ပထမဆုံးအနေနဲ့သိထားရမယ့်အချက်တစ်ချက်က နီကိုတင်းအစားထိုးကုထုံးဟာ လူအပေါ်မှာသာမူတည်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ လူတွေအနေနဲ့ သူတို့ကြိုက်နှစ်သက်တဲ့နည်းလမ်းတစ်မျိုးကို aရွးချယ်လို့ရပါတယ်။ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့အတွက် သည်နည်းလမ်းတွေနဲ့ပတ်သက်တဲ့ အချက်တွေကိုပိုမိုသိနားလည်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။
နီကိုတင်း ပီကေ၊ ငုံဆေးပြားနဲ့ ရှုဘူးတွေမှာ နီကိုတင်းပါဝင်တာကြောင့် နီကိုတင်းစွဲလမ်းမှုကို ထိန်းသိမ်းဖို့အတွက် နေ့စဉ်ခန္ဓါကိုယ်က လိုအပ်တဲ့နီကိုတင်းပမာဏကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နီကိုတင်းသုံးစွဲမှု ပမာဏတဖြည်းဖြည်းကျဆင်းသွားမှာဖြစ်ပါတယ်။
နှာခေါင်းအတွင်းကိုဖျန်း တဲ့ နီကိုတင်းဖျန်းဆေးက နီကိုတင်းတောင့်တစိတ်ကို ချက်ချင်းအစားထိုး အာနိသင်ပေးနိုင်ပါတယ်။
နီကိုတင်းရှူဘူးက အခြေခံအားဖြင့် အငွေ့ဆိုပေမယ့်လည်း ဆေးရွက်ကြီးမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေမပါဝင်သလို ဆေးလိပ်ငွေ့လည်းမဟုတ်ပါဘူး။ အငွေ့ဆိုပေမယ့်လည်း စီးကရက်ငွေ့တော့မဟုတ်ပါဘူး။
နီကိုတင်းဆေးပြားတွေကလည်း ၁၆ နာရီကနေ ၂၄ နာရီအထိခန္ဓါကိုယ်ထဲမှာနီကိုတင်းဓါတ်ကိုထိန်းပေးထား တာကြောင့် သည်နည်းလမ်းဟာ နာရီအနည်းငယ်ကြာတိုင်း တစ်ခါပြန်လည်လုပ်ဆောင်နေရတဲ့ အခြားနီကိုတင်းအစားထိုးကုထုံးတွေအတွက် အချိန်မပေးနိုင်သူတွေမှာ ပိုအဆင်ပြေပါတယ်။
တကယ်လို့သင့်အနေ နီကိုတင်းရှုဘူးနဲ့ နှာခေါင်းတွင်းဖျန်းစပရေးကိုအသုံးပြုမယ်ဆိုရင်တော့ ဆရာဝန်ရဲ့ထောက်ခံ အတည်ပြုချက်လိုအပ်မှာဖြစ်ပါတယ်။
နီကိုတင်းဆေးပြားတွေ၊ရှုဘူးတွေနဲ့နှာခေါင်းတွင်းဖျန်းတဲ့စပရေးတွေက အချို့လူတွေမှာဓါတ်မတည့်မှုတွေဖြစ်စေပါတယ်။
ဒါ့အပြင်ကို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နှလုံးရောဂါရှိသူတွေအနေနဲ့ နီကိုတင်းအစားထိုးကုထုံးခံယူမယ်ဆိုပါက ဆိုးကျိုးများရှိသောကြောင့် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဆရာဝန် လမ်းညွှန်မှုအတိုင်း လိုက်နာလုပ်ဆောင်တာက အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ နီကိုတင်းအစားထိုးကုထုံးကို ဆက်လက်အသုံးပြုသင့်ရဲ့လား ဒါမှမဟုတ် သင့်တော်အဆင်ပြေမှုရှိရဲ့လားဆိုတာကိုလည်း စဉ်းစားသင့်ပါ တယ်။ နီကိုတင်းဖြတ်တဲ့အခါ စိတ်ဖိစီးတဲ့လက္ခဏာတွေ aတွ့ကြုံရနိုင်တာကြောင့် နီကိုတင်းစွဲလမ်းမှုကိုတိုက်ဖျက်နိုင်မယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းကို ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။