ကလေးထိန်းရတဲ့အခါ ကိုယ်လက်လှုပ်ရှားရတယ်။ တမင်မဟုတ်ပေမယ့်လည်း အသက်ကို ပုံမှန်ပြည့်ပြည့်ဝဝ ရှူဖြစ်တယ်။ ဒီအမူအကျင့်တွေဟာ အသက်ရှည်ကျန်းမာစေမယ့် အမူအကျင့်မျိုးတွေဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ယောဂ လေ့ကျင့်နေသလိုမျိုးပါပဲ။ ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အဆုပ်ရဲ့ အလုပ်လုပ်ရမှုတွေကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုနည်းပါးမှုဟာ အသက်ရှည်ရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။
ချစ်စဖွယ် တီတီတာတာ မြေးမြစ်တွေကို ထိန်းသိမ်းပြုစုတာဟာ ဘိုးဘိုးဘွားဘွားတွေအတွက် ကျန်းမာရေးဆိုင်ရာ၊ ဘဝနေထိုင်မှုဆိုင်ရာ အကျိုးကျေးဇူးတွေ အမြောက်အများရစေရုံတင်မဟုတ်ပါဘူး။ အဖော်မဲ့မှုနဲ့ အထီးကျန်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအတွက်လည်း ဘိုးဘိုးဘွားဘွားတွေရဲ့ ချစ်ခြင်းမေတ္တာကြောင့် လှပတဲ့အနာဂတ်ဘဝတွေကို ပိုင်ဆိုင်နိုင်မယ့် အကျိုးထူးရရှိမှာဖြစ်ပါတယ်။ ကဲ …. မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အသက်ပိုရှည်တယ်တဲ့ နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။