backup og meta

သွေးအမျိုးအစားမတူသော်လည်း ကျောက်ကပ်အစားထိုးလို့ရပါပြီ

သွေးအမျိုးအစားမတူသော်လည်း ကျောက်ကပ်အစားထိုးလို့ရပါပြီ

သိပ်မကြာခင်က စမ်းသပ်အောင်မြင်မှုတွေအရ လူနာရဲ့သွေးအမျိုးအစားနဲ့မတူညီသော်လည်း ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

လူနာနဲ့သွေးအမျိုးအစားမတူဘဲ ပထမဆုံးကျောက်ကပ်အစားထိုးကုသမှုကို စင်ကာပူမှာ လုပ်ဆောင်နိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုမပြည့်သေးပါဘူး။ အဲဒီမတိုင်ခင်က အစားထိုးကုသမှုတိုင်းအတွက် ပေးလှူသူနဲ့ လက်ခံသူသွေးအမျိုးအစားကိုက်ညီဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ပေးလှူထားတဲ့ကိုယ်တွင်းအင်္ဂါတွေရှားပါးလာမှုနဲ့ရင်ဆိုင်လာရတဲ့အခါ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုကို အဖြေထုတ်ဖို့ သုတေသီတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ် အစပိုင်းလောက်မှာတော့ ဂျပန်နိုင်ငံမှအဖွဲ့တွေ ဦးဆောင်တဲ့ABO-incompatible kidney transplants လို့ခေါ်တဲ့ သွေးအမျိုးအစားမတူညီဘဲ ကျောက်ကပ်အစားထိုးကုသတဲ့ စမ်းသပ်ကုထုံးက အံ့သြလောက်စရာ အောင်မြင်မှုနှုန်းနဲ့စတင်ပေါ်ထွက်လာခဲ့ပါတယ်။“ABO” ဆိုတာက မတူညီတဲ့သွေးအမျိုးအစား -Aသွေး၊ B သွေး၊ AB သွေးနဲ့ Oသွေးကို ရည်ညွှန်းတာဖြစ်ပါတယ်။

“အစားထိုးကုသတယ်ဆိုတာက တခြားသူတစ်ယောက်ရဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုခုကို လူနာထဲ ထည့်တာဖြစ်တဲ့အတွက်ကြောင့် သွေးအုပ်စုတူညီမှုက အမြဲတမ်းအရေးကြီးပါတယ်” ဟု စင်ကာပူနိုင်ငံ Gleneagles ဆေးရုံမှ ကျောက်ကပ်အထူးကုဆရာဝန်နှင့် အန္တရာယ်ကြီးမားသည့် ကျောက်ကပ်အစားထိုးကုသမှုကို စင်ကာပူနိုင်ငံတွင် အောင်မြင်အောင်ပြုလုပ်နိုင်တဲ့ ဆရာဝန်အနည်းငယ်ထဲမှာပါဝင်တဲ့ ဒေါက်တာရော်ဂျာတန် (Dr.Roger Tan) ကပြောပါတယ်။

“သွေးအုပ်စုမတူဘူးဆိုရင် ခန္ဓါကိုယ်က လက်မခံတဲ့နှုန်းထားက အရမ်းမြင့်ပါတယ်။ ဒီအတွက်ပဲ သွေးအုပ်စုမတူတဲ့သူတွေမှာ ကျောက်ကပ်အစားထိုးမှုလုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကစပြီး ဒီလိုရှုပ်ထွေးခက်ခဲတဲ့ ကုသမှုတွေကို ပြုလုပ်ဖို့အတွက် စင်ကာပူနိုင်ငံမှာ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေရှိနေပြီဖြစ်ပြီး ရလဒ်တွေကလည်းအရမ်းကိုကောင်းမွန်ပါတယ်” လို့ ဒေါက်တာတန်က ဆက်ပြောပါတယ်။

ခန္ဓါကိုယ်ကလက်မခံတဲ့rejectionဖြစ်နိုင်ခြေနည်းပါး

ဒီကုထုံးမှာဆိုရင်သွေးအမျိုးအစား ကိုက်ညီမှုရှိရှိ မရှိရှိ ခွဲစိတ်ကုသမှုက အတူတူပါပဲ။ ကွာခြားချက်ကတော့ အစားထိုးမကုသခင်နဲ့ ကုသပြီး ရက်ပိုင်းအတွင်းမှာလုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ကုသမှုခံယူသူအနေနဲ့ အစားထိုးအင်္ဂါအစိတ်အပိုင်းကို ခန္ဓါကိုယ်က လက်မခံတဲ့ rejectionဖြစ်မလာစေဖို့ ပဋိပစ္စည်းတွေကို ရှင်းလင်းပေးမယ့်သွေးရည်ကြည်လဲလှယ်ခြင်းကို ခံယူရပါတယ်။ သွေးအမျိုးအစားမတူညီတဲ့အကြောင့် ကျောက်ကပ်ကို ခန္ဓါကိုယ်က လက်မခံနိုင်တဲ့ဖြစ်နိုင်ချေက အရင်က တအားမြင့်တက်နေပေမယ့် သွေးရည်ကြည်လဲလှယ်မှုကိုခံယူပြီးရင်တော့ အဲဒီနှုန်းထားက ၈ရာခိုင်နှုန်းကနေ ၁၂ရာခိုင်နှုန်းလောက်ထိပဲရှိပါတော့တယ်။

“ကျွန်တော်တို့ ကံကောင်းတာက လောလောဆယ်ထိ ခန္ဓါကိုယ်က လက်မခံတဲ့အဖြစ်အပျက်က တစ်ခုပဲဖြစ်ခဲ့ပြီး အဲဒီမှာလည်း အလွယ်တကူ ဆေးဝါးတွေနဲ့ ထိန်းချုပ်ကုသလို့ရခဲ့ပါတယ်”လို့ ဒေါက်တာတန်က ရှင်းပြပါတယ်။

သွေးရည်ကြည်လဲလှယ်မှုကြောင့် ဆရာဝန်တွေက လူနာရဲ့ကိုယ်ခံအားကို အားနည်းစေနိုင်တဲ့ဆေးပြင်းတွေသုံးရတဲ့အတွက် အချိန်အခိုက်အတန့်အတွင်းမှာတော့ တခြားရောဂါဝင်နိုင်ခြေပိုများသွားစေပါတယ်။

ကုထုံးအတွက်ကတော့ ရှုပ်ထွေးတဲ့ရက်ရှည်ကုသစောင့်ရှောက်မှုနဲ့ အစားထိုးကုသမှုကြားမှာ ကွာခြားချက်နည်းပါတယ်။ နည်းလမ်းနှစ်ခုစလုံးက ကိုယ်ခံအားကိုနှိမ့်ထားရတဲ့ immunosuppressantsတွေသုံးတာဖြစ်ပြီး ခန္ဓါကိုယ်က တစ်နှစ်အတွင်းမှာ အစားထိုးအင်္ဂါအစိတ်အပိုင်းကို လက်ခံပါလိမ့်မယ်။

ကွာခြားတာကသောက်သုံးရတဲ့ဆေးဝါးပမာဏဖြစ်ပါတယ်။ABO-incompatible kidney transplant ကုထုံးခံယူပြီးနောက်ပိုင်းသောက်ရတဲ့ဆေးက ပုံမှန်ကုထုံးထက် ပိုများပါတယ်။

“အစားထိုးကုသမှုတွေရဲ့ ထုံးစံအတိုင်း လူနာက ကိုယ်ခံအားနှိမ့်တဲ့ဆေးတွေ တစ်သက်လုံး သောက်သုံးရပါတယ်။ အဓိကကျတာက ဆေးသောက်ရတဲ့နှုန်းထားတွေက အချိန်နဲ့အမျှ လျော့ကျသွားပါတယ်။ တချို့လူတွေမှာ သုံးမျိုးသောက်နေတာကနေ နှစ်မျိုးကိုလျော့ကျသွားနိုင်ပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုက တစ်သက်လုံးတော့ ဆေးသောက်သွားရပါလိမ့်မယ်” လို့ ဒေါက်တာတန်က ပြောပါတယ်။

ကုထုံးခံယူဖို့ မသင့်တော်သူများ

ABO-incompatible kidney transplant ကုထုံးကိုခံယူဖို့က လူတိုင်းနဲ့တော့ မသင့်တော်ပါဘူး။နှလုံးရောဂါရှိသူတွေအပါအဝင် နဂိုရောဂါအခံရှိသူတွေဆိုရင် ဒီလိုရှုပ်ထွေးတဲ့ခွဲစိတ်ကုသမှုကနေနောက်ဆက်တွဲပြဿနာတွေထပ်ခံစားရနိုင်ပါတယ်။

ဒီလိုနောက်ဆက်တွဲပြဿနာတွေက သက်ကြီးရွယ်အိုလူနာတွေမှာ အစားထိုးကုသနိုင်ဖို့အတွက် စဉ်းစားစရာတွေဖြစ်ပါတယ်။

“သက်ကြီးလူနာတွေအတွက် အစားထိုးမှုက မသင့်တော်လောက်ဘူး။ တကယ်လို့ ကျောက်ကပ်လှူတဲ့လူက ကျန်းမာသန်စွမ်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုရင် လှူဒါန်းထားတဲ့ကျောက်ကပ်ကို အသက်ရှည်ရှည်နေနိုင်ဦးမယ့် သူအတွက်ပဲ ထားချင်ပါတယ်။ အိပ်ရာထဲမှာလဲနေတဲ့လူနာတစ်ယောက်အတွက် ကျန်းမာသန်စွမ်းတဲ့ကျောက်ကပ်တစ်ခုကို ပေးရတာ သင့်တော်တယ်လို့ ကျွန်တော်မထင်ဘူး” လို့ ဒေါက်တာတန်က ပြောပါတယ်။

ကုထုံးရဲ့ကုန်ကျစရိတ်က အတော်လေးများနေဆဲဖြစ်တဲ့အတွက် လူနာတွေအနေနဲ့ စရိတ်တတ်နိုင်ဖို့လည်းလိုအပ်ပြီးနောက်ပိုင်းမှာanti-rejectionဆေးဝါးတွေသုံးစွဲဖို့လည်း တတ်နိုင်ရပါမယ်။

ကမ္ဘာအနှံ့မှာကျောက်ကပ်အစားထိုးကုသသူအရေအတွက်က ပိုတိုးလာနေတယ်လို့ တချို့ကဖော်ပြနေကြချိန်မှာ အစိုးရနဲ့အဖွဲ့အစည်းတွေကကျောက်ကပ်ဆေးမယ့်အစား အစားထိုးကုသဖို့တိုက်တွန်းနေကြပေမယ့် စင်ကာပူမှာတော့ ဒီအရေအတွက်က များမလာသေးပါဘူး။

ခုချိန်ထိတော့ ကိုယ်တွင်းအင်္ဂါပေးလှူမှုတွေနည်းပါးနေပေမယ့်ABO-incompatible transplants ကုထုံးကြောင့် ကျောက်ကပ်ပျက်စီးမှုကြောင့်သေဆုံးရတဲ့အရေအတွက်ကိုလျော့နည်းစေလျက်ရှိပါတယ်။

ကျောက်ကပ်ဆေးတာထက် ပိုကောင်းတဲ့နည်းလမ်း

ကျောက်ကပ်ပျက်စီးတဲ့လူနာတွေဟာ တစ်နေ့ကိုလေးနာရီ၊ တစ်ပတ်ကို သုံးကြိမ်သွေးသန့်စင်ပေးနေရပေမယ့် သူတို့ထဲက ထက်ဝက်လောက်က ၅ နှစ်အတွင်းသေဆုံးကြပါတယ်။ ဒီကုသမှုက အစပိုင်းမှာ လူနာအနေနဲ့ လက်ခံနိုင်လောက်တဲ့အထိ အဆိပ်အတောက်ဓါတ်တွေကိုလျှော့ချပေးတာဖြစ်ပေမယ့် အဲဒီအဆိပ်တွေက ခန္ဓါကိုယ်ထဲမှာစုပုံလာမှာဖြစ်ပြီး သူတို့ရဲ့အကြွင်းအကျန်တွေကရေရှည်မှာ ဒုက္ခပေးနိုင်ပါတယ်။ အဲဒီကာလအတွင်းမှာ လူနာအတော်များများက နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်လာကြပါတယ်။

“နှိုင်းယှဉ်ရမယ်ဆိုရင် အစားထိုးကုသမှုနောက်ဆက်တွဲပြဿနာတွေ၊ အဆင်မပြေတာတွေ၊ကျောက်ကပ်ဆေးရတဲ့ဒုက္ခတွေမရှိတော့ဘဲ အသက်ရှင်ဖို့ ၈၀-၉၀ ရာခိုင်နှုန်းရှိတယ်။ ဒီလိုဆို အစားထိုးကုသက အရမ်းကိုကောင်းပါတယ်။ ဒါကကျောက်ကပ်အထူးကုဆရာဝန်တစ်ယောက်ရဲ့ရှုထောင့်ကပေါ့” လို့ စင်ကာပူနိုင်ငံGleneagles Hospital မှဒေါက်တာတန်ကပြောပါတယ်။

ဒေါက်တာတန်သည် စင်ကာပူနိုင်ငံ Gleneagles ဆေးရုံမှ ကျောက်ကပ်အထူးကုတစ်ယောက်ဖြစ်ပြီး ကျောက်ကပ်အစားထိုးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် သွေးတိုးရောဂါများအတွက် အထူးပြုကုသနေသူဖြစ်သည်။ ထို့အပြင် ဒေါက်တာတန်သည် Lups nephritis ကဲ့သို့ autoimmune ကျောက်ကပ်ပြဿနာများကိုလည်း ကုသမှုပြုခြင်းအတွက် စိတ်ဝင်တစားလေ့လာနေသူတစ်ဦးဖြစ်သည်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

12/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement