backup og meta

မီလတ်စ်မာ ကို ကုသနိုင်တဲ့ နည်းလမ်းများ

မီလတ်စ်မာ ကို ကုသနိုင်တဲ့ နည်းလမ်းများ

Melasma ဆိုတာ အမျိုးသမီးအများစု ခံစားရလေ့ရှိတဲ့ အခြေအနေတခု ဖြစ်ပြီး ကိုယ်ဝန်ဆောင်နေစဉ်နဲ့ မီးဖွားပြီးကာလတွေမှာ အထူးသဖြင့် ခံစားရလေ့ရှိပါတယ်။ ဒီတော့ Melasma ဖြစ်ပွားမှုကို ဘယ်လိုလျှော့ချမလဲ၊ဖြစ်လာရင်ရော ဘယ်လိုကုသမလဲ။ ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်လိုက်ရအောင်။

၁။ Tri-luma ကို အသုံးပြုခြင်း

ဒီကုသမှုနည်းလမ်းဟာ melasma အတွက် အကောင်းဆုံးသော ကုသမှုပုံစံဖြစ်တယ်လို့ လက်ခံထားခဲ့ကြတာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။Tri-luma ဆိုတာဟာ အဓိကပါဝင်ပစ္စည်းသုံးမျိုးပါဝင်တဲ့ အသားအရေထိန်းသိမ်းရေး လိမ်းဆေးတမျိုး ဖြစ်ပါတယ်။

· အသားအရေကို ဖြူလာစေတဲ့ Hydroquinone ။

· အရေပြားအသစ် ပြန်လည်ဖြစ်ပေါ်မှုကို လျင်မြန်စေတဲ့ Retinoid ။

· ရောင်ရမ်းခြင်းတွေကို လျှော့ချပေးတဲ့ ကော်တီကိုစတီးရွိက် စတာတွေ ပါဝင်ပါတယ်။

အဓိကအချက်ကတော့ melanin ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်မှာ အရေးကြီးအခန်းကဏ္ဍကနေပါဝင်တဲ့ tyrosinase အင်ဇိုင်းမ်ကို hydroquinone က တားဆီးပိတ်ဆို့ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

နယူးယော့ခ်မှာရှိတဲ့ St. Luke’s-Roosevelt ကပြုလုပ်တဲ့ သုတေသနအရ melasma ဖြစ်နေတဲ့ လူနာတွေရဲ့ ၇၀ရာခိုင်နှုန်းဟာ Triluma ကို နှစ်လလောက် သုံးစွဲလိုက်တာနဲ့ အရေပြားအခြေအနေဟာ ၇၅ ရာခိုင်နှုန်းလောက်အထိ တိုးတက်ကောင်းမွန်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကုသမှုရဲ့ မကောင်းတဲ့အချက်က ဆေးသုံးစွဲမှုရပ်လိုက်တဲ့အခါ အမည်းကွက်တွေပြန်လည်ဖြစ်ပေါ်လာနိုင်တာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် နဂိုအသားအရောင်ညိုမည်းတဲ့လူနာတွေမှာ hydroquinone ကို ကာလကြာရှည်သုံးစွဲမယ်ဆိုရင် အသားပိုမည်းလာခြင်း ဒါမှမဟုတ် တသက်လုံးညိုမည်းသွားခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် Triluma ကို နှစ်လကနေ လေးလလောက်အထိပဲသောက်ဖို့ အရေပြားဆရာဝန်တွေက ညွှန်ကြားလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကာလပြီးတဲ့အခါ ဆရာဝန်ဆေးစာမလိုဘဲ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးတွေကို နောက်ထပ်လအနည်းငယ်ကြာအောင် ဆက်လက်သုံးစွဲနိုင်ပါတယ်။

၂။Kojic အက်ဆစ်

melasma ကို ကုသပေးနိုင်တဲ့ အစွမ်းထက်ဆေးအများစုမှာ kojic အက်ဆစ်ပါဝင်လေ့ရှိပြီး tyrosinase အင်ဇိုင်းမ်ကို တားဆီးခြင်းအားဖြင့် အသားအရောင်ကို မူလအတိုင်း ပြန်ဖြစ်စေပါတယ်။ ဆေးကို တနေ့နှစ်ကြိမ်နှုန်းနဲ့ နှစ်လကနေ သုံးလအထိ သုံးစွဲသင့်ပါတယ်။ အကောင်းဆုံးသော အာနိသင်ရလာဒ်ကို ရရှိစေဖို့အတွက် အခြားသော အသားဖြူစေတဲ့ဓါတ်ပစ္စည်းတွေ ပါဝင်တဲ့ ဆေးတွေကို ရွေးချယ်အသုံးပြုပါ (ဥပမာ arbutin ဒါမှမဟုတ် ဗီတာမင် စီ)။

၃။ လေဆာဖြင့် ကုသခြင်း။

အကောင်းဆုံး၊စိတ်အချရဆုံးနဲ့ အာနိသင်အရှိဆုံးကုသမှုနည်းလမ်းကတော့ လေဆာအပျော့စားကို အသုံးပြုပြီး ကုသခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၄ကြိမ်ကနေ ၈ကြိမ်လောက်အထိ ကုသပြီးမှသာ သိသာထင်ရှားတဲ့ ရလာဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လေဆာနဲ့ကုသမှုရဲ့ အာနိသင်ကို ပိုမိုထက်မြက်စေဖို့အတွက် အခြားသော ကုသမှုပုံစံတွေနဲ့ ပေါင်းစပ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ အရေပြားကို တိုက်စားပစ်တဲ့နည်းလမ်း ဒါမှမဟုတ် hydroquinone ကဲ့သို့သော လိမ်းဆေးတွေကို လေဆာကုသမှုနဲ့ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ လေဆာဟာ အရေပြားပေါ်မှာ အလွန်သေးငယ်တဲ့ အပေါက်လေးတွေကို ဖြစ်ပေါ်စေတဲ့အတွက် အဆိုပါအပေါက်လေးတွေကနေ အရေပြားထဲကို ဆေးစိမ့်ဝင်မှု ပိုမိုလွယ်ကူလျင်မြန်စေမှာ ဖြစ်ပါတယ်။

၄။ မျက်နှာဖုံးစွပ်ပါ။

အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတာတောင် မသက်သာသေးဖူးဆိုရင် chemical mask လို့ခေါ်တဲ့ အသားအရေ ထိန်းသိမ်းပေးနိုင်တဲ့ မျက်နှာဖုံးလေးတွေကို တလကနေ နှစ်လအထိ သုံးစွဲနိုင်ပါတယ်။ ဒီမျက်နှာဖုံးတွေမှာ ပါဝင်တဲ့ salicylic အက်ဆစ်ဟာ သင့်အရေပြားကို အကောင်းဆုံးအနေအထား ဖြစ်လာစေမှာပါ။ ဒါ့အပြင် မျက်နှာဖုံးတွေဟာ ဘေးထွက်ဆိုးကျိုးလည်း အနည်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ သင့်မျက်နှာအသားအရေနဲ့ ကိုက်ညီမှုရှိမရှိ သိရှိနိုင်ဖို့အတွက် အသုံးမပြုခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။

၅။ အပြင်ထွက်ထွက် မထွက်ထွက် နေလောင်ခံခရင်မ်လိမ်းပါ။

ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကို လောင်ကျွမ်းထိခိုက်စေနိုင်တဲ့အတွက် သင့်အနေနဲ့ အပြင်ထွက်ထွက် မထွက်ထွက် နေလောင်ခံခရင်မ်ကို ပုံမှန်လိမ်းပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခရမ်းလွန်ရောင်ခြည်တွေဟာ ပြတင်းတံခါးကတဆင့် ဝင်လာနိုင်ပြီး သင့်အသားအရေကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီ အမျိုးအစားနှစ်မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေလောင်ခံခရင်မ်တွေကို ဦးစားပေး ရွေးချယ်ရပါမယ်။zinc oxide ဒါမှမဟုတ် titanium dioxide ပါဝင်တဲ့ နေလောင်ခံခရင်မ်တွေဟာ အကောင်းဆုံးဖြစ်တာကြောင့် အဆိုပါ ပစ္စည်းနှစ်မျိုးပါဝင်တဲ့ ခရင်မ်ကို ရအောင်ရှာဖွေသုံးစွဲရပါမယ်။ နေလောင်ခံခရင်မ်ကို သုံးလေးနာရီခြားတခါလိမ်းဖို့ (အထူးသဖြင့် အပြင်ထွက်တဲ့အခါ) မမေ့ပါနဲ့။

Melasma can be cured if you are patient and seriously follow the treatment. However, you can prevent melasma by using sunscreen every day.သင့်အနေနဲ့ စိတ်ရှည်ရှည်ထားပြီး ဂရုတစိုက်ကုသမယ်ဆိုရင် Melasma ဟာ လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမယ့် နေလောင်ခံခရင်မ်ကို နေ့စဉ်လိမ်းပေးခြင်းအားဖြင့် Melasma ကို ကာကွယ်ပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Melasma http://www.dermnetnz.org/topics/melasma/ Accessed on April 14, 2017

Treat melasma http://www.wikihow.com/Treat-Melasma Accessed on April 14, 2017

Melasma http://www.medicinenet.com/melasma/page4.htm Accessed on April 14, 2017

ယခုပုံစံ

23/03/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement