backup og meta

လည်ပင်း အသားအရေ အရောင်မညစ်စေဖို့ နည်းလမ်းကောင်း (၈) ခု

မိန်းကလေးတွေရဲ့ အလှတရားထဲမှာ လည်တိုင်လှလှလေးတွေလည်း ပါဝင်ပါတယ်။ မျက်နှာအသားအရေလေး လှပါလျက်နဲ့ လည်ပင်း မှာတော့ မဖြူတဲ့အပြင် အသားမညီ၊ အရောင်ညစ်နေတာမျိုး စိတ်ညစ်ရတတ်ပါတယ်။

နေလောင်ထားလို့၊ အသားအရေထိန်းသိမ်းတဲ့အခါ ဒီနေရာကို မေ့လျော့ခဲ့လို့၊ ချွေးပေါက်ပိတ်ဆို့နေလို့ စတဲ့ အကြောင်းရင်းတွေကြောင့် လည်ပင်း အသားအရေ အရောင်ညစ် နေတတ်ပါတယ်။ ဒီလိုမဖြစ်ဘဲ ဖြူဝင်းပြီး နူးညံ့တဲ့ အသားအရေလေး ရစေဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြပါမယ်နော် –

(၁) ရှားစောင်းလက်ပပ်

  • ရှားစောင်းလက်ပပ် အတွင်းသားအနှစ်ကိုယူပါ။
  • လည်ပင်းမှာ မိနစ်အနည်းငယ်ကြာ ပွတ်လိမ်းပေးပါ။
  • ၁၀ မိနစ် ထားပြီး ရေချိုးလိုက်ပါ။

(၂) ပန်းသီးရှာလကာရည်

  • ပန်းသီးရှာလကာရည် (Apple cider vinegar) နှစ်ဇွန်းကို ရေ ၄ ဇွန်း နဲ့ ရောပါ။
  • ဂွမ်းလုံးလေးနဲ့ လည်ပင်းမှာ သုတ်လိမ်းပေးပါ။
  • ၁၀ မိနစ် ထားပြီး ရေချိုးလိုက်ပါ။

(၃) မုန့်ဖုတ်ဆိုဒါ

  • မုန့်ဖုတ်ဆိုဒါ ၂ဇွန်းကို ရေနည်းနည်းနဲ့ အနှစ်ဖြစ်ရုံ ဖျော်ပါ။
  • လည်ပင်းမှာ လိမ်းပြီး ခြောက်အောင် ထားပါ။
  • ခြောက်လာရင် လက်ကို ရေဆွတ်ပြီး ပွတ်ဖျက်ပါ။

(၄) သံလွင်ဆီ နဲ့ သံပရာ

  • သံပရာသီး နဲ့ သံလွင်ဆီ ကို ဆတူ ရောပါ။
  • ရလာတဲ့ အဆီကို အိပ်ရာ မဝင်ခင် လည်ပင်းမှာ လိမ်းပါ။

(၅) အာလူး

  • အာလူး အရွယ်တော် တစ်လုံးကို ခြစ်ပြီး အရည်ညှစ်ပါ။
  • လည်ပင်းမှာ လိမ်းပြီး ၁၀ မိနစ်- ၁၅ မိနစ်လောက် ခြောက်အောင် ထားပါ။
  • ကြက်သီးနွေးရေ နဲ့ ဆေးကြော သန့်စင်ပါ။

(၆) အုတ်ဂျုံ

  • အုတ်ဂျုံ (ကွေကာအကြမ်း) စားပွဲတင်ဇွန်း  ၂ဇွန်းခန့် ကို အမှုန့်ကြိတ် / ထောင်းပါ။
  • ခရမ်းချဉ်သီး အနှစ်ရည် ( အသီးကို ချေထား) ၁ဇွန်း နဲ့ Rose water ထည့်ပြီး အနှစ် ဖြစ်အောင် ဖျော်ပါ။
  • လည်ပင်းမှာ လိမ်းပြီး မိနစ် ၂၀လောက် ထားပါ။
  • လက်ချောင်းကို ရေ ဆွတ်ပြီး အသာအယာ ပွတ်ဖျက်ပါ။
  • ရေအေး နဲ့ သန့်စင်ပါ။

(၇) ဗီတာမင် E

  • ဗီတာမင် E capsule ၃/၄ ခု လောက်ကို ဖောက်ပြီး လည်ပင်းမှာ မိနစ် အနည်းငယ်ကြာ စိမ့်ဝင်အောင် လိမ်းပေးပါ။
  • ညဘက် လိမ်းအိပ်တာ ပိုကောင်းပါတယ်။

(၈) ဒိန်ချဉ်

  • ဒိန်ချဉ် ၂ဇွန်း နဲ့ သံပရာရည် ၁ ဇွန်းကို ရောပြီး လည်ပင်းမှာ လိမ်းပါ။
  • မိနစ် ၂၀လောက် ထားပြီး ရေချိုးလိုက်ပါ။

ဒါတွေ အကုန်လုံးထဲမှာ သံလွင်ဆီ ကလွဲလို့ ကျန်တဲ့နည်းတွေ သုံးပြီးတိုင်း moisturizer ပြန်သုံးဖို့ တော့ မမေ့နဲ့နော်။ အလွယ်ဆုံးနည်းတွေ ဖြစ်လို့ ကြိုက်တဲ့နည်းကို ရွေးလို့ရပါတယ်။

နောက်ပိုင်း ဂရုစိုက်ရမယ့် အချက်တွေက

မျက်နှာသစ်တဲ့ အခါတိုင်း လည်ပင်းကိုလည်း သန့်စင်ပါ။ မျက်နှာအသားအရေကို ခြောက်သွေ့မှုဒဏ်၊ နေလောင်ဒဏ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ် တွေက ကာကွယ်ထိန်းသိမ်းသလိုပဲ လည်ပင်း အသားအရေ ကိုလည်း ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ moisturizer နဲ့ sunscreen အမြဲ လိမ်းပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://india.curejoy.com/content/home-remedies-to-get-rid-of-black-neck/

http://www.stylecraze.com/articles/dark-neck-home-remedies/#gref

 

ယခုပုံစံ

03/07/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံရှိသူလေးတွေ လုပ်မိတတ်တဲ့ အသားအရေထိန်းသိမ်းမှု အလွဲလေးများ

သင့်အသားအရေအတွက် အရေးပါတဲ့ ကော်လာဂျင်ဓာတ်ကို သဘာဝအတိုင်းမြှင့်တင်ရအောင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/07/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။