backup og meta

ကယ်လိုရီကို ဘယ်လို ရှောင်ရှားမလဲ

ကယ်လိုရီတဖြည်းဖြည်းတက်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိတောင် မထားမိလိုက်တဲ့အချိန်၊ ပုံမှန်အတိုင်းပဲ နေနေတဲ့အချိန်မျိုးမှာ တစ်ပေါင်ပြီးတစ်ပေါင် ကိုယ်အလေးချိန်တိုးလာတာ ဖြစ်ပါတယ်။ သင်စားနေကျ ကျန်းမာတဲ့ အစားအသောက်တွေကနေ ကယ်လိုရီတွေက တိမ်မြုပ်ခိုအောင်းနေတာဖြစ်ပြီး ကြာလာတဲ့အခါမှာ ကယ်လိုရီအစုအဝေး ဖြစ်လာပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ ကယ်လိုရီတဖြည်းဖြည်းမတိုးစေဖို့ အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။

ကယ်လိုရီကို ဘယ်လို ရှောင်ရှားမလဲ

ပန်းကန်အရွယ်အစားကို ချိန်စားပါ။

သုတေသန စစ်တမ်းတွေမှာတော့ လူတွေက ပန်းကန်ကြီးကြီးနဲ့ စားမိရင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီတာပဲဖြစ်ဖြစ် မညီတာပဲ ဖြစ်ဖြစ် အများကြီး ထည့်စားတတ်မိကြပါတယ်။ ပန်းကန်ပြားအကြီးထဲမှာ အပြည့်ကြီးထည့်မယ် အားလုံးပြောင်အောင်စားမယ်။ တကယ်တော့ အနေတော်ပန်းကန်ပြားလေးနဲ့ ထည့်စားတာက ကယ်လိုရီကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

မသွားခင် စားသွားပါ။

သင်က ပါတီသွားဖို့ရှိတယ်။ ဟိုမှာရှိတဲ့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ မစားမိဖို့ဆိုရင် မသွားခင်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆာပြေလေး စားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာက သင့်ခန္ဓါကိုယ်မှာရှိတဲ့ သကြားဓါတ်ကိုလည်း တည်ငြိမ်စေပါတယ်။

မစားခင် ဟင်းချိုသောက်ပါ။

ထမင်းမစားခင် ဟင်းချိုသောက်ခြင်းက ဗိုက်ပြည့်မြန်တဲ့အတွက် ကယ်လိုရီများတဲ့အစာတွေ အများကြီး မစားနိုင်အောင် တားဆီးပေးပါတယ်။ ကိုယ်ကြိုက်တဲ့အရာတွေထည့်ချက်နိုင်ဖို့ ကိုယ်တိုင်ချက်တဲ့ ဟင်းချိုသောက်ဖို့ အကြံပြုပါတယ်။

ရေများများသောက်ပါ။

ရေက သင့်ခန္ဓါကိုယ်ရဲ့ ဖြစ်စဉ်တွေကို ထိထိရောက်ရောက်ကူညီပေးနိုင်ပါတယ်။ ရေက ရာနှုန်းပြည့် ကယ်လိုရီကင်းစင်တဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ အစားမစားခင် ရေသောက်တာက ဗိုက်ပြည့်နေသလို ခံစားရတဲ့အတွက် ကယ်လိုရီတွေ အများကြီး ထပ်မစားမိတော့ပါဘူး။

အစားအသောက်တွေကို အလွယ်တကူမြင်နိုင်တဲ့နေရာမှာ မထားပါနှင့်။

သင့်က အစားကျူးသူတစ်ယောက်မဟုတ်ရင်တောင်မှ အစားအစာတွေ သင့်မျက်လုံးနားမှာ အမြဲတမ်းတွေ့နေရရင် စားဖို့ စိတ်ကူးရနေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်တွေကို မျက်လုံးနဲ့ လွယ်လွယ်မြင်နိုင်တဲ့နေရာမှာ မထားသင့်ပါဘူး။

ဆိုဒါမသောက်ပါနှင့်။

ဝိတ်ချတဲ့ ဆိုဒါ အပါအဝင် ဆိုဒါသောက်တာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဆိုဒါသောက်ခြင်းက သင့်ကို အချိုဓါတ်ပိုစားစေပါတယ်။

ဖြည်းဖြည်းစားပါ။

သင့်အစာအိမ်က ပြည့်နေပြီဆိုတာ ဦးနှောက်က သိဖို့ အချိန်တစ်ခုလိုပါတယ်။ လူတော်တော်များများက အစာတွေအများကြီးစားပြီး ၁၅ – ၂၀ မိနစ် နေမှ ဗိုက်ပြည့်တယ်လို့ ခံစားရပါတယ်။ ဒီလိုဖြစ်တာက အစားကို မြန်မြန်စားလိုက်လို့ ခန္ဓါကိုယ်က ပြည့်ကြောင်းပြသတဲ့ အချက်ဖို့ နောက်ကျနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖြည်းဖြည်းစားခြင်းက ကယ်လိုရီတွေရာဂဏန်းလောက်ကို လောင်ကျွမ်းဖို့ လွယ်ကူပါတယ်။

ကြုံသလို မစားပါနဲ့

ရှောင်လွှဲလို့မရနိုင်တဲ့ အခြေအနေမျိုး ရှိပေမယ့် ဖြစ်နိုင်ရင်တော့ သေချာစီစဉ်ပြီးမှ စားပါ။ ဆိုင်တွေမှာ ကြုံသလိုစားလိုက်မယ်ဆိုရင် မလိုအပ်တဲ့ ကယ်လိုရီတွေ ရလာနိုင်လို့ဖြစ်ပါတယ်။

ဒီအချက်တွေကတော့ ကယ်လိုရီတဖြည်းဖြည်းချင်းတက်ခြင်းကနေ ကာကွယ်ဖို့ အချက်တွေပဲ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. 10 simple ways to cut calories effortlessly.

http://www.punchgym.ca/10-simple-ways-to-cut-calories-effortlessly/.

Accessed on March 22, 2017.
2. How you can beat the “calorie creep”.

http://www.independent.ie/life/food-drink/how-you-can-beat-the-calorie-creep-26336532.html.

Accessed on March 22, 2017.
3. How to avoid calorie creep.

http://hellodoktor.com/healthy-living/avoid-calorie-creep/.

Accessed on March 22, 2017.
4. Calorie creep.

https://www.washingtonpost.com/archive/lifestyle/wellness/2003/03/04/calorie-creep/76178891-cce0-41cf-8584-117532920f85/. Accessed on March 22, 2017.

ယခုပုံစံ

12/05/2020

Dr. Phio Thiha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မအီမသာဖြစ်ခြင်းကို သက်သာစေမည့် အစားအသောက်များ

အစားအသောက်ထဲက အန္တရာယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ