backup og meta

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံ ကြားရတာတောင် စိတ်ကုန်နေပြီ။ ဝက်ခြံ တွေသက်သာချင်လိုက်တာဆိုတဲ့ ဆန္ဒက ဝက်ခြံအဖြစ်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်ထားသူတိုင်းမှာ ရှိပါတယ်။

ဒီတစ်ခါတော့ ဝက်ခြံ ခဏခဏဖြစ်နေလို့ စိတ်ညစ်နေရသူလေးတွေအတွက် ဝက်ခြံ သက်သာစေမယ့် အသီးလေးတွေက ဘာလေးတွေလဲဆိုတာကို ပြောပြပေးမယ်နော်။

ဝက်ခြံ သက်သာစေဖို့ စားပေးသင့်တဲ့ အသီးလေးတွေက ဘာတွေလဲ………….

မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ဝက်ခြံတွေကို သက်သာစေဖို့ဆိုရင်

သခွားမွှေး

သခွားမွှေးက အသားအရေကို ချောမွတ်နုပျိုစေမယ့် လျှို့ဝှက်ပါ။ သခွားမွှေးမှာ ဗီတာမင် A  ပါဝင်နေတာကြောင့် ဆဲလ်တွေ အသစ်ဖြစ်ပေါ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ သခွားမွှေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အသားအရေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးတာကနေ ကာကွယ်ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေသလို အရေပြားပြဿနာ အမျိုးမျိုးကိုလည်း သက်သာစေနိုင်ပါတယ်။

လိမ္မော်သီး 

လိမ္မော်သီးကလည်း သခွားမွှေးလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အသီးပါ။  လိမ္မော်သီးက အသားအရေ ကျန်းမာရေးကို အတော်လေး အထောက်အကူပြုပါတယ်။

လိမ္မော်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် C က အရေပြားကို နေရောင်ကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပြီး အရေပြားကင်ဆာ ခံစားရနိုင်ခြေကို လျှော့ချပေးသလို ဝက်ခြံနဲ့ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။

မက်မွန်သီး

မက်မွန်သီးက အသားအရေအတွက် တကယ့်ကို ကောင်းတဲ့ အသီးပါ။ မက်မွန်သီးက ဝက်ခြံ သက်သာစေသလို ဝိတ်ကျစေပြီး၊ နှလုံးကိုလည်း ကျန်းမာစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ကြွယ်ဝပါတယ်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးက အသားအရေကို ကျန်းမာစေဖို့ လုံလော်ကတဲ့ ဓာတတိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ အရေပြားပေါ်က ဝက်ခြံတွေကို သက်သာစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ပန်းသီး

ပန်းသီးတစ်နေ့တစ်လုံး စားပေးတာက ကျန်းမာရေးကို အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ပန်းသီးက pectin  ကြွယ်ဝတာကြောင့်  ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

ပန်းသီး အခွံမှာ အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ phenols ပါဝင်တာကြောင့် ပန်းသီးစားတဲ့အခါ အခွံကိုပါ စားဖို့ လိုပါမယ်။

ဒါတွေအပြင် ဝက်ခြံ သက်သာစေဖို့ဆိုရင် ဒီအချက်လေးတွေကိုပါ လိုက်နာဖို့ လိုပါမယ်။

ဝက်ခြံ သက်သာစေဖို့ လိုက်နာသင့်တဲ့ အချက် အချို့

ဝက်ခြံ သက်သာစေဖို့ဆိုရင် အပေါ်က ပြောခဲ့တဲ့ အသီးလေးတွေ ပုံမှန် စားပေးတာအပြင်

  • အရေပြားကို စနစ်တကျ သန့်စင်တာ
  • ရေများများ သောက်တာ
  • ကြက်သွန်ဖြူ စားတာ
  • လေ့ကျင့်ခန်း လုပ်တာ
  • အချိုလျှော့စားတာမျိုးတွေ လုပ်ဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Acne https://www.nhs.uk/conditions/acne/ Accessed Date 23 November 2020

ACNE: TIPS FOR MANAGING https://www.aad.org/public/diseases/acne/skin-care/tips Accessed Date 23 November 2020

ယခုပုံစံ

11/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံဖြစ်ဖို့ အားပေးသော အစားအစာများ

ဝက်ခြံ ဖြစ်လွယ်သူတွေ Mask တပ်ကြတဲ့အခါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။