backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အဆိပ်ရှိသော မြွေကိုက်ခံရခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အဆိပ်ရှိသော မြွေကိုက်ခံရခြင်း ဆိုတာဘာလဲ

မြွေက ကိုယ့်အသားကို ကိုက်လိုက်ပြီဆိုရင် ဒါဟာ မြွေပေါက်ခံရတာပါပဲ။ အဲဒီမြွေက အဆိပ်ရှိတယ်ဆိုရင်တော့ ဒါဟာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်သွားပါပြီ။

လက္ခဏာများ

အဆိပ်ရှိတဲ့မြွေ ကိုက်ခံရတဲ့ လက္ခဏာတွေက ဘာတွေလဲ

အဆိပ်ကို ထိုးသွင်းခံလိုက်ရပြီးတဲ့နောက်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့

• ကိုက်ခံရတဲ့နေရာမှာ ပြင်းပြင်းထန်ထန် နာမယ်

• ရောင်မယ်၊ နီရဲလာမယ်၊ အညိုကွက်တွေ ဖြစ်လာမယ်၊ ကိုက်ခံရတဲ့နေရာကနေ တဖြည်းဖြည်း ကျယ်ပြန့်လာမယ်

• ပျို့မယ်၊ အော့အန်မယ်

• ဝမ်းလျှောမယ်

• အရေပြားမှာ အယားကွက်တွေ ထလာမယ်

• နှုတ်ခမ်း၊ လျှာနဲ့ အာခေါင်တွေ ထူလာမယ်

• အသက်ရှူရခက်ပြီး ရင်ကြပ်သလို ဖစ်လာမယ်

• စိတ်တွေ ရှုပ်ထွေးလာမယ်၊ ခေါင်းမူးဝေမယ်၊ သတိလစ်မယ်

• နှလုံးခုန်နှုန်းတွေ မူမမှန် ဖြစ်လာမယ်

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်သလဲ

အကောင်းဆုံးကတော့ အနီးဆုံးဆေးရုံရဲ့ အရေးပေါ်ဌာနကို အမြန်သွားပြီး မြွေဆိပ်ဖြေဆေးနဲ့ တခြားအရေးပေါ်လိုအပ်မယ့် ကုသမှုတွေ ခံယူလိုက်တာပါပဲ။ တခုခုနဲ့ စည်းနှောင်ထားတာမျိုး၊ ကိုက်ခံရတဲ့အနာကို ခွဲထုတ်ပစ်တာမျိုး၊ သွေးကို စုပ်ထုတ်တာမျိုးတွေကတော့ မလုပ်သင့်ပါဘူး။

ဘယ်လိုအခြေအနေမျိုးမှာမဆို ဆေးရုံသွားပြပြီး ဆရာဝန်ဆီက ကုသမှုခံယူဖို့ လိုပါတယ်။

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ ရမလဲ

မြွေကိုက်မခံရဖို့အတွက်

မြွေများပုန်းအောင်း နေနိုင်တဲ့နေရာများကို ရှောင်ပါ။ (ဥပမာ ကျောက်တုန်းအောက်လို နေရာမျိုးတွေ)

အဆိပ်မရှိဘူး ဆိုရင်တောင်မှ ကိုယ့်မှာကျွမ်းကျင်မှု မရှိဘူးဆိုရင် မြွေနဲ့ကစားတာမျိုးတွေ မလုပ်ပါနဲ့

တကယ်လို့ ကိုယ်က တောင်တက်လေ့ရှိသူဆိုရင် မြွေကိုက်တာနဲ့ ကုသမှုပေးနိုင်အောင် လက်ဆွဲအိတ်ဆောင်ထားပါ။ သက်တမ်းလွန်နေတဲ့ အိတ်တွေ မသုံးမိဖို့တော့ လိုပါတယ်။

မြွေကို သွားမစပါနဲ့။ အဲ့လိုစလိုက်ရင် မြွေက ပိုပြီး ပြင်းပြင်းထန်ထန် ကိုက်လေ့ရှိပါတယ်။

မှောင်တဲ့နေရာတွေ သွားတဲ့အခါ တစ်နေရာရာထဲ မဝင်မီ တုတ်နဲ့အသံပေးပါ။ ဒါဆိုရင် မြွေက ကိုယ့်ကို ရှောင်သွားပါလိမ့်မယ်။

မြွေပေါတဲ့နေရာတွေဆီ သွားမယ်ဆိုရင်တော့ ဘောင်းဘီရှည်ဝတ်တာ၊ လည်ရှည်ဖိနပ်စီးတာမျိုးတွေ လုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement