backup og meta

ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ ရောင်ရမ်း ခြင်းတွေ သက်သာအောင်ဘာလုပ်ကြမလဲ။

လေ့ကျင့်ခန်းလုပ်ရင်း၊ အားကစားလုပ်ရင်း ထိခိုက်မိတာပဲဖြစ်ဖြစ်၊ ပြုတ်ကျတာမျိုးပဲ ဖြစ်ဖြစ်၊ လိမ့်ကျတာမျိုးဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာ အနည်းငယ်ရပြီး ရောင်ရမ်း တာတွေဖြစ်လာတဲ့အခါ သက်သာအောင် ဘာတွေလုပ်ကြမလဲဆိုတဲ့ အခြေခံနည်းလမ်းလေးတွေကို ဒီဆောင်းပါလေးမှာ ပြောပြပေးချင်ပါတယ်။

ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ ရောင်ရမ်း ခြင်းတွေ သက်သာအောင်ဘာလုပ်ကြမလဲ။

အခြခံနည်းလမ်းလေးတွေကို RICE ဆိုပြီး အတိုကောက်မှတ် နိုင်ပါတယ်။

  •  R ( Restrict activity and Rest ) ထိခိုက်မိတဲ့ နေရာ (ဥပမာ – ထိခိုက်မိတဲ့ ခြေထောက်) ကို လှုပ်ရှားမှု မလုပ်ဘဲ အနားယူပါ။

အထူးသဖြင့် ဒဏ်ရာရပြီး နာရီအနည်းငယ်လောက်မှာ ထိခိုက်မိတဲ့ဘက်ကို ငြိမ်ငြိမ်လေးဖြစ်အောင်ထားပေးသင့်ပါတယ်။ အဲဒီအချိန်မှာ ထိခိုက်မိထားတဲ့ ကြွက်သားတွေက အားနည်းနေတဲ့ အတွက် လှုပ်ရှားမှုလုပ်လိုက်မယ်ဆိုရင် ဒဏ်ရာကို ပိုပြီး ဆိုးလာစေနိုင်ပါတယ်။ ကောင်းမွန်စွာ အနားယူခြင်းက ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။

  • I ( Apply Ice ) ရေခဲကပ်ပေးပါ။

ထိခိုက်မိပြီး ရောင်နေတဲ့နေရာကို အမြန်ဆုံး ရေခဲအုပ်ပေးရပါမယ်။  တချို့က ဒဏ်ရာကို ပူတဲ့ ဆေးတွေ၊ ပရုတ်ဆီတွေ  လိမ်းပေးတတ်ကြပါတယ်။ အဲဒီအချိန်မှာ ပူစေတဲ့အရာတွေက ရောင်ရမ်း ခြင်းကို ပိုဆိုးစေပြီး ရေခဲကပ်ပေးတာက အဲဒီနေရာကို သွေးရောက်တာနည်းအောင် ကူညီပေးတဲ့အတွက် နာကျင်ခြင်းကိုရော၊ ရောင်ရမ်းခြင်းကိုရော သက်သာစေနိုင်ပါတယ်။ ဖြစ်ဖြစ်ချင်း တစ်ရက်၊ နှစ်ရက်မှာ အမြန်ဆုံးကပ်ပေးနိုင်တာ ပိုကောင်းပါတယ်။ frostbite လို့ခေါ်တဲ့ နှင်းကိုက်ခြင်းကို မဖြစ်စေဖို့အတွက် အရေပြားပေါ်ကို တိုက်ရိုက်မကပ်ဘဲ ရေခဲတွေကို အဝတ်ပါးလေးတစ်ခုခုနဲ့ ထုပ်ပြီးမှ ကပ်သင့်ပါတယ်။ ကပ်တဲ့အခါမှာလည်း အကြာကြီးဆက်တိုက်မကပ်သင့်ပါဘူး။ တစ်ခါကပ်ရင် ၁၅မိနစ်၊ မိနစ်၂၀ ထပ်ပိုမကပ်ဘဲ သင့်အရေပြားကို ပုံမှန်ကိုယ်အပူချိန်ပြန်ရောက်အောင် ထိန်းနိုင်ဖို့ နားချိန် တစ်ခုပေးသင့်ပါတယ်။

  • C ( Apply Compression) ဒဏ်ရာရတဲ့ နေရာကို ထုပ်ထားပါ။

ဖောရောင်ခြင်းဆိုတာ ထိခိုက်မိတဲ့နေရာမှာ အရည်တွေစုလာတာကြောင့် ဖြစ်တဲ့အတွက် ထိခိုက်မိတဲ့ နေရာကို ကျုံ့နိုင်ဆန့်နိုင်ပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် Elastic bandage လိုပတ်တီး မျိုးသုံးပြီး ပတ်ထားပေးသင့်ပါတယ်။ အဲလို လုပ်ခြင်းက အရည်တွေစုမလာအောင် အကာအကွယ်ဖြစ်စေနိုင်ပြီး ဖောရောင်ခြင်းကို သက်သာစေပါတယ်။ မလှုပ်ရှားမိအောင် အနည်းငယ်လည်း အဟန့်အတားဖြစ်စေနိုင်တဲ့ အတွက် အနာလည်း သက်သာစေနိုင်ပါတယ်။ ထုပ်ပိုးထားတာ အရမ်းတင်းကြပ်သွားတဲ့အခါမှာ ထုံတာ၊ ကျဉ်တာတွေ ဖြစ်စေနိုင်တဲ့အတွက် ပတ်တီးကို အရမ်းကျပ်ကျပ်မစည်းဘဲ ပုံမှန်လေး ထိရောက်မှုရှိအောင် စည်းပေးသင့်ပါတယ်။

  • E ( Elevate the Injured area ) မြင့်အောင်ထားပါ။

ထိခိုက်မိတဲ့နေရာ ဥပမာ- ခြေထောက်ဆိုရင်လည်း ခြေထောက်ကို တစ်ခုခုသုံးပြီး မြှောက်ထားသင့်ပါတယ်။ အဓိက အနေနဲ့ နှလုံးရှိတဲ့နေရာ (ရင်ဘတ်) ထက်မြင့်အောင် ထားပေးခြင်းက အရည်တွေကို ပိုမများလာအောင် လုပ်ပေးနိုင်ပါတယ်။ တကယ်လို ထိခိုက်မိတဲ့နေရာက ရင်ဘတ်ထက်မြင့်အောင် ထားဖို့ မဖြစ်နိုင်ဘူးဆိုရင်တောင် တစ်တန်းထဲ ဖြစ်အောင်အနည်းဆုံးထားပေးရပါမယ်။ ဥပမာ- တင်ပါးဆိုပါစို့။ တင်ပါးအောက်မှာ ခေါင်းအုံး (သို့) စောင် တစ်ခုခုသုံးပြီး အနည်းငယ်မြင့်အောင် ထားပေးနိုင်ပါတယ်။

သေးငယ်တဲ့ ဒဏ်ရာလေးတွေ၊ ဆေးခန်းမသွားနိုင်တဲ့ အခြေအနေမျိုးတွေ၊ အသက်အန္တရာယ်မရှိတဲ့ နေရာမျိုးတွေအတွက် ဒီအခြေခံနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ။

ထိခိုက်မိတဲ့နေရာမှာ အရေပြားက ပြဲသွားမယ်၊ သွေးတွေ အများကြီးထွက်လာမယ်၊ အနာတွေ၊ အရည်ကြည်ဖု၊ ပြည်တည်တာတွေ ဖြစ်လာမယ်။ ရင်ဘတ်အောင့်၊ အသက်ရှုကြပ်၊ မောတာတွေ၊ ဖောရောင်တာတွေ ဖြစ်လာမယ်။ ပိုပြင်းထန်တဲ့ အခြေအနေတွေ နဲ့ ထိခိုက်မိတဲ့နေရာက ဥပမာ- ရင်ဘတ်၊ ဦးခေါင်း ကဲ့သို့ အသက်အန္တရာယ်ဖြစ်စေတဲ့ နေရာမျိုးတွေ ဆိုရင်တော့ ဆရာဝန်နဲ့ သေသေချာချာ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

အားလုံး မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ ကင်းဝေးကြပါစေ။

ရေးသားသူ- Phoo Ngon

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

04/10/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထိခိုက်ဒဏ်ရာအမျိုးမျိုးနဲ့ပြုစုစောင့်ရှောက်နည်းလမ်းညွှန်

ကလေးတွေမှာ ထိခိုက်ဒဏ်ရာဖြစ်လာရင် ဒီ (၇) ချက်ကိုဂရုစိုက်ပေးပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ