အဆိပ်သင့်တယ်ဆိုတာဘာလဲ
အဆိပ်သင့်ခြင်းဆိုသည်မှာ အဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ လုံလောက်သော အရေအတွက်၊ ပမာဏ ဝင်ရောက်ခြင်းကြောင့် ကျန်းမာရေးချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးသည် အထိ ဖြစ်စေနိုင်ခြင်းကို ခေါ်သည်။
 
ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်နိုင်သော နည်းလမ်းများ
၁။ စားမိခြင်း
(ဥပမာ – အစာအဆိပ်သင့်ခြင်း၊ အဆိပ်သောက်ခြင်း)
၂။ ရှူရှိုက်မိခြင်း
(ဥပမာ – ဓာတ်ငွေ့အဆိပ်သင့်ခြင်း၊ မတည့်သော အနံ့ရှူရှိုက်မိခြင်း)
၃။ အရေပြားအတွင်း ထိုးသွင်းခြင်း
(ဥပမာ − အဆိပ်ရှိသောသတ္တဝါ အကိုက်ခံရခြင်း)
၄။ အရေပြားအတွင်း စိမ့်ဝင်ခြင်း
(ဥပမာ− ဓာတုဗေဒပစ္စည်းများကို အကာအကွယ်မပါဘဲ ကြာမြင့်စွာကိုင်တွယ် အသုံးပြုခြင်း)
စားမိခြင်းကြောင့် အဆိပ်သင့်စေသောအရာများ
- ဆေးဝါးနှင့် အရက်သေစာ
 - သန့်စင် ချေး(ဂျီး)ချွတ်ဆေးများ
 - ကိုယ်တိုင်လုပ် ဥယျာဉ်သုံးပစ္စည်းများ
 - အပင်သုံးအားဆေး၊ ပိုးသတ်ဆေး
 - ပိုးမွှားကြောင့် အစာအဆိပ်သင့်ခြင်း
 - ဗိုင်းရပ်စ်ပိုးကြောင့် အစာအဆိပ်သင့်ခြင်း
 - မတည့်သောအစားအစာများ စားမိခြင်း
 
လက္ခဏာများ
(၁) မူးဝေခြင်း/ခေါင်းကိုက်ခြင်း
(၂) အော့အန်ခြင်း၊ ဝမ်းသွားခြင်း
(၃) ဗိုက်နာ/ဗိုက်အောင့်ခြင်း
(၄) တက်ခြင်း
(၅) နှလုံးခုန်နှေး/မြန်ခြင်း၊ သတိလစ်ခြင်း
(၆) အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း
(၇) အဖျားတက်ခြင်း၊ အသက်ရှူခက်ခဲခြင်း
(၈) ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း
စားမိခြင်းကို ပြုစုခြင်း
- အဆိပ်ဖြစ်သော အစာများ စားမိပါက ချက်ချင်းပြန်၍ အန်အောင်ပြုလုပ်ပါ။ သို့သော် စတင်ဖြစ်သည့် အချိန်မှ မိနစ် (၃၀) အတွင်းတွေ့ရှိသော လူနာများကိုသာ အန်အောင်လုပ်ပါ။
 - အဆက်မပြတ်အန်နေသော လူနာများနှင့် အက်စစ်၊ အယ်လ်ကာလီသောက်သောလူနာများ၊ တက်သော လူနာများ၊ သတိလစ်သောလူနာများကို အန်အောင်မလုပ်ရပါ။
 - အက်စစ်၊ အယ်လ်ကာလီသောက်သော လူနာများကို ရေများများတိုက်ပါ။ နွားနို့အေးအေး (သို့) ရေအေးအေးနှင့် ကြက်ဥအကာများကို တိုက်ပါ။
 - စားဆေးများ အလွန်အကျွံသောက်သော လူနာများအား နွားနို့ (သို့) ရေမတိုက်ရပါ။ ထိုလူနာများအား ကြက်ဥအကာတိုက်ပါ။
 - အလွန်အမင်းအန်သောလူနာများအား ဘယ်ဘက်သို့စောင်း၍ စိတ်ချရသော ဘေးစောင်းအနေအထား တွင်ထားပါ။
 - ဆေးရုံသို့ လူနာမှတ်တမ်းနှင့်အတူ အမြန်ပို့ပါ။
 
ရှူရှိုက်မိခြင်းကြောင့် အဆိပ်သင့်စေသော အရာများ
- အခိုးအငွေ့များ
 - သန့်စင်ချေး(ဂျီး)ချွတ်ဆေးနှင့် ကိုယ်တိုင်လုပ်ဓာတုပစ္စည်းများ
 - စက်ရုံသုံး အဆိပ်ရှိပစ္စည်းများ
 - မီးခိုးငွေ့များ
 
လက္ခဏာများ
- အသက်ရှူခက်ခဲခြင်း၊
 - အောက်စီဂျင်လုံလောက်မှုမရှိခြင်းကြောင့် အရေပြားပြာနှမ်းခြင်း၊ ညိုပုပ်ပုပ်အရောင်ဖြစ်ခြင်း
 
ရှူရှိုက်မိခြင်းကြောင့် အဆိပ်သင့်ခြင်းအားပြုစုခြင်း
- လူနာနှင့် မိမိကိုယ်ကို ကာကွယ်ပါ။
 - သတိရလျှင် အားပေးစကား ပြောပါ။
 - အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းအား CPR ပြုလုပ်ပါ။
 - သတိရလာလျှင် စိတ်ချရသော ဘေးစောင်းအနေအထားဖြင့် ဆေးရုံအမြန်ပို့ပါ။
 
အရေပြားအတွင်းထိုးသွင်းခြင်းကြောင့် အဆိပ်သင့်စေသောအရာများ
- သတ္တဝါများတုပ်ခြင်း၊ ကိုက်ခြင်းကြောင့် အဆိပ်သင့်ခြင်း
 - ဆေးဝါးများ ထိုးသွင်းခြင်း
 
လက္ခဏာများ
- နာကျင်ခြင်း၊ နီမြန်းခြင်း၊ ရောင်ရမ်းခြင်းများကို ထိုးသွင်းထားသည့် အရေပြားနေရာတွင် တွေ့ရခြင်း၊
 - မျက်စိမှုန်ဝါးခြင်း၊ ပျို့အန်ခြင်း
 - အသက်ရှူခက်ခဲခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း
 
အရေပြားအတွင်းထိုးသွင်းခြင်းကြောင့် အဆိပ်သင့်ခြင်းကို ပြုစုခြင်း
- အဆိပ်ရှိစူးကို ဖယ်ရှားပါ။
 - ဆေးရုံသို့အမြန်ဆုံးပို့ပါ။
 
၂။ ဆေးဝါးထိုးသွင်းခြင်း
- ဆေးရုံသို့အမြန်ဆုံးပို့ပါ။
 
အရေပြားအတွင်းစိမ့်ဝင်၍ အဆိပ်သင့်ခြင်းဖြစ်စေသောအရာများ
- သန့်စင်ဂျီးချွတ်ဆေးများ
 - ကိုယ်တိုင်လုပ်ဥယျာဉ်သုံးဓာတုပစ္စည်းများ
 - စက်ရုံသုံးအဆိပ်ရှိပစ္စည်းများ
 - အပင်သုံးအားဆေး၊ ပိုးသတ်ဆေး
 
လက္ခဏာများ
- နာကျင်ခြင်း
 - ရောင်ရမ်းခြင်း
 - နီမြန်းခြင်း
 - အဖုအပိမ့်ထွက်ခြင်း
 - ယားယံခြင်း
 
အရေပြားအတွင်းစိမ့်ဝင်၍ အဆိပ်သင့်ခြင်းအား ပြုစုခြင်း
- အားပေးစကားပြောပါ။
 - အဆိပ်သင့်အဝတ်အစားများကို ဖယ်ရှားပါ။
 - အရေပြားတွင် ကပ်နေသောအဆိပ်များကို ဖယ်ရှားပါ။ (၁၀)မိနစ်ခန့် ဆေးကြောပေးပါ။
 - မူးဝေနေလျှင် လေကောင်းလေသန့်ရသော နေရာတွင်ထားပါ။
 - အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းရပ်နေပါက CPR ပြုလုပ်ပါ။
 - ဆေးရုံပို့ပါ။
 
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]
















