backup og meta

ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလို့ စိတ်ညစ်နေပြီလား။

ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလို့ စိတ်ညစ်နေပြီလား။

ဆေးလိပ် သောက်ခြင်းဟာ ကျန်းမာရေးကို လုံးဝ အကျိုးမပြုဘူးဆိုတာ အားလုံးသိကြမှာပါ။ အဆုတ်ကိုထိခိုက်မယ်၊ နှလုံးသွေးကြောကိုထိခိုက်မယ် ။ စတဲ့ ကြီးကြီးမားမားတွေ အပြင် ကိုယ်ကနေ ဆေးလိပ်နံ့ထွက်တာ၊ ဆေးလိပ်ကြောင့်ခံတွင်းနံတာတွေ ပါဖြစ်စေတတ်ပါသေးတယ်။ အဲဒီ အထဲမှာ အထင်ရှားဆုံးနဲ့ ရုပ်အဆိုးကတော့ ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလို့ စိတ်ညစ်ရတာပဲ ဖြစ်ပါတယ်။

ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလို့ စိတ်ညစ်နေပြီလား။

ဆေးလိပ်ကြောင့် မည်းနေတဲ့ နှုတ်ခမ်းကို သဘာဝအတိုင်း ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။

ပျားရည် နှင့် သံပရာသီး ။

ပျားရည်ရဲ့ အစိုဓာတ်ထိန်း အာနိသင်ကြောင့် ခြောက်နေတဲ့ သင့် နှုတ်ခမ်းသားလေးတွေ စိုပြေနူးညံ့လာမှာပါ။ သံပရာသီးရဲ့ အရောင်ချွတ်အာနိသင်ကြောင့် ဆဲလ်သေတွေစုပြီး မည်းနေတဲ့ သင့်နှုတ်ခမ်းသား ပန်းသွေးရောင်သန်းလာမှာ အသေအချာပါ။ သံပရာသီးနဲ့ ပျားရည်ကို ဆတူရောပြီး နှုတ်ခမ်းပေါ် သုတ်လိမ်းကာ မိနစ် ၂၀ မှ ၃၀ လောက်ထားပြီး ရေပြန်ဆေးချပါ။ ပြီးရင် နှုတ်ခမ်းအဆီ တစ်ခုခု လိမ်းပေးပါ။

သံပရာသီးနှင့် အလှဆီ ။ ။

သံပရာသီးရော အလှဆီရော နှစ်ခုလုံးက အရောင်ချွတ်ပေးပြီး အစိုဓာတ်ထိန်းပေးတဲ့ အာနိသင်ရှိတဲ့အတွက် ဆေးလိပ် ကြောင့် မည်းနေတဲ့ သင့်နှုတ်ခမ်းအတွက် အဆင်အပြေဆုံး အရာတွေပါ။

နှစ်ခုလုံးကို ဆတူရော၊ နှုတ်ခမ်းပေါ်မှာ တစ်ညလုံးလိမ်းထားပြီး မနက် မျက်နှာသစ်တော့မှ တစ်ခါတည်းဆေးချပါ။ နီရဲပြီး ပန်းရောင်သန်း နေတဲ့ နှုတ်ခမ်းတစ်စုံ ရဖို့အတွက် ၂လ ၃ လလောက်တော့ အချိန်ပေးရပါလိမ့်မယ်။

ပျားရည်နှင့် ဗန်ဒါဆီ ။ ။

နှစ်ခုလုံးက အစိုဓာတ်ထိန်းပေးပြီး ဗန်ဒါဆီရဲ့ အရောင်ဖျော့စေတဲ့ အစွမ်းအာနိသင်ကြောင့် ဆေးလိပ်သောက်တာကြောင့် ဖြစ်ရတဲ့ မည်းနေတဲ့ သင့်နှုတ်ခမ်းလေး ရွှန်းစိုတောက်ပ လာမှာ အသေအချာပါ။

ဆတူရောပြီး နှုတ်ခမ်းပေါ် မိနစ် ၃၀ လောက်သုတ်လိမ်းထားကာ ရေပြန်ဆေးချပါ။ နီရဲပြီး ပန်းသွေးရောင်ခြယ်တဲ့ နှုတ်ခမ်းတစ်စုံရဖို့ တစ်ပတ်ကို ၃ ကြိမ် ၄ ကြိမ်လောက် လုပ်ပေးလို့ရပါတယ်။

နို့နှင့် နှင်းဆီ ပွင့်ဖတ်များ ။ ။

ဆေးလိပ်ကြောင့် မည်းနေတဲ့ နှုတ်ခမ်းကို ပြန်လည် ပြုပြင်ဖို့ နွားနို့နဲ့ နှင်းဆီ ပွင့်ဖတ်တွေလောက် ကောင်းတဲ့ အရာမရှိတော့ပါဘူး။ နွားနို့ရဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နူးညံ့စေတဲ့ အစွမ်းနဲ့ နှင်းဆီ ပွင့်ဖတ်လေးတွေရဲ့ အာဟာရဖြည့်တင်းမှုနဲ့ အနီရောင်ခြယ် ပစ္စည်းတွေကြောင့် မည်းနေတဲ့ သင့်နှုတ်ခမ်းလေး တစ်ဖန်ပြန်လည် ပန်းသွေးရောင် သန်းလာတော့မှာပါ။

နွားနို့ထဲကို နှင်းဆီပွင့်ဖတ်တွေ ကျိတ်ချေထည့်ပြီး ရလာတဲ့ အရောအရည်လေးကို နှုတ်ခမ်းပေါ် ၁၅ မိနစ်လောက်လိမ်းထားပြီး ရေပြန်ဆေးချပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ဒီလိုလေး လုပ်ပေးလို့ကတော့ ၃ လအတွင်း ပန်းသွေးရောင် နှုတ်ခမ်းတစ်စုံ သင်ပိုင်ဆိုင်ရမှာပါ။

အုန်းဆီ

ခေါင်းအစ ခြေအဆုံး အလှအပ အတွက် အုန်းဆီလောက် ကောင်းတဲ့ သဘာဝ ပစ္စည်းမရှိပါဘူး။ အစိုဓာတ်ကိုထိန်ပေးပြီး အသားအရေကို နူးညံ့စေတဲ့ အုန်းဆီကို နှုတ်ခမ်းသားလေးမှာ တစ်ညလုံး သုတ်လိမ်းထာပြီး မနက်မှ ရေပြန်ဆေးချလိုက်ပါ။ သင့်နှုတ်ခမ်းတစ်စုံ တစ်ဖန်ပြန်လည် တောက်ပလာပါလိမ့်မယ်။

စတော်ဘယ်ရီသီး သလဲသီး ။ ။

ဒီလို အနီရောင် ရောင်ခြယ် ပစ္စည်းတွေပါတဲ့ စတော်ဘယ်ရီသီးတို့၊ သလဲသီးတို့ဟာ သင့်နှုတ်ခမ်းသား အရောင်ညစ်နေမှုကို လျှော့ချပေးပြီး နီရဲရွှန်းစိုလာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အသီးတွေပါ။

သူတို့မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့်လည်း သင့်နှုတ်ခမ်းသားဆဲလ်တွေ တစ်ဖန်ပြန်ပြီး အသက်ဝင်လာဦးမှာပါ။ စတော်ဘယ်ရီနဲ့ သလဲသီးကို အနေတော်ရုံ ဆတူ ကြိတ်ချေပြီး ရလာတဲ့ အနှစ်ကို နှုတ်ခမ်းပေါ် မိနစ် ၂၀ခန့် သုတ်လိမ်းပေးပြီး ရေပြန်ဆေးချပါ။ ပြီးရင် နှုတ်ခမ်းအစိုထိန်း အဆီလေးတစ်ခုလောက် လိမ်းထားပါ။ ။

ဒါတွေကတော့ ဆေးလိပ်ကြောင့် မည်းနေတဲ့ သင့်နှုတ်ခမ်းသားလေးတွေ ပြန်လည် ရွှန်းစို တောက်ပလာစေဖို့ အတွက် လုပ်လို့ရတဲ့ သဘာဝ နည်းတွေ ပဲ ဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက ဆေးလိပ်ကြောင့် ဒီလို နောက်ဆက်တွဲ အရာတွေ ဖြစ်လာတာဆိုတော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေပဲဖြစ်စေတဲ့ ဆေးလိပ်ကို ဖြတ်လိုက်တာ အကောင်းဆုံးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://darklipstips.com/how-to-lighten-dark-lips-from-smoking.html

Accessed Date 21.3.2019

https://healthyliving.azcentral.com/how-can-i-get-rid-of-black-lips-from-smoking-12293596.html

Accessed Date 21.3.2019

https://www.leaf.tv/articles/how-to-avoid-darkening-of-the-lips-while-smoking/

Accessed Date 21.3.2019

ယခုပုံစံ

28/04/2024

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးလိပ်ဖြတ်ရာမှာ သင့်ကို ကူညီပေးနိုင်မယ့် ပစ္စည်းများ

အပေါင်းအသင်းတွေကြောင့် ဆေးလိပ်သောက်နေမိပြီလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement