backup og meta

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘာလဲ။ ဘယ်လိုတွေ ခံစားရနိုင်လဲဆိုတာကို သိပြီးပြီလား!

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

ဝက်ခြံလို့ ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံက ဒီတစ်မျိုးတည်း မဟုတ်ပါဘူး။

ဆားဝက်ခြံလို့ခေါ်တဲ့ အဆံ မည်းမည်းလေးတွေ ထွက်တာမျိုး ရှိသလို အခုပြောပြမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေလည်း ရှိပါတယ်။

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကို အများစုက အဆီဖုလေးတွေနဲ့ မှားတတ်ကြပါတယ်။ ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

လူတော်တော်များများက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ အခြား ဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူဘူးဆိုတာကို မသိကြပါဘူး။ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းလေးတွေကို သုံးလိုက်ရင် ပျောက်သွားမယ်လို့ ယူဆနေကြပါတယ်။

တကယ်ကတော့ ပုံမှန် ဝက်ခြံတွေကို သက်သာစေတဲ့ နည်းလမ်းက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံအတွက် ထိရောက်မှု မရှိပါဘူး။ အခန့်မသင့်ရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံကို ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။

ဒီတော့ ဝက်ခြံကို ကုသမှု မလုပ်ခင် ရိုးရိုး ဝက်ခြံလား မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံလား ဆိုတာကို သိရှိဖို့ လိုပါမယ်။ အခုလို လက္ခဏာလေးတွေ ရှိမယ်ဆိုရင်တော့ မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံပါ။

အရွယ်အစား 

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေက အရွယ်အစား တူကြပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံက အရွယ်အစား အမျိုးမျိုး ရှိပြီး ထိပ်နားမှာ ပြည်လို အဆံဖြူဖြူတွေ ရှိနေတတ်ပါတယ်။

နေရာ

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေက လက်မောင်း၊ ရင်ဘတ်၊ နောက်ကျောတွေမှာ အပေါက်များပါတယ်။ မျက်နှာ အထူးသဖြင့် နဖူးမှာ အပေါက်များပါတယ်။

ယားယံတယ်

သာမန် ဝက်ခြံတွေက မယားယံပေမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကတော့ ယားယံတာမျိုး ခံစားရစေနိုင်ပါတယ်။

အစုလိုက် ပေါက်တယ်

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေက အခြား ဝက်ခြံတွေနဲ့ မတူဘဲ အစုလိုက် ပေါက်တတ်ကြပါတယ်။ အဖြူဆံလေးတွေလို အဖုသေးသေးလေးတွေ အစုလိုက် ပေါက်နေတယ်ဆိုရင်တော့ အဆီဖု မဟုတ်သလို ဆားဝက်ခြံလည်း မဟုတ်တဲ့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံပါ။

နောက်ထပ် သိနိုင်တဲ့ လက္ခဏာတစ်ခုက မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ မှိုပိုးကူးစက်ခံရတဲ့ အခြား လက္ခဏာတွေ ဖြစ်တဲ့ ဗောက်ထတာဆိုရီရေးစစ် အရေပြားပြဿနာတွေကိုပါ ခံစားရနိုင်ပါသေးတယ်။

မျက်နှာ အပါအဝင် ခန္ဓာကိုယ်ပေါ်မှာ အဖုသေးသေးလေးတွေပေါက်မယ်။ ယားယံမယ်။ အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေနဲ့လည်း ဆင်တူနေမယ်ဆိုရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံပြဿနာကို ခံစားနေရတာပါ။

ဒီလိုလက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ စနစ်တကျ အရေပြားဆိုင်ရာ ဆရာဝန် ပြသတိုင်ပင်ပြီး ကုသတာ အကောင်းဆုံးပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Understanding Fungal Acne + Causes, Treatments, Dos & Don’ts https://skinkraft.com/blogs/articles/fungal-acne Accessed Date 2 December 2020

Fungal acne causes and treatments https://www.mdacne.com/article/fungal-acne-causes-and-treatments-according-to-dermatologists Accessed Date 2 December 2020

ယခုပုံစံ

05/04/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံ နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/04/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။