backup og meta

ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား....

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား....

    ကုတ်လိုက်တိုင်း ဗောက်တွေက ဖွေးဖွေးလှုပ်။ ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေကျွတ်နဲ့ စိတ်ကိုညစ်နေတာပဲ။ ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား…. ဘာလုပ်လို့လုပ်ရမလဲသိဘူးဆိုတဲ့သူတွေများရှိလား…. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

    ဗောက်ဆိုတာ

    ကမ္ဘာ့လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်က ဗောက်ပြဿနာကိုခံစားနေရပါတယ်။ ဒါကြောင့် ဗောက်ပြဿနာခံစားနေရတာ သင်တစ်ယောက်တည်းလို့ မထင်စေချင်ပါဘူး။ ဗောက်က ဦးရေပြား ပြဿနာတစ်ခုပါ။ ဦးရေပြားခြောက်သွေ့မှုကနေဖြစ်ပေးလာတဲ့ အရေပြားပြဿနာတစ်ခုပေါ့။

    ဗောက်က ဘာတွေဖြစ်စေနိုင်လဲ…..

    ဗောက်ဖြစ်တဲ့အခါ

    • ဦးရေပြားက ယားယံမယ်
    • ခြောက်သွေ့မယ်
    • နီမြန်းရောင်ရမ်းမယ်။

    ဗောက်ဖြစ်စေတဲ့အကြောင်းအရင်း

    ဗောက်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။

    • ဦးရေပြားက အဆီပြန်တာ
    • ခေါင်းသေချာမလျှော်တာ
    • မှိုပိုးကူးစက်ခံရတာ
    • အသားအရေခြောက်သွေ့တာ
    • ဆံသားသုံး ပစ္စည်းတွေနဲ့ မတည့်တာ
    • အရေပြားပြဿနာတစ်ခုခု ခံစားနေရတာ
    • အသက်အရွယ်ကြောင့်ဖြစ်တာ
    • ရောဂါအခံတစ်ခုခုရှိနေတာကြောင့် ဗောက်ထနိုင်ပါတယ်။

    ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား…. ဆိုတော့ တိုက်ရိုက်ကျွတ်စေတာမျိုးတော့ မဟုတ်ပါဘူး။ ဆိုလိုတာက ဗောက်ရှိတိုင်း ဆံပင်ကျွတ်တာတော့ မဟုတ်ပါဘူး။

    ဒါပေမယ့် ဗောက်ဖြစ်တဲ့အခါ ဦးရေပြားက ယားယံတယ်။ ယားယံတာကို သက်သာစေဖို့ လက်သည်းနဲ့ဖြစ်ဖြစ် ဘီးလိုမျိုးအရာတွေနဲ့ဖြစ်ဖြစ် ဦးရေပြားကို ကုတ်ခြစ်မိပါမယ်။ ဒီလိုကုတ်ခြစ်မိတာက ဦးရေပြားကို နီမြန်းရောင်ရမ်းစေနိုင်သလို ဆံသားတွေရဲ့ သန်စွမ်းမှုကို ထိခိုက်စေနိုင်ပြီး ဆံသားအမြစ်တွေရဲ့ ကျန်းမာမှုကို အားနည်းစေနိုင်ပါတယ်။ ဒီနည်းနဲ့ ဗောက်ထတာက ဆံပင်ကျွတ်စေပါတယ်။

    ဗောက်က ဆံသားတွေကို အာဟာရစုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က ဗောက်ထတဲ့အခါ ဗောက်သက်သာအောင်ဆိုပြီး ဗောက်ပျောက်တဲ့ ခေါင်းလျှော်ရည်ကို သုံးကြတယ်နော်။ ဒီခေါင်းလျှော်ရည်တွေက ခဏခဏသုံးတဲ့အခါ ဦးရေပြားကို ခြောက်သွေ့စေသလို ဆံသားကျန်းမာမှုကိုပါ ထိခိုက်စေလာနိုင်ပါတယ်။

    ဒီတော့ အကောင်းဆုံးကာ့ ဗောက်ထလာပြီဆိုရင် သေသေချာချာ ကုသဖို့ လိုပါတယ်။

    ဗောက်ထတာ သက်သာစေဖို့ ဘာတွေလုပ်မလဲ……

    စိတ်ဖိစီးမှုကြောင့် ဦးရေပြားမှာ ဗောက်ထ တာ ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးစရာတွေကို ဖြေလျော့နိုင်မယ့် နည်းလမ်းလေးတွေရှာထားပါ။

    ဦးရေပြားအဆီပြန်တတ်တဲ့သူတွေအနေနဲ့တော့ ခေါင်းကိုပုံမှန်လေးလျှော်ပေးပါ။ သာမန်လူတွေကတော့ ပုံမှန်လေး တစ်ပတ်ကို ၂−၃ကြိမ်လောက်  လျှော်ရင်ရပါပြီ။ ခေါင်းခဏခဏလျှော်တဲ့အခါ ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထတာ ပိုဆိုးတတ်ပါတယ်။

    ခေါင်းလျှော်တဲ့အခါမှာလည်း တွေ့ကရာခေါင်းလျှော်ရည်နဲ့လျှော်တာမျိုးမလုပ်ဘဲ ဗောက်သက်သာတဲ့ ခေါင်းလျှော်ရည်မျိုးနဲ့လျှော်ဖို့ ပြောပါရစေ။ ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါ ဆံသားနဲ့ကိုက်ညီမယ့် အမျိုးအစားကို သတိထားရွေးချယ်ဖို့က မမေ့သင့်ပါဘူး။

    • လက်ဖက်ဆီ

    တိုင်းရင်းဆေးတွေမှာ လက်ဖက်ဆီက ဗောက်ပျောက်အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဦးရေပြားကို လက်ဖက်ဆီလူးပြီး နှိပ်နယ်ပေးပါ။ ပြီးရင် ခေါင်း‌လျှော်နဲ့ လျှော်ချပါ။

    • ဒိန်ချဉ်နဲ့ သံပရိုသီး

    ဒိန်ချဉ်ထဲကို သံပရိုသီးနည်းနည်းလောက်ညှစ်ထည့်ပြီး ဆံပင်ကိုပေါင်းတင်ပေးမယ်ဆိုရင် ဦးရေပြားခြောက်သွေ့လို့ ‌ဗောက်ထတာကိုရော ဆံပင်ကျွတ်တာကိုပါ သက်သာစေနိုင်ပါတယ်။

    • ဆီအပူပေးပြီး နှိပ်နယ်ပါ

    သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို အပူပေးပြီး ခဏအအေးခံလိုက်ပါ။ပြီးရင် ဦးရေပြားနဲ့ ဆံသားမှာလူးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဆံပင်ကို အရင်းကနေ အဖျားအထိ အာဟာရပြည့်ဝစေပြီးဆောင်းရာသီအအေးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာကို သက်သာစေနိုင်ပါတယ်။

    တမာရွက်က မှိုပိုးတွေကိုသေစေနိုင်ပြီး ဦးရေပြားယားယံတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီထဲကို တမာရွက်ထည့်စိမ်ပြီး လူးပေးလို့ရပါတယ်။

    ခုပြောခဲ့တဲ့ နည်းလမ်းတွေက အိမ်တွင်းသုံးနည်းလမ်းတွေပါ။ အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ ဗောက်ထတတ်တဲ့သူတွေမှာ သုံးနိုင်ပါတယ်။ လူတိုင်းနဲ့တော့ အဆင်ပြေချင်မှ ပြေမှာပါ။ ခဏခဏဗောက်ထတတ်သူတွေ၊ ရောဂါအခံကြောင့် ဗောက်ထတတ်သူတွေကတော့ ဆရာဝန်နဲ့ သေချာပြသဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement