backup og meta

အနာပိုးမဝင်အောင်ကာကွယ်သင့်တဲ့ အကြောင်းအရင်း

အနာပိုးမဝင်အောင်ကာကွယ်သင့်တဲ့ အကြောင်းအရင်း

ထိခိုက်ရှနာဖြစ်တာကနေ့စဉ်လှုပ်ရှားနေရသူတွေအဖို့ရှောင်လွဲလို့မရတဲ့ပြဿနာပါ။ ပုံမှန်အားဖြင့်ကတော့ ထိခိုက်ရှနာဒဏ်ရာတွေက အလွယ်တကူအနာကျက်သွားကြတာများပါတယ်။ ဒါပေမယ့် ဒီဒဏ်ရာလေးတွေကနေတဆင့် ဘက်တီးရီးယားတွေဝင်ရောက်သွားတဲ့အခါမှာတော့ အနာပိုးဝင်ကူးစက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အနာပိုးဝင်ကူးစက်ခံရတဲ့အခါ အသိစောလေလေ ထိထိရောက်ရောက်ကုသနိုင်လေလေပါ။ အနာပိုးဝင်တာကိုသေချာမကုသဘဲထားမိမယ်ဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အခုဆောင်းပါးလေးမှာတော့ အနာပိုးဝင်ကူးစက်တဲ့အကြောင်းကိုပြည့်ပြည့်စုံစုံလေးပြောပြပေးချင်ပါတယ်။

အနာပိုးဝင်တာက ဘယ်ထိခိုက်ဒဏ်ရာမျိုးမှာမဆိုဖြစ်နိုင်ပါတယ်။ အရေပြားက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးထားတဲ့ ခံတပ်တစ်ခုပါ။ ထိခိုက်ဒဏ်ရာဖြစ်တဲ့အခါ အပေါ်ယံအရေပြားကပေါက်ပြဲသွားတာကြောင့်ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ အတားအဆီးကျိုးပျက်သွားပြီလို့ဆိုရပါမယ်။ ဒီလိုအခြေအနေမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ဘက်တီးရီးယားတွေက အနာပေါက်ကနေတဆင့် ကိုယ်ခန္ဓါအတွင်းထဲကိုဝင်ရောက်သွားပြီး ပိုးဝင်ကူးစက်တာတွေဖြစ်လာပါတော့တယ်။ အချို့အနာပိုးဝင်တာတွေကိုantibioticဆေးဝါးတွေနဲ့ကုသနိုင်ပေမယ့် အနာပြင်းထန်မယ်ဆိုရင်တာ့ ဆရာဝန်နဲ့သွားရောက်ပြသတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အနာပိုးဝင်ရင် ဘာတွေဖြစ်လာနိုင်လဲ

အနာပိုးမဝင်အောင်ကာကွယ်နိုင်သလို အနာပိုးဝင်တာက အရမ်းမဆိုးဝါးတဲ့အခါမျိုးမှာantibioticဆေးဝါးတွေနဲ့ကုသလို့ရနိုင်ပါတယ်။ ဒါပေမယ့်ပေါ့ပေါ့ဆဆထားမယ်ဆိုရင်တော့ အနာပိုးဝင်တာက ပိုဆိုးလာပြီး အသက်အန္တရာယ်ပါစိုးရိမ်ရနိုင်ပါတယ်။ အနာပိုးဝင်တာကို ဂရုမစိုက်ဘဲထားမိရင်ဖြစ်နိုင်တဲ့အဆိုးဆုံးရလဒ်တွေထဲကတစ်ခုကသွေးဆိပ်တက်တာပါ။ ခန္ဓါကိုယ်က ကူးစက်ရောဂါပိုးကိုတိုက်ထုတ်ဖို့အတွက်သွေးကြောတွေထဲကို ဓါတုပစ္စည်းတွေထုတ်လွှတ်လိုက်တဲ့အခါ ခန္ဓါကိုယ်အနှံ့မှာရောင်ရမ်းမှုတွေဖြစ်လာပါတယ်။ ဒီအခြေအနေကိုသွေးဆိပ်တက်တယ်လို့ခေါ်တာပါ။

သွေးဆိပ်တက်တာကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေက ခန္ဓါကိုယ်တွင်းမှာပြောင်းလဲမှုတွေဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်ပျက်စိးစေနိုင်ပါတယ်။သွေးဆိပ်တက်တာက အနာကျက်ကိုနှေးစေတဲ့အပြင် အနာကတော်တော်နဲ့မကျက်တာကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲ အန္တရာယ်တွေကိုပါဖြစ်စေနိုင်ပါသေးတယ်။

တကယ်လို့ သင့်အနေနဲ့ ထိခိုက်ဒဏ်ရာတစ်ခုခုရထားပြီး ကိုယ်အပူချိန်က ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက်များနေတာ ဒါမှမဟုတ် ၉၆.၈ ဒီဂရီဖာရင်ဟိုက်အောက်ရောက်နေတာမျိုးဖြစ်နေမယ်။ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ် ၉၀ ကျော်နေတာ၊ အသက်ရှုအရမ်းမြန်နေတာမျိုး ဖြစ်မယ်ဆိုရင် အနာကြောင့်သွေးဆိပ်တက်နေတာပါ။

ပြင်းထန်တဲ့သွေးဆိပ်တက်ဝေဒနာကိုခံစားရတဲ့အခါ ဗိုက်အောင့်တာ နဲ့ ဆီးသွားနည်းသွားတာလိုမျိုး ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စိးတဲ့ လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။ တကယ်လို့ အခုလိုမျိုးလက္ခဏာတွေဖြစ်လာမယ်ဆိုရင် နီးစပ်ရာဆေးခန်းမှာ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ အချိန်ဆွဲနေမယ်ဆိုရင်သွေးပေါင်ချိန်တွေတအားကျပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါမှာတော့ အနာပိုးဝင်ကူးစက်တာကို ကုသဖို့အတွက်antibioticဆေးဝါးတွေကိုအသုံးပြုနိုင်သလိုသွေးပေါင်ချိန်ပြန်တက်လစေဖို့အတွက်vasopressors ကိုအသုံးပြုနိုင်ပါတယ်။ တစ်ခါတရံမှာ ခွဲစိတ်ကုသမှုခံယူတာမျိုးလုပ်ဖို့အထိလိုအပ်နိုင်ပါတယ်။

ဘယ်လိုအခြေအနေတွေက အနာပိုးဝင်ကူးစက်မှုဖြစ်စေနိုင်တာလဲ

နေ့စဉ်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေအများကြီးရှိနိုင်ပါတယ်။ ခန္ဓါကိုယ်က ကျန်းမာနေတဲ့ အချိန်နဲ့ ထိခိုက်ဒဏ်ရာကင်းနေတဲ့အချိန်မှာ ဒီပိုးမွှားလေးတွေက ဘာမှမလုပ်နိုင်ပေမယ့် ကိုယ်ခံအားနည်းတဲ့အခါမျိုးနဲ့ ထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါ ဘက်တီးရီးယားတွေက ခန္ဓါကိုယ်ထဲကိုဝင်ရောက်ပြီးရောဂါတွေဖြစ်စေပါတယ်။ အနာကနေတဆင့်ရောဂါပိုးတွေက ကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားတဲ့အခါ တစ်ရှုးတွေကရောင်ရမ်းတာတွေဖြစ်လာပြီး အနာကျက်ဖို့ကြာတာမျိုးဖြစ်နိုင်ပါတယ်။ အနာပေါက်ပွင့်နေတဲ့အနာတွေဆိုရင် ပိုးဝင်ကူးစက်နိုင်ခြေကတော်တော်လေးများပါတယ်။

ဒီလိုအခြေအနေတွေက ထိခိုက်ဒဏ်ရာရတဲ့အခါ အနာပိုးဝင်ကူးစက်နိုင်ခြေတော်တော်လေးများပါတယ်။ ဘယ်လိုအခြေအနေတွေများလဲ။

  • အမျိုးအစား-၁ ဆီးချိုဝေဒနာ ဒါမှမဟုတ် အမျိုးအစား-၂ ဆီးချိုဝေဒနာရှိနေရင်
  • ညစ်ပေတဲ့အရာ ဒါမှမဟုတ်ရောဂါပိုးတွေရှိနေနိုင်တဲ့အရာမျိုးနဲ့ထိခိုက်မိတာဆိုရင်
  • လူကိုက်တဲ့အနာ ဒါမှမဟုတ် တိရစ္ဆာန်ကိုက်တဲ့အနာမျိုးဖြစ်ရင်
  • အနာထဲမှာပြင်ပပစ္စည်းတစ်ခုခုဝင်နေရင်
  • အနာက အရမ်းကြီးနေရင် အရမ်းနက်ရင်
  • အနာကို သန့်သန့်ရှင်းရှင်းမထားရင်
  • အသက်အရွယ်ကြီးရင့်တာကြောင့် အနာကျက်နှုန်းနှေးနေရင်
  • အရမ်းဝနေရင်
  • ကိုယ်ခံအားစနစ်က အားနည်းနေရင်၊ရောဂါအခြေအနေတစ်ရပ်ရပ်ကြောင့် ကိုယ်ခံအားမကောင်းတာမျိုးဆိုရင် အနာပိုးဝင်ကူးစက်နိုင်ခြေက ပုံမှန်ထက်ပိုများနေနိုင်ပါတယ်။

အနာပိုးဝင်ကူးစက်ခံနေရပြီဆိုတာ သိနိုင်မယ့် လက္ခဏာတွေက

အနာက ပိုးဝင်ကူးစက်ခံရတဲ့အခါ အခုလိုလက္ခဏာမျိုးတွေဖြစ်နိုင်ပါတယ်။

  • အနာကပုံမှန်ထက်ပိုနာနေတာ၊ အနာကကျက်မလာဘဲ ပိုပိုဆိုးလာတာ
  • အနာအစွန်းလေးတွေက နီရဲနေတာ
  • အနာတဝိုက်မှာနွေးနေတာ၊ ပူနေတာ
  • အနာက နက်တာ
  • အနာကနေပြည်လိုမျိုးအရာတွေနဲ့သားငန်ရည်တွေထွက်နေတာ
  • အနာက အနံ့ရှိနေတာ
  • အနာတဝိုက်က နီမြန်းတဲ့ ဧရိယာက တဖြည်းဖြည်းနဲ့ပြန့်လာတာ
  • အဖျားတက်နေတာ၊ အဆစ်အမြစ်တွေနာကျင် ကိုက်ခဲနေတာ

အနာပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ

အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး အနာပိုးမဝင်အောင်ကာကွယ်နိုင်ပါတယ်။

  • အနာကိုမကိုင်ခင်လက်ကို အရင်သန့်စင်အောင်ဆေးကြောပါ
  • အနာကိုရေနဲ့ဆပ်ပြာပျော့ပျော့လေးသုံးပြီးဆေးကြောပေးပါ
  • ပြီးရင် antibiotic တစ်ခုခုလူးပေးပါ
  • အနာကကြီးရင် ပတ်တီး၊ သေးရင် ပလာစတာကပ်ထားပေးပါ
  • အနာကို တစ်နေ့တစ်ကြိမ်သန့်စင်ပေးပါ
  • အနာကိုနေ့စဉ်ဆေးထည့်ပေးပါ
  • အနာကပိုးဝင်ကူးစက်တဲ့လက္ခဏာတွေဖြစ်ဖန၊မနေကိုစစ်ဆေးပါ

အခုလောက်ဆိုရင် အနာပိုးမဝင်အောင် ဘာကြောင့်ကာကွယ်သင့်တာလဲဆိုတာနဲ့ အနာပိုးမဝင်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုတွေ သိလောက်ပြီထင်ပါတယ်နော်။ လူသားအားလုံး အနာရောဂါကင်းကြပါစေကြောင်း

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.advancedtissue.com/wound-infection-and-the-dangers-of-sepsis/

https://www.wikihow.com/Check-a-Wound-for-Infection

https://www.sharecare.com/health/injuries-wound-trauma/prevent-wound-from-becoming-infected

https://patient.info/health/wound-infection

ယခုပုံစံ

12/05/2020

Aye Thi Mon မှ ရေးသားသည်။

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာပြန်ကျက်ချိန်မှာ ဘာလို့ယားယံတာလဲ။

အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ



Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement