backup og meta

သခွားသီး - အခွံနွှာမလား သို့ မနွှာဘူးလား

သခွားသီး – အခွံနွှာမလား သို့ မနွှာဘူးလား

သခွားသီးတွေဟာ အလွန်ကောင်းမွန်တဲ့ အသီးဖြစ်ပါတယ်။ သူတို့ရဲ့ အရသာနဲ့ အနံ့ဟာ စိတ်ကြည်လင်စေပြီး ဘယ်ဟင်းနဲ့ မဆိုလိုက်ဖက်ပါတယ်။

သခွားသီး - အခွံနွှာမလား သို့ မနွှာဘူးလား

သူတို့ဟာ ကယ်လိုရီနည်းပါးတာကြောင့် သင့်ရဲ့ စားသောက်ပုံကို မထိခိုက်စေပဲ စားနိုင်ပါတယ်။

ဒါပေမယ့် သခွားသီးတွေနဲ့ပတ်သက်ပြီး သင့်ခေါင်းထဲမှာ ပေါ်လာနိုင်တဲ့ မေးခွန်းတစ်ခုကတော့ အခွံခွာသင့်လား၊ ဒီတိုင်းစားသင့်လားဆိုတာပဲ ဖြစ်ပါတယ်။

အချိန်အတော်များများမှာတော့ လူတွေဟာ သခွားသီးရဲ့ အပြင်ခွံက မာပြီး အစာခြေရခက်တာကြောင့် ခွာစားကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ သခွားသီးအခွံမှာပါတဲ့ အာဟာရတန်ဖိုးကို သတိမထားမိတာကြောင့် အခွံခွာစားကြတာဖြစ်ပါတယ်။

အမျှင်ဓါတ်

သခွားသီးအခွံမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်ပြီး အူလှုပ်ရှားမှုတွေကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ သခွားသီးရဲ့ အထဲပိုင်းမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။

ဗီတာမင် ကေ

အမျှင်ဓါတ်အပြင် သခွားသီးအခွံမှာ ဗီတာမင် ကေ ပါဝင်ပါတယ်။ ဗီတာမင်ကေဟာ ကိုယ်ခန္ဓါရဲ့ အရိုးတွေကို ကျန်းမာစေခြင်း၊ ဆဲလ်တွေကို ကြီးထွားစေပြီး သွေးခဲဖြစ်စေခြင်း စတဲ့ အစွမ်းတွေ ပိုင်ဆိုင်ပါတယ်။

သခွားသီးအသားမှာလည်း ဗီတာမင် ကေ ပါဝင်ပေမယ့် သခွားသီးအခွံဟာ ဗီတာမင် ကေ အများဆုံး ပါရှိတဲ့နေရာဖြစ်ပါတယ်။

အခွံမခွာထားတဲ့ သခွားသီးမှာ ဗီတာမင်ကေ ၄၉ micrograms ပါဝင်ပေမယ့် အခွံခွာထားတဲ့ သခွားသီးမှာတော့ ၉ micrograms သာ ပါဝင်ပါတယ်။

Magnesium

သခွားသီးအခွံဟာ အရိုးကြွက်သားစနစ်တွေကို ထိန်းသိမ်းပေးတဲ့ magnesium များစွာ ပါဝင်ပါတယ်။ Magnesium ဟာ စွမ်းအင်ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

အခွံမခွာတဲ့ သခွားသီးက သင့်တစ်နေ့တာကို ဘယ်လိုကူညီပေးလဲဆိုတာ သိရရင် အံ့သြနေမှာပါ။ အခွံမခွာထားတဲ့သခွားသီးမှာ magnesium 14 mg ပါဝင်ပြီး ဒါဟာ အမျိုးသမီးတွေ စားသင့်တဲ့ပမာဏရဲ့ ၄% ဖြစ်ဟာ အမျိုးသားတွေရဲ့ ၃% ဖြစ်ပါတယ်။

ဗီတာမင်စီ

အခွံမခွာထားတဲ့ သခွားသီးတွေဟာ သင့်စားသောက်ပုံထဲကို ဗီတာမင်စီတွေ ထည့်သွင်းပေးထားပါတယ်။ အခွံခွာထားတဲ့ သခွားသီးဟာ ဗီတာမင်စီ 2.9 mg ပါဝင်ပါတယ်။

ဗီတာမင်စီဟာ collagen ထုတ်လုပ်မှုအတွက်လည်း အရေးကြီးပါတယ်။ Collagen မရှိရင် တစ်ရှူးတွေဟာ တစ်ခုနဲ့တစ်ခု ကပ်နေမှာ မဟုတ်ပါဘူး။ ဗီတာမင်စီဟာ free radicals တွေ တိုက်ခိုက်ခြင်းအတွက် အစွမ်းထက်ပြီး အသက်ကြီးရင့်ခြင်းကို ကာကွယ်ပေးပါတယ်။

ဗီတာမင်အေ

သင့်အမြင်အာရုံနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေပါသလား။ ဒါဆို အခွံမခွာထားတဲ့ သခွားသီးကို စားဖို့အချိန်တန်ပါပြီ။ သခွားသီးအခွံ မှာ ဗီတာမင်အေ ဖြစ်တဲ့ beta-carotene ပါဝင်ပါတယ်။

Beta-carotene ဟာ မျက်လုံးကျန်းမာရေးနဲ့ အမြင်အာရုံအတွက် အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့မှာ ဗီတာမင်အေ 2310 IU လိုအပ်ပြီး အမျိုးသားတစ်ယောက်ကတော့ တစ်နေ့မှာ 3000 IU လိုအပ်ပါတယ်။

အခွံမခွာထားတဲ့သခွားသီးဟာ ဗီတာမင်အေ 55 IU ကို ပေးပြီး တစ်ဝက်ကတော့ beta-carotene ဖြစ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nutrient Facts for an Unpeeled Cucumber. http://healthyeating.sfgate.com/nutrient-unpeeled-cucumber-5229.html. Accessed April 27, 2017.
Cucumber Peel Benefits. http://www.livestrong.com/article/467346-cucumber-peel-benefits/. Accessed April 27, 2017.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားများ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာ ၆ မျိုး

မိဘသက်ကြီးရွယ်အိုတို့အတွက် အစာကြေလွယ် စေမယ့်အစားအသောက်တွေ ဘယ်လိုပြင်ဆင်ပေးမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ