backup og meta

မျက်နှာပင့်တင်ခြင်းနည်းဖြင့် မျက်နှာပြုပြင်မယ်

မျက်နှာပင့်တင်ခြင်းနည်းဖြင့် မျက်နှာပြုပြင်မယ်

အသက်ကြီးလာတဲ့အခါ အရေပြားတွေပျော့တွဲကျလာပါတော့တယ်။ ဒါပေမယ့် ထိုအိုမင်းသွားတဲ့ အရေပြားကို ကုသဖို့ နည်းတချို့တော့ရှိပါတယ်။ Thread lift လို့ခေါ်တဲ့ မျက်နှာပင့်တင်းခြင်းတစ်မျိုးက လတ်လောမှာ လူသုံးများ နာမည်ကြီးနေတဲ့နည်းတစ်ခုဖြစ်တယ်။

ဘယ်လိုသင့်မျက်နှာကိုပြန်လည်ပြုပြင်နိုင်မလဲ ကြည့်လိုက်ကြရအောင်-

Thread lift ဆိုတာဘာလဲ

လျော့ရဲတွဲကျနေသော အရေပြားတွေအတွက် အထူးတွယ်အပ်တစ်မျိုးကိုသုံးကာ ပြုပြင်သောနည်းဖြစ်တယ်။ ခွဲမှု စိတ်မှု ဖြတ်မှု ရှမှု တစ်ခုမှမရှိဘဲ Thread lift ဟာ ဥရောပ၊ အမေရိကနဲ့ အာရှတခွင်မှာ နာမည်ကြီးပါတယ်။ အိုမင်းနေသောအသားအရေကို တင်းရင်းလှပစေပြီး အရေးကြောင်းများလျော့ပါးစေပါတယ်။

ဘာကြောင့်အသားအရေလျော့ရဲလာရသလဲ

အသက်ကြီးလာတာနဲ့အမျှ သင့်ခန္ဓါကိုယ်မှာ collagen နဲ့ elastine တွေအထွက်နည်းလာပါတော့တယ်။ ထို collagen နဲ့ elastine တွေဟာ သင့်အရေပြားတင်းရင်းစေဖို့ အဓိကလိုအပ်တဲ့အရာတွေပါ။

ဒါကြောင့်ထို collagen နဲ့ elastine တွေမလုံလောက်တော့တဲ့အခါ အရေးကြောင်းတွေဖြစ်လာတယ်၊ မျက်နှာကိုပိုအိုစေပါတော့တယ်။

thread lift နည်းကမျက်နှာကိုဘယ်လိုပြုပြင်နိုင်သလဲ

thread lift နည်းဟာ Polydioxanone (or PDO) ဖြင့်ပြုလုပ်ထားတဲ့ တွယ်အပ်လေးများကို မျက်နှာအရေပြားအောက် သို့ ကြွက်သားတွေကြား ထည့်ခြင်းဖြစ်တယ်။ ခွဲစိတ်စရာမလိုဘဲ ဘယ်လိုထည့်သလဲလို့ တွေးနေတယ်မဟုတ်လား၊ အရေပြားအထူးကုတွေလုပ်နိုင်ပါတယ်။ အလွန်သေးငယ်သောအပ်ကလေးတွေသုံးကာ ထိုအပ်ကလေးတွေက ပင့်တင်ဖို့လိုအပ်နေတဲ့ အရေပြားထဲကို လိုအပ်တဲ့တွယ်အပ်လေးတွေကို ထည့်ပေးပါတယ်။

အရေပြားထဲရောက်သွားတဲ့ တွယ်အပ်လေးတွေဟာ တွဲကျနေတဲ့အရေပြားတွေကို ထောက်ပံ့ပင့်တင်ကာ အရေပြားတင်းရင်းလှပစေပါတော့တယ်။ ထိုနည်းဟာ သင့်အသားအရေအတွက်ကောင်းမွန်တဲ့ collagen, elastine နဲ့ Hyaluronic Acid တို့ကိုလည်းထွက်လာစေပါတယ်။

ကောင်းကျိုးများ

အမာရွတ်မကျန်ပါဘူး – ဒါဟာ ထို thread lift နည်းရဲ့အကြီးဆုံးကောင်းကျိုးပါ။ မခွဲစိတ်ရတာကြောင့် အမာရွတ်၊ အရာများမကျန်ခဲ့ပါဘူး။

ပြန်ကောင်းရန်အချိန်နည်းနည်းပဲလိုပါတယ် – ဆေးခန်းမှာ နေစရာမလိုပါဘူး။ ကုသမှုပြီးတာနဲ့ နေ့စဉ်လှုပ်၇ှားမှုတွေကို ပုံမှန်အတိုင်းပြန်လုပ်နိုင်ပါတယ်။

အချိန်သက်သာတယ် – ပျမ်းမျှ ၁ နာရီလောက်ပဲကြာပါတယ်။ နောက်ထပ်အကြိမ်တွေ ထပ်လုပ်စရာလည်းမလိုပါဘူး။

အာနိသင်ရှိတယ် – တစ်ကြိမ်ကုသပြီးတာနဲ့ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ထိ တင်းရင်းလှပနေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနည်းတယ် – ရက်ပေါင်း ၁၈၀ – ၂၄၀ လောက်မှာအရည်ပျော်သွားနိုင်တဲ့ တွယ်အပ်တွေသုံးတာကြောင့် တွယ်အပ်တွေကို ဖယ်ပစ်ဖို့ ဆေးခန်းကိုပြန်လာစရာမလိုပါဘူး။ ကုသပြီးတာနဲ့ ပွန်းရာ၊ ရှရာ၊ အနည်းငယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပေမယ့် အချိန်တိုအတွင်းပျောက်သွားပါတယ်။

ကုသမှုမခံယူမီဆရာဝန်နဲ့ သေချာနားလည်အောင် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.northwoodclinic.co.uk/treatment/thread-lifts-non-surgical-face-lifts/
http://www.costhetics.com.au/plastic-surgery/thread-lift/
http://www.cosmeticdermamedicine.gr/en/thread-lift/

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement