မေလေးတို့ရေ….
မေလေးတို့ရေ….

အခုခေတ်မယ် များပြားလှတဲ့ skincare products တွေကြား ဘာကို ဘယ်လို သုံးရမှန်းမသိတဲ့ မေလေး တွေရှိကြလား။ အခု နှင်းပြောပြပေးမှာက မျက်နှာသစ်ပြီးတဲ့အခါ ဂွမ်းလေးနဲ့ မျက်နှာ အနှံ့ သုတ်လိမ်းပေးရတဲ့ facial toner လေး အကြောင်းပါပဲ။ ဒီ အဆင့်လေး ကို နှစ်ခြိုက်စွာသုံးစွဲနေကြတဲ့ မေလေးတွေရှိသလို မလိုဘူး ထင်ကြတဲ့ မေလေးတွေလည်း ရှိမှာပါ။ သုံးသင့် မသုံးသင့်ဆိုတာလည်း ကမ္ဘာ့အရေပြားဆိုင်ရာ ပညာရှင်တွေအကြား အငြင်းပွားနေကြဆဲပါ။
မေလေးတချို့က Toner ကို မသုံးလည်းရတယ်ဆိုပြီး မသုံးတတ်ကြပါဘူး။ Essence မှာ Toner effect ပါ ပါပြီးသားဆိုပြီး တစ်မျိုးတည်းပဲ သုံးတဲ့ မေလေးတွေလည်းတွေ့ဖူးပါတယ်။ တကယ်က Essence ဆိုတာဟာ ရေဓာတ်ဖြည့်ပေးတဲ့အဆင့်ပဲမို့ Toner သုံးပေးတာနဲ့တော့ တူမှာမဟုတ်ပါဘူး။ ဒီတော့ ဘာလို့ သုံးသင့်တယ် ယူဆ လဲ…. ဘာလို့ မသုံး သင့်ဘူး ယူဆလဲ ဆိုတဲ့ အချက်ကလေးတွေ ကို နှင်းသိသလောက် ဝေမျှပေးလိုက်ပါတယ်။
Facial toner သုံးခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို တစ်ချက်ချင်းစီ ယှဉ်ပြောပေးမယ်နော်။
အခုခေတ်မှာတော့ alcohol free toner တွေ natural beauty water တွေ အများကြီးပေါ်လာပြီမို့ ဆိုးကျိုးတွေပိုနည်းသွားပြီဆိုပေမဲ့ chemical free တော့ မဖြစ်သေးတာမို့ ကိုယ့်ရဲ့ အသားအရေနဲ့ အရေပြားပြဿနာပေါ်မူတည်ပြီး ရွေးချယ်သုံးစွဲကြဖို့ နှင်းက တိုက်တွန်းချင်ပါတယ်။ Toner မှာ ကိုယ့်အရေပြား အမျိုးအစားနဲ့ ပြဿနာအလိုက် အမျိုးမျိုးရွေးစရာတွေရှိပါတယ် ..
-အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားရေ နဲ့ ဝက်ခြံထွက်လွယ်တဲ့အသားရေ တွေအတွက် ချွေးပေါက်မပိတ်အောင် သန့်စင်ပေးတဲ့ Toner – Salicylic acid or BHA , Glycolic acid or AHA ပါတဲ့ Cleansing and ExfoliatingToner
-ရေဓာတ်ဖြည့်ပေးတဲ့ Hyaluronic acid ပါတဲ့ Toner
-အသားရေ ချောမွေ့စေတဲ့ Soothing & Calming လုပ်ပေးတဲ့ Toner ( ပန်းနဲ့လုပ်တဲ့ Toner တွေပေါ့ ! ဥပမာ rosewater လိုမျိုး)
-အသားရောင် ညှိပေးနိုင်တဲ့ Toning Toner
-အသားရောင်လင်းလက်တောက်ပစေမယ့် Vitamin C ပါတဲ့ Brightening Toner
-အရွယ်တင်ပြီး အရေးအကြောင်းလျော့ပါးစေမယ့် Antioxidants သို့ Retinol စတာတွေ ပါတဲ့ Antiaging Toner
စသဖြင့် အမျိုးမျိုးရှိတာကို တွေ့ရပါတယ်။
ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတာကို မမေ့ပါနဲ့ မေလေးတို့ရေ။
ရေးသားသူ – နှင်းရိပ်မှုန်