်ဖို့ပျက်ကွက်တာကြောင့်၊ ဆေးလိပ်သောက်ခြင်းတွေ ကြောင့် Triglycerides ပမာဏမှာ 200mg/dl သို့ ပိုများနေနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ လဲ Triglycerides များနေတတ်ပါတယ်။

Triglycerides များတာက အလွန် အဖြစ်များပါတယ်။ အသက်အရွယ် မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Triglycerides (အဆီဓါတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

Triglyceride များတာက ရောဂါလက္ခဏာမပြတတ်ပါဘူး။ သို့သော် သင့်ရဲ့ Triglycerides များခြင်းက မျိုးရိုးဗီဇကြောင့်ဆိုလျှင် သင့်အရေပြားအောက်တွေမှာ အဆီတွေ စုပုံနေတာကို မြင်ရနိုင်ပါတယ်။ ၎င်းအဆီတွေကို xanthomas လို့ခေါ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Triglycerides (အဆီဓါတ်) ကိုဘာတွေကဖြစ်စေသလဲ

Triglycerides များခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများမှာ

• ကိုယ်အလေးချိန်လွန်ကဲခြင်း သို့ အဝလွန်ခြင်း

• ထိန်းချုပ်မှုအားနည်းနေတဲ့ ဆီးချိုသွေးချိုရောဂါ

• သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု နည်းခြင်း (hypothyroidism)

• ကျောက်ကပ်ရောဂါများ

• သင်၏ အဆီလောက်ကျွမ်းနိုင်စွမ်းထက် အဆီစားသုံးမှု ပိုများနေခြင်း

• အရက်အလွန်သောက်ခြင်း

• Lipoprotein lipase နှင့် apoCll ချို့တဲ့ခြင်း ( lipoprotein ထုတ်လုပ်မှု မမှန်ကန်ခြင်းကြောင့် chylomicrons နှင့် triglyceride တို့ ဖြစ်ပျက်မှုတွေ ကမောက်ကမ ဖြစ်စေတဲ့ အလွန်ရှားပါးတဲ့ autosomal recessive disorder)

Tryglyceride များစေတဲ့ တချို့သော ဆေးဝါးတွေ ဖြစ်တဲ့ TAmoxifenm steroids၊ beta blockers၊ ဆီးဆေး၊ အီစထရိုဂျင် နှင့် ကိုယ်ဝန်တားဆေးများ။

ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများ

Triglycerides (အဆီဓါတ်) များခြင်းဖြစ်ပွားနိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Triglyceride များခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• ကိုယ်အလေးချိန်လွန်ကဲခြင်း သို့ အဝလွန်နေခြင်း

• ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း

• ဆေးလိပ်သောက်ခြင်း

• ကစီဓါတ် စာသုံးမှု များခြင်း

• တချို့သော ရောဂါများနှင့် ဆေးဝါးများ

• တချို့မျိုးရိုးဗီဇရောဂါများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Triglycerides (အဆီဓါတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

Triglyceride များခြင်းကြောင့် နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ် အထူးသဖြင့် မကောင်းတဲ့ ကိုလက်စထရောများနေတဲ့သူတွေ၊ နှင့် အမျိုးအစား(၂)ဆီးချိုရောဂါသည်တွေမှာ ပိုပြီး ဖြစ်လာနိုင်ပါတယ်။

တစ်ညတာ (၁၂ နာရီကြာ ) အစာခံပြီးနောက်ဖောက်တဲ့ သွေးကို ကြည့်ပြီး triglyceride ပမာဏကို သိနိုင်ပါတယ်။

• ပုံမှန်။ ။ 150mg/dl အောက် သို့ 1.7mmol/L အောက်

• သတ်မှတ်ထားသည်ထက် များနေခြင်း။ ။ 150 to 199 mg/dl ( 1.8 to 2.2 mmol/L)

• များနေခြင်း။ ။ 200 to 499 mg/dl (1.8 to 2.2 mmol/L)

• အလွန်များနေခြင်း။ ။ 500 mg/dl သို့ အဲဒီထက်များနေခြင်း ( 5.7 mmol/L နှင့်အထက်)ဒီအပိုင်းထဲ ရောက်နေတဲ့ သူတွေက မုန့်ချို အိတ်ရောင်နေတာ နဲ့ ဆက်စပ်နေတတ်ပါတယ်။

ကိုလက်စထရောတက်နေခြင်း အားစစ်ဆေးခြင်း တစိတ်တပိုင်း အနေနဲ့ ဆရာဝန်မှ Triglycerides များနေခြင်းကိုပါ စစ်ဆေးပါလိမ့်မယ်။ တိကျတဲ့ သွေးအဖြေရနိုင်ရန် သင်ဟာ ၉နာရီကနေ ၁၂ နာရီကြာလောက်ထိ ဘာမှမစားပဲ ခဏနေရပါမယ်။

Triglycerides (အဆီဓါတ်) ကို ဘယ်လိုကုသပါသလဲ

သင့်ရဲ့ triglyceride များနေခြင်းပေါ်မူတည်ပြီး ဆရာဝန်က မတူညီတဲ့ ကုသနည်းတွေနဲ့ ကု ပါလိမ့်မယ်။

Triglyceride များခြင်းအတွက် အဓိကကုသနည်းကတော့ အစားအသောက် နဲ့ နေထိုင်မှု ပုံစံတွေကို ထိန်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။

လူနာအချို့ ကိုတော့ အဆီ၊ ကစီစားသုံးမှု နှင့် အရက် သောက်ခြင်းတို့ကို ရှောင်ကြဉ်စေပါတယ်။ ပိုပြီး အခြေအနေဆိုးရွားတဲ့ လူနာတွေကိုတော့ အဆီမပါတဲ့ အစားအစာတွေ စားစေပြီး အဆီပျော်ဝင်စေတဲ့ ဗိတာမင်တွေ ပေးပါတယ်။ ဒီထိန်းချုပ် ကုသမှုတွေ မအောင်မြင်လျှင် ဆေးဝါး အထောက်အကူ ယူရပါတော့မယ်။

Triglycerides အလွန်များနေတဲ့ တချို့လူနာတွေမှာ Triglycerides ကို လျှော့ချဖို့နဲ့ မုန့်ချိုအိတ်ရောင်ခြင်းကို ကာကွယ်နိုင်ရန် ဆရာဝန်က ဆေးတွေ ပေးပါလိမ့်မယ်။

Triglycerides ပမာဏကို လျှော့ချပေးနိုင်တဲ့ ဆေးတွေကတော့-

• Fibrates တွေဖြစ်တဲ့ Lopid၊ fibricor၊ နှင့် Tricor(မုန့်ချိုအိတ်ရောင်ခြင်းနှင့် ဆက်စပ်တဲ့ Triglycerides များနေခြင်းကို လျှော့ချရာတွင် အဖြစ်သုံးသည်။)

• Nicotinic acid နောက်တစ်မျိုးအနေနဲ့ Niaspan လို့လဲ ခေါ်ပါတယ်။

• အိုမီဂါသရီးဖက်တီးအက်ဆစ် တွေကတော့ Triglycerides လျှော့ချမှုအတွက် လိုအပ်ပြီး ဆရာဝန်စောင့်ရှောက်မှုအောက်တွင်သာ သောက်ရန်ဖြစ်ပါတယ်။ Epanova၊ lovaza နှင့် Vascepa တို့က အိုမီဂါ သရီး အမျိုးအစားတွေ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Triglycerides ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

Triglycerides များနေခြင်းကို အဓိက ထိရောက်စေမယ့် နည်းလမ်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားစေပြီး လေ့ကျင့်ခန်းတွေ ပိုလုပ်တာပဲ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Triglycerides ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ကိုယ်အလေးချိန်လျှော့ချခြင်း။ ။ သင်ဟာ အလေးချိန်လွန်ကဲနေလျှင် ကိုယ်အလေးချိန် ၂.၅-၄.၅ ကီလိုဂရမ် လျော့ချခြင်းက သင့်ရဲ့ Triglycerides ပမာဏကို လျှော့ချစေပါတယ်။ ကိုယ်အလေးချိန်ကျခြင်းရဲ့ ကောင်းကျိုးတွေဖြစ်တဲ့ စွမ်းအားထက်ခြင်း၊ ကြည့်ကောင်းစေခြင်း နှင့် ကျန်းမာရေးကောင်းခြင်းတို့ကို အာရုံစိုက်နိုင်အောင် မိမိကိုယ်ကိုယ် အားပေးပါ။

• Calories များလျှော့ချခြင်း။ ။ ကယ်လိုရီများခြင်းက TG အဖြစ်ပြောင်းပြီး အဆီအနေနဲ့ သိမ်းဆည်းပါတယ်။ ထို့ကြောင့် calories လျှော့ခြင်းဖြင့် triglycerides လဲ လျှော့ချပြီးသား ဖြစ်စေပါတယ်။

• သကြားနှင့် ဆေးသကြားမုန့်တွေ ရှောင်ပါ။ ။ သာမာန်ကစီဓါတ်တွေဖြစ်တဲ့ သကြားနှင့် ဂျုံဖြူဖြင့် လုပ်ထားတဲ့ မုန့်တွေက Triglycerides များစေပါတယ်။

• ကျန်းမာရေးကောင်းစေတဲ့ အဆီတွေ ပြောင်းစားပါ။ ။ အသားထဲမှာ ပါတဲ့ ပြည့်ဝဆီတွေအစား ဟင်းရွက်ဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ပဲဆီ နှင့် canola oil တွေ နှင့် ငါးကြီးဆီပါဝင်တဲ့ အိုမီဂါ သရီး ဖက်တီးအက်ဆစ် တွေကို စားသုံးပေးပါ။

• အရက်သောက်ခြင်းကို ထိန်းချုပ်ပါ။ ။ အရက်ဟာ ကယ်လိုရီ၊ သကြားများပြီး Triglycerides များခြင်းအပေါ်များစွာ သက်ရောက်မှုရှိပါတယ်။ အရက် နည်းနည်းလေး သောက်ခြင်းဖြင့်တောင် Triglycerides တက်နိုင်ပါတယ်။

• လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ။ ကိုယ်လက်လျုပ်ရှားမှု ကို နေ့စဉ် အနည်းဆုံး မိနစ် ၃၀ လောက်လုပ်နိုင်ဖို့ ကြိုးစားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက Triglycerides ကို လျှော့ချနိုင်ပြီး ကေညင်းတဲ့ ကိုလက်စ်ထရောတွေလဲ တက်စေပါတယ်။ ထို့ကြောင့် အလုပ်နားချိန်မှာ ပဲ ဖြစ်ဖြစ် တီဗီကြည့်ချိန်မှာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း အနည်းငယ် လုပ်သင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement