backup og meta

ဆယ်ကျော်သက်တွေ လိုက်နာသင့်တဲ့ စားသောက်ပုံ ၁၀ မျိုး

ဆယ်ကျော်သက်ဖြစ်ပါက သင်မှန်ကန်စွာကြီးထွားနိုင်ရန် အစားအသောက်အထူးစားသောက်ရန်လိုအပ်သည်။ သင့်ခန္ဓါကိုယ်ကို မှန်ကန်သောအစာများကျွေးခြင်းက သင်ကျန်းမာသောလူကြီးဖြစ်ရန် အရေးကြီးဆုံးကိစ္စဖြစ်သည်ကို စိတ်ထဲမှတ်ထားသင့်သည်။ အောက်ပါ တို့က အစားအသောက်ရွေးချယ်ရာတွင် အကူအညီပေးနိုင်သောအရေးကြီးသောဆယ်ချက်ဖြစ်သည်။

၁။ မှော်ဆန်သောအစာဟူသည်မရှိပါ။

အစားအသောက်အစုံမှရသော အာဟာရ ကိုသင်လိုအပ်သည်။ ပရိုတင်း အသီးအရွက် ကာဖွန်ဟိုက်ထရိတ် အဆီ အကုန်လိုအပ်သည်။ သင်ကြီးထွားနိုင်သောအချိန်ကိုမဖြုံန်းတီးပါနှင့်။ အရာအားလုံးကိုပေးစွမ်းနိုင်သော အစာကိုရှာစားပါ။

၂။ ဗိုက်ဆာခြင်းကို ဆန်အာဟာရနှင့်တိုက်ပါ။

ဆယ်ကျော်သက်ဖြစ်ပါက အမြဲစာခြင်းဖြစ်ပြီး စိတ်ဒုက္ခရနိုင်သည်။ ဆန်ကသင့်အတွက်သင့်တော်သည်။ ထိုအရာကဗိုက်ပြည့်ဝမှုသာမက လိုအပ်သောအာဟာရကိုပါပေးနိုင်သည်။

၃။ ရေဓါတ်ပြည့်ဝအောင်နေပါ။

ရေကသင့်အတွက်အလိုအပ်ဆုံးဖြစ်သည်။ သင်နားတွင်လိုအပ်ချိန်တိုင်းသောက်နိုင်ရန်ရေပုလင်းအမြဲထားပါ။ သကြားဓါတ်များသော အရည်များက သင့်ခန္ဓါကိုယ်အတွက်အကျိုးများစွာအပေးနိုင်ပါ။

၄။ မိသားစုကို သင့်အကြိုက်ဆုံးအစာကိုဝယ်ခိုင်းပါ။

သင်အတွက်ကျန်းမာသောအစာ ဥပမာ ပန်းသီး မုန်လာဥ လိမ္မော်သီး နှင့် ဒိန်ချဉ်တို့ကိုစားသင့်သည်။

၅။ ချက်ပြုတ်ခြင်းသင်ယူပါ။

သင်စားသောအစာကိုချက်ပြုတ်ခြင်းဖြင့် သင့်အတွက် ကျန်းမာသောအစာကိုချက်ပြုတ်နိုင်သည်။ သင်ဗိုက်ဆာနေချိန် ချက်ချင်းသက်သာစေသောနည်းလမ်းထက်ဘယ်ဟာပိုကောင်းမှာလဲ။

၆။ အဆီများသောအစာကိုရှောင်ပါ။

နံရိုးဝက်ပေါင်ခြောက်နှင့် ဟော့ဒေါ့ကဲ့သို့အစာများကိုသင့်ပုံမှန်အစာအဖြစ်မစားသင့်ပါ။ သင်စားလိုပါက တစ်ခါတစ်ရံစားနိုင်သည်။

၇။ သင်စားလိုသမျှစားပါ။

ဆယ်ကျော်သက်အမျိုးသားက အရွယ်ရောက်ပြီးသူနှင့် ဆယ်ကျော်သက်မိန်းကလေးထက်အစာပိုလိုအပ်သည်။ သို့သော် ဘယ်လောက်က အတော်ပဲဖြစ်မလဲ။ အချိုးအစားမှန်ကန်စွာစားနိုင်ရန် အင်တာနက်မှလေ့လာမှုများပြုလုပ်နိုင်သည်။

၈။ တံဆိပ်ကိုအမြဲဖတ်ပါ။

သင်ဈေးဝယ်ထွက်ပါက သင်လိုအပ်သည် ရှောင်ရှားသင့်ကိုသိနိုင်ရန် ပါဝင်သောအရာကိုဖတ်ပါ။

၉။ ကြွက်သားများနှင့်အလုပ်လုပ်ပါ။

ရုပ်ပိုင်းဆိုင်ရာတက်ကြွမှုကလဲ အစားအသောက်စားခြင်းကဲ့သို့အရေးကြီးသည်။ ဆယ်ကျော်သက်များကိုအနည်းဆုံး တနေ့ မိနစ်၆၀ထိလှုပ်ရှားမှုလုပ်ရန် ညွန်ကြားထားသည်။

၁၀။ အစားအသောက်ညွန်ကြားချက်ကိုလေ့လာပါ။

သင်လိုအပ်ချက်အပေါ်မူတည်ပြီး သင့်အစားအသောက်ပုံစံမျိုးစုံရှိနိုင်သည်။ ထိုကြောင့်လိုအပ်သည်ကိုဂရုတစိုက်ရွေးရန်လိုအပ်သည်။

သင်ဆယ်ကျော်သက်တွင်စားသောအရာက အရွယ်ရောက်ချိန်ထိ သက်ရောက်မှုရှိသည်။ ကျန်းမာသောအစားအသောက်ပုံစံနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကျန်းမာပြီး သင့်တော်သောခနွာကိုယ်ကိုပိုင်ဆိုင်စေနိုင်သည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Choose the Foods You Need to Grow10 tips for teen guys. https://www.choosemyplate.gov/ten-tips-choose-the-foods-you-need-to-grow Assessed November 6, 2016

ယခုပုံစံ

15/06/2022

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Nadi မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement