backup og meta

အပြင်ကနေ အိမ်ပြန်ရောက်တဲ့အခါ မျက်နှာကို အဆင့်(၅)ဆင့်နဲ့ သန့်စင်ကြမယ်

အပြင်ကနေ အိမ်ပြန်ရောက်တဲ့အခါ မျက်နှာကို အဆင့်(၅)ဆင့်နဲ့ သန့်စင်ကြမယ်

နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့သူတွေရဲ့မျက်နှာဟာ ပြင်ပမှာ ဖုန်မှုန့်တွေ၊ အမှုန်အမွှားတွေနဲ့ထိတွေ့လာရပြီး မျက်နှာအသားအရေမှာ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေဖြစ်လာတာ၊နေလောင်တာ၊အမာရွတ်တွေဖြစ်လာတာ၊အသားမည်းလာတာတွေဖြစ်လာတတ်ပါတယ်။ အသားအရေကို ထိန်းသိမ်းနိုင်ဖို့ မျက်နှာသန့်စင်ရေးကို ပုံမှန်လုပ်ပေးဖို့တော့လိုပါတယ်။ ငွေကုန် အချိန်ကုန်ခံပြီး အလှပြင်ဆိုင်မှာမျက်နှာသွားဆေးစရာမလိုဘဲ ကိုယ့်အိမ်မှာပဲ မျက်နှာသန့်စင်ရေး အဆင့်ဆင့်လုပ်ရင်လည်း ရလဒ်ကောင်းကိုခံစားရမှာပါ။ ဒီလိုမျက်နှာဆေးခြင်းကသွေးလည်ပတ်မှုကိုကောင်းစေပြီး မျက်နှာအသားအရေအတွင်းပိုင်းအထိ အညစ်အကြေးတွေဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ ညနေအလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ ခဏနားပြီးရင်ခြေလက်ဆေးအနားယူတတ်ကြပါတယ်။ တကယ်တော့ ညအိပ်ရာဝင်ခါနီးအချိန်မဟုတ်လည်း အိမ်ပြန်ရောက်ချိန်တည်းက မျက်နှာကိုဆေးကြောသန့်စင်လိုက်ရင်ပေါ့ပါးမှုကိုခံစားရပြီး လန်းဆန်းနေမယ့်အပြင် မျက်နှာအသားအရေလည်း သန့်ရှင်းကြည်လင်စေပါတယ်။

ဆဲလ်သေတွေကိုဖယ်ရှားပြီး ပြစ်မျိုးမှဲ့မထင် ကြည်လင်လှပတဲ့ မျက်နှာအသားအရေကိုရရှိနိုင်အောင်လို့ အောက်ပါအဆင့်( ၅ )ဆင့်နဲ့ အိမ်မှာပဲ မျက်နှာဆေးနိုင်ပါတယ်။

(၁) မိတ်ကပ်ဖျက်ပါ။

ပထမဆုံးလုပ်ရမှာက မျက်နှာမှာရှိတဲ့ မိတ်ကပ်တွေကို cleansing milk လို မိတ်ကပ်ဖျက်တဲ့ နို့ရည်သုံးပြီး မျက်နှာအနှံ့ကို သန့်စင်ပါ။

Eyes နဲ့ Lips မှာရှိတဲ့ မိတ်ကပ်များကိုတော့ Waterproof မိတ်ကပ်များကိုပါ ဖျက်နိုင်တဲ့ Lips & Eyes Makeup Remover သုံးပြီး သီးသန့် ထပ်ဖျက်ပါ။

(၂) မျက်နှာသစ်ပါ။

ပြီးရင်တော့ မျက်နှာသစ်ဆေး facial cleanser နဲ့ မျက်နှာသစ်ပြီး တဘက်နုနုလေးနဲ့ ခပ်ဖွဖွတို့သုတ်ပါ။ အသားခြောက်စေနိုင်လို့ရေနွေးနဲ့မသစ်ပါနဲ့။ ချွေးပေါက်တွေပွင့်ပြီး အညစ်အကြေး အကြွင်းအကျန်တွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

(၃)Scrub(သို့) မျက်နှာ ပေါင်းတင်ဆေး

အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေကိုလင်းလက်စေနိုင်လို့face scrub ကို မိနစ်အနည်းငယ်ကြာအောင်လုပ်ပေးပါ။ ၅ မိနစ်လောက်scrub ပွတ်ပေးပြီး ၃ မိနစ်လောက်ထပ်ထားပြီးမှ ရေနဲ့မျက်နှာသစ်ပါ။

ကိုယ့်အသားအရေက ဘယ်အမျိုးအစားပဲဖြစ်ဖြစ် အစိုဓါတ်ပေးတဲ့moisturising face pack တစ်မျိုးကိုသုံးပေးရင် အသားအရေနူးညံ့စေပြီး အသားကိုဖြူဝင်းလာစေနိုင်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေရှိတယ်ဆိုရင် ဝက်ခြံကင်းစေပြီးခြောက်သွေ့တဲ့အသားအရေဆိုရင် အစိုဓါတ်ထိန်းညှိနိုင်စေမှာပါ။

(၄) Toner

scrub ဒါမှမဟုတ်ပေါင်းတင်ပြီးတဲ့အခါချွေးပေါက်တွေပွင့်စေတာကြောင့် အသားနီမြန်းတာ၊ဝက်ခြံထွက်တာတွေဖြစ်လွယ်တာမို့ toner သုံးပေးဖို့လိုပါတယ်။toner ကချွေးပေါက်ကိုကျဉ်းစေပြီး PH level ကိုထိန်းညှိပေးလို့ အစိုဓါတ်ကိုလည်းထိန်းပေးပါတယ်။

(၅)Moisturizer

နောက်ဆုံးကျမှ မျက်နှာနဲ့လည်ပင်းကို moisturizer သုံးပေးပါ။ အိပ်ရာမဝင်ခင်moisturizer သုံးပေးဖို့မမေ့ပါနဲ့။moisturizer သုံးခြင်းက အသားအရေကိုရေဓါတ်ဖြည့်ပေးပြီး အသားခြောက်သွေ့ခြင်း၊အရေခွံကွာခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပြီး အစိုဓါတ်ပြည့်တဲ့ အရေပြားအပေါ်ယံလွှာကိုဖြစ်ပေါ်စေပါတယ်။

ကိုယ့်ရဲ့တန်ဖိုးရှိတဲ့မျက်နှာလေးကို ထိခိုက်မှုတွေကင်းဝေးပြီး လှပချောမွေ့နေဖို့ဆို အခုလိုအချိန်ပေး ထိန်းသိမ်းပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမယ့် ဒီလိုအဆင့်ဆင့်လုပ်ရတာမျိုးက အချိန်ပေးရတာဖြစ်လို့ အပြင်ကဖြစ်ဖြစ် အလုပ်ကနေဖြစ်ဖြစ် အိမ်ပြန်ရောက်လာချိန် မိသားစုကိစ္စ၊ ချက်ရပြုတ်ရ လုပ်စရာတွေများတဲ့ အမျိုးသမီးတွေ၊ စာလေ့လာရတဲ့ကျောင်းသူတွေက ပင်ပန်းနွမ်းနယ်ပြီး အချိန်မပေးနိုင်တာတွေရှိနိုင်ပါတယ်။ ဘယ်လောက်အလုပ်များများ ညအိပ်ရာဝင်တိုင်း မိတ်ကပ်ဖျက်ပေးဖို့ မမေ့ပါနဲ့။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Do a Face Clean Up at Home: 6 Steps You Need to Follow

http://food.ndtv.com/beauty/how-to-do-a-face-clean-up-at-home-6-steps-you-need-to-follow-1292115

5 Simple Ways To Get A Salon-Like Clean Up At Home

https://www.indiatimes.com/health/healthyliving/5-simple-ways-to-get-a-salon-like-clean-up-at-home-248020.html

https://www.lorealparisusa.com/beauty-magazine/skin-care/skin-care-concerns/what-is-micellar-water-a-step-by-step-guide-for-using-this-french-favorite-cleanser.aspx

ယခုပုံစံ

12/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ရဲ့ မိတ်ကပ်brushတွေကို ဘယ်လိုသန့်စင်မလဲ

မျက်နှာသစ်တာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အမှားကြီး ၁၀ချက်



Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement