backup og meta

ရွှေသမင်လို မျက်ဝန်းလှလှလေး ပိုင်ဆိုင်စေမယ့် လျှို့ဝှက်ချက်များ

ရွှေသမင်လို မျက်ဝန်းလှလှလေး ပိုင်ဆိုင်စေမယ့် လျှို့ဝှက်ချက်များ

ရွှေသမင်လို ရွှန်းစိုတောက်ပတဲ့ မျက်ဝန်းလှလှလေးတွေ ပိုင်ဆိုင်ထားတာကို အမျိုးသမီးတစ်ယောက်ရဲ့ အလှတရားတစ်ခုလို့ မြန်မာတွေက တင်စားခေါ်ဆိုကြပါတယ်။ ရွှေသမင်လို မျက်ဝန်းဆိုတာက မျက်လုံးအစုံလိုက် ရွှေသမင်နဲ့ တူနေတာကိုဆိုလိုတာမဟုတ်ပါဘူး။ သမင်မျက်ဝန်းလို ရွှန်းစိုတောက်ပနေတာကို ဆိုလိုတာပါ။

ရွှန်းစိုလှပတဲ့ မျက်ဝန်းလေးတစ်စုံကို ပိုင်ဆိုင်နေဖို့ဆိုရင် နေထိုင်ပုံ၊ စားသောက်ပုံတွေမှာ နည်းမှန် လမ်းမှန်နဲ့ နေထိုင်စားသောက်ဖြစ်ဖို့ လိုအပ်ပါတယ်။

နေချင်သလိုနေ၊ စားချင်သလိုစားပြီး မျက်စိကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင် မွေးရာပါလှပတဲ့ မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသူတောင်မှ အဲ့ဒီအလှတရားကို လက်လွှတ်ဆုံးရှုံးသွားရနိုင်တယ်မဟုတ်လား။

ဒါကြောင့် ကိုယ့်ရဲ့ မျက်ဝန်းလေး လှပနေဖို့ဆိုရင် အနေအထိုင် အစားအသောက်ပိုင်းမှာ ဘယ်လို နေထိုင်၊ စားသောက်ရမယ်ဆိုတာကို လမ်းညွှန်ပေးချင်ပါတယ်။

မျက်ဝန်းကျန်းမာလှပစေသော အစားအစာနှင့် အာဟာရများ

မျက်ဝန်းကို ရွှန်းစိုလှပစေဖို့ မှီဝဲပေးသင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ၁။ ဗီတာမင် C ဓာတ်ကြွယ်ဝသည့် အသီးအနှံများ (လိမ္မော်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး)
  • ၂။ ဗီတာမင် A ဓာတ်ကြွယ်ဝသည့် ဟင်းသီးဟင်းရွက်များ (မုန်လာဥနီ၊ ဇီးသီး၊ ကညွတ်၊ သရက်သီး)
  • ၃။ Zinc ဓာတ်ကြွယ်ဝစွာပါရှိတဲ့ အစားအစာများ (ကြက်ဆင်၊ ကြက်သား၊ ဒိန်ချဉ်၊ စီရီယယ်)
  • ၄။ ဗီတာမင် E ကြွယ်ဝသော အစေ့အဆံများ (အယ်လ်မွန်၊ မြေပဲ၊ နေကြာစေ့၊ ဗာဒံစေ့) စတာတွေပါပဲ။

သိထားသင့်တာတော့ အစားအသောက်ပိုင်းကို ဂရုစိုက်တာဟာ မျက်ဝန်းရဲ့ အလှအပကို ထိခိုက်စေမယ့် ပြဿနာတွေရဲ့ ၃၅%ကို လျှော့ချပေးနိုင်တယ်ဆိုတာပါပဲ။

မျက်ဝန်းလှလှလေးပိုင်ဆိုင်စေဖို့ လိုက်နာကျင့်သုံးရမည့် အလေ့အထများ

လှပရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ဖို့ဆိုရင် အစားအသောက်အပြင် အနေအထိုင်အပြုအမူပိုင်းတွေမှာလည်း လိုက်နာရမှာတွေရှိနေပါသေးတယ်။

ဘယ်လိုအချက်တွေလဲဆိုတော့

  • အိပ်ရေးဝဝ အိပ်တာ၊ တစ်နေ့ကို အနည်းဆုံး ၈ နာရီ အိပ်စက်ပေးတာမျိုး၊
  • သွေးလည်ပတ်မှုအားကောင်းစေမယ့် လေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်ပေးတာ၊
  • တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်သောက်သုံးပေးတာ၊
  • မကြာခဏ မျက်လုံးပွတ်သတ်တာမျိုးကို ရှောင်ကြဉ်တာ
  • မျက်လုံးကို သန့်စင်စေရာမှာ သန့်စင်တဲ့ အဝတ်မျိုးကို အသုံးပြုပြီး ကိုင်တွယ် သန့်ရှင်းပေးတာ၊
  • ပြင်းထန်တဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် ကာကွယ်ပေးတာ၊
  • မျက်ကွင်းညိုတာနဲ့ အမည်းစက်တွေကို လျှော့ချပေးနိုင်ဖို့ ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ သခွားသီး၊ အာလူးစတာတွေကို ပါးပါးလှီးပြီး မျက်ဝန်းပေါ်မှာ ကပ်ပေးတာမျိုး နည်းလမ်းတွေကို အသုံးချနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/eye-health/sparkling-eyes

https://www.webmd.com/beauty/ss/slideshow-beautiful-eye-secrets

ယခုပုံစံ

21/07/2020

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ဝန်းကတဆင့် သိနိုင်တဲ့ ကျန်းမာရေး လက္ခဏာ (၉) မျိုး

မျက်ဝန်းလေးအပေါ် သင်လုပ်မိနေတဲ့ အမှား (၁၀) ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement